လူတိုင်းက ကြွယ်ဝချမ်းသာချင်ကြတဲ့သူတွေချည်းပါပဲ။ ကိုယ့်လက်ထဲမှာ ပိုက်ဆံ နည်းနည်းရှိရင် ပိုများလာအောင် ကြိုးစားချင်ကြတယ်။ ပိုက်ဆံများများ ဝင်လာအောင် ဒီ့ထက်ပိုများလာအောင် ကြံဆောင်ကြပါတယ်။
သင့်အနေနဲ့ သန်းကြွယ်သူဌေးတွေ ဘယ်လိုပိုက်ဆံစုဆောင်းကြသလဲဆိုတာကို လေ့လာပြီး သူတို့ကျင့်သုံးတဲ့နည်းလမ်းအတိုင်း သင် ပြန်လည်အသုံးချနိုင်ပါတယ်။ အခုဆက်လက်ဖော်ပြပေးမှာကတော့ ကြွယ်ဝချမ်းသာသောသူတွေရဲ့ ပိုက်ဆံစုဆောင်းပုံစုဆောင်းနည်းတွေပဲဖြစ်ပါတယ်။
အသေးအဖွဲအသုံးစရိတ်ကို ဂရုစိုက်ပါ
အသေးအဖွဲအသုံးစရိတ်တွေကိုလည်း သေချာထည့်တွက်သင့်ပါတယ်။ သင့်အနေနဲ့ ပိုက်ဆံများများ မသုံးပါဘူးဆိုပြီး နေနေပေမယ့် ထိုအသေးအဖွဲအသုံးစရိတ်တွေကို စုဆောင်းလိုက်တဲ့အခါ ပိုက်ဆံအမောင့်များသွားပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့အသုံးစရိတ်ကို သေချာစီစစ်ထားဖို့လိုပါမယ်။
အနာဂတ်အတွက် ထည့်တွက်ပါ
လက်ရှိအချိန် စိတ်ကျေနပ်ဖို့အတွက် ပိုက်ဆံသုံးလိုက်တဲ့အခါ အနာဂတ်မှာ သင် ဘယ်ပိုက်ဆံကို သုံးဒစွဲမလဲဆိုတာ ထည့်တွက်သင့်ပါတယ်။ “ငယ်ရွယ်နုပျိုချိန်မှာ ပိုက်ဆံမရှိဘဲ အသက်ရှင်နိုင်ပေမယ့် အသက်အရွယ်ရလာတဲ့အခါ ပိုက်ဆံမရှိဘဲ သင် နေနိုင်မှာမဟုတ်ဘူး” လို့ Tennessee Williams က ပြောကြားထားပါတယ်။
မလိုအပ်တဲ့အရာများကို လူအထင်ကြီး ခံချင်စိတ်တစ်ခုတည်းနဲ့ မဝယ်ပါနဲ့
ကျွန်တော်တို့ရဲ့သူငယ်ချင်း မိတ်ဆွေများထံမှ ချီးကျူးစကားများ၊ အားကျစိတ်များကို လိုချင်တပ်မက်စိတ်တစ်ခုတည်းနဲ့ သင့်ပိုက်ဆံများကို မဖြုန်းလိုက်ပါနဲ့။ “သင် မနှစ်မြို့တွေလူတွေထံမှ အထင်ကြီးခံချင်လိုစိတ်တစ်ခုတည်းနဲ့ မလိုအပ်တဲ့ အရာများကို မဝယ်ပါနဲ့” လို့ Suze Orman က အကြံပြုထားပါတယ်။
ဝင်ငွေများထဲမှ ပမာဏများများသာစုဆောင်းပါ
မိမိရဲ့ဝင်ငွေအားလုံးကို သုံးပစ်လိုက်မယ်ဆိုရင် သင့်လက်ထဲမှာ စုဆောင်းဝင် တစ်ပြားတစ်ချပ်မှ ရှိမှာမဟုတ်တော့ပါဘူး။ “သင့် ဝင်ငွေရဲ့ သုံးပုံတစ်ပုံကို စုဆောင်းပါ။ သုံးပုံတစ်တပုံကိုသာ သုံးစွဲရမှာဖြစ်ပြီး ကျန်သုံးပုံတစ်ပုံကိုတော့ လိုအပ်နေသူများထံ ပေးကမ်းရပါမယ်” လို့ Angelina Jolie က အကြံပြုထားပါသေးတယ်။
သန်းကြွယ်သူဌေးရဲ့ဖော်မြူလာကို အသုံးချပါ
ကမ္ဘာကျော်သန်းကြွယ်သူဌေးကြီး Warren Buffet က “ကိုယ် သုံးပြီးမှ ကျန်တဲ့ ပိုက်ဆံကို မစုဘဲနဲ့ ကိုယ် စုပြီးမှ ကျန်တဲ့ပိုက်ဆံကို သုံးစွဲရမယ်” လို့ ပြောကြားထားပါတယ်။
ဒီအချက်လေးတွေက ပိုက်ဆံဘယ်လိုစုဆောင်းရမလဲဆိုပြီး အကြံအိုက်နေတဲ့ ယောကျာ်းများအတွက် လက်တွေ့ဘဝမှာ ကျင့်သုံးနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။
Source: Lifehack.org
Featured Image Source: crello