လပုံသဏ္ဍာန် တက်တူးများသည် အဓိပ္ပာယ်အမျိုးမျိုးရှိကြပါတယ်။ များသောအားဖြင့် နတ်ဘုရားများ၊ ယုံကြည်မှုများ၊ ကြီးမြတ်ခြင်း၊ နတ်သမီး၊ နတ်သားများနှင့် ပတ်သက်ဆက်နွယ်နေတတ်ပါတယ်။ လခြမ်းပုံတက်တူး၊ လပြည့်ပုံတက်တူးပေါ် မူတည်ပြီးလည်း အဓိပ္ပာယ်အမျိုးမျိုး ခွဲခြားနိုင်ပါသေးတယ်။
သင် ရွေးချယ်ကာ ရေးထိုးလိုက်တဲ့ တက်တူးပေါ်မူတည်ပြီး အဓိပ္ပာယ်လည်း အမျိုးမျိုးပြောင်းသွားတာကြောင့် မထိုးခင်ကတည်းက သေချာရွေးချယ်ဖို့လိုပါလိမ့်မယ်။
လပြည့်သွားပုံနှင့် လဆုတ်သွားပုံအဆင့်ဆင့်
ဒီတက်တူးကတော့ ဘဝသံသရာစက်ဝန်းကို ရည်ညွှန်းခြင်း၊ သေဆုံးခြင်း၊ ပြန်လည်မွေးဖွားခြင်းတို့ကို ကိုယ်စားပြုပါတယ်။
ဒီလိုခန္ဓာကိုယ် တစ်ခြမ်းတည်းမှာပဲ စုပြီး ထိုးထားလည်း ရပါတယ်
လနှင့် မြှားပုံတက်တူး
ဒီတက်တူးကတော့ တစ်နေရာကနေ တခြားတစ်နေရာသို့ ကူးပြောင်းသွားခြင်း၊ ဘဝသစ်တစ်ခုအစပြုခြင်း (သို့) လုပ်ငန်းခွင်အသစ်တစ်ခု ပြောင်းလဲသွားခြင်းတို့ကို ကိုယ်စားပြုပါတယ်။
လနှင့်နေ တက်တူး
ဆန့်ကျင်ဘက်အရာနှစ်ခု အတူတူပူးပေါင်းလုပ်ဆောင်ခြင်းကို ပြသနေတဲ့တက်တူးတစ်ခုပါ။ ဥပမာ နေနဲ့လသည် နေ့နဲ့ညအဖြစ် တစ်ရက်တာပြည့်အောင် အတူတကွလုပ်ဆောင်ကြခြင်းကို ရည်ညွှန်းပါတယ်။
လခြမ်းပုံရိုးရာတက်တူး
ဒီတက်တူးကတော့ မိခင်လောကကြီးရဲ့သဘာဝအလှအပကို ကိုယ်စားပြုပါတယ်။
အာကာသနှင့် လခြမ်းပုံတက်တူး
ဒီတက်တူးကတော့ ရောင်စုံတက်တူးရေးထိုးချင်သူများအတွက် သင့်တော်ပါတယ်။
တက်တူးအသေးစား
ဒီတက်တူးကတော့ အခုမှ တက်တူးစထိုးမယ့်သူတွေအတွက် အစပြုနိုင်မယ့် တက်တူးတစ်ခုပါ။
ငှက်နှင့် လခြမ်းပုံတက်တူး
လွတ်လပ်စွာ ပျံသန်းလိုခြင်းကို ကိုယ်စားပြုတဲ့တက်တူးဖြစ်တာကြောင့် လွတ်လပ်မှုကို မြတ်နိုးသူများအတွက် ထိုးသင့်တဲ့တက်တူးတစ်ခုပါ။
Source: Nextluxury.com