ဘယ်လို အဝတ်အစားပဲ ဝယ်ဝယ် လိုက်ဖက်အောင် ဝတ်တတ်မှ စတိုင်ကျတာပါ။ တစ်ခါတစ်လေ စတိုင်ကျခြင်းဆိုတာ အဝတ်အစားနဲ့ မဆိုင်ပါဘူး။ ဝတ်ဆင်ရာမှာ တစ်ချို့ သဘောတရားလေးတွေ လိုက်နာရုံနဲ့ အဆင်ပြေပါတယ်။
ရှပ်ကော်လာဟာ ကိုယ့်မျက်နှာပုံကျမှုကို အားဖြည့်ပေးသင့်ပါတယ်။ ကိုယ့်မျက်နှာက ဝိုင်းတယ်ဆိုရင် Point Collar လို့ခေါ်တဲ့ အပေါ်ဆုံး ကြယ်သီးတပ်ချိန်မှာ ကော်လာနှစ်ဖက် အနားစွန်းတွေအကြား နေရာကျဉ်းတဲ့ ဒီဇိုင်း ရွေးသင့်ပြီး မျက်နှာ သွယ်ရှည်တယ်ဆိုရင် Spread Collar ပြန့်မျိုး ဝတ်သင့်ပါတယ်။
Photo: Fashion Beans
နက်ခ်တိုင်တပ်ရာမှာလည်း နက်ခ်တိုင်အဆုံးဟာ ခါးပတ်ကို ထိနေသင့်ပြီး ခါးပတ်ကလည်း ဆီးခုံရဲ့ အပေါ် ဒါမှမဟုတ် တည့်တည့်နေရာမှာ ဖြစ်သင့်ပါတယ်။ အောက်ခံ ရှပ်တွေ ရွေးရာမှာ မီးခိုးရောင်တွေရွေးတာက အလင်းကို ဖမ်းယူထားပြီး ပိုပြီး Polish ဖြစ်တဲ့ ဟန်ပေါက်စေပါတယ်။ အပေါ်က ကြယ်သီးဖြုတ်ထားတဲ့ ရှပ်ဝတ်ရင် အောက်ခံရှပ်က V- Shape ဖြစ်ပါစေ။
ခြေအိတ် Socks တွေဟာ ဘောင်းဘီ Pants နဲ့ပဲ Match ဖြစ်ဖို့ ဂရုစိုက်ပါ။ ဖိနပ်နဲ့ လိုက်ဖက်အောင် စဉ်းစားမနေပါနဲ့။ Shoes ဝယ်မယ်ဆိုရင် နေ့လည်နေ့ခင်း ၂ နာရီ ၃ နာရီလောက်မှ ထွက်ဝယ်ပါ။ အကြောင်းကတော့ နေ့လည်ခင်းဆိုရင် ခြေထောက်ဟာ သူ့ရဲ့ အကြီးဆုံး ဆိုဒ်ကို ရောက်လာတာ ဖြစ်ပြီး ဆိုဒ်အမှန်ကို အဲဒီအချိန်မှ သိနိုင်မှာ ဖြစ်ပါတယ်။
Photo: Modern Gentleman Magazine
နောက်တစ်ခုက နေကာမျက်မှန် တပ်တာ ကောင်းပေမယ့် မျက်မှန်မတပ်ထားတဲ့ သူနဲ့ စကားပြောမယ်ဆိုရင် ကိုယ့်ရဲ့မျက်မှန်ကို ချွတ်ထားပါ။ ဒါဟာ ယဉ်ကျေးတဲ့ အမူအယာဖြစ်သလို သိမ်မွေ့ပြီး လူကြီးလူကောင်းဆန်တဲ့ အလေ့အကျင့်လည်း ဖြစ်ပါတယ်။ နောက်ဆုံး အကြံပြုချင်တာက ဘယ်သူနဲ့ပဲ စကားပြောပြော ကိုယ့်ရဲ့ ကိုယ်ဟန်အမူအယာနဲ့ စကားသံကို တည်ငြိမ်အေးချမ်းပြီး ဆွဲဆောင်မှုရှိအောင် ထိန်းထားဖို့ပါပဲ။