တစ်နေ့တာ ကြည်လင်တဲ့စိတ်နဲ့ နေနိုင်ဖို့ မနက်ပိုင်း စိတ်အခြေအနေဟာ သိပ်ကို အရေးကြီးပါတယ်။ ဒါကြောင့် မနက်ခင်းအလေ့အထတွေကို အခုလို ပြုပြင်ထားသင့်ပါတယ်။

(၁) စာအုပ်ကောင်းတစ်အုပ်ဖတ်ပါ

Photo: Freepik

မနက်ပိုင်းမှာ စာအုပ်တစ်အုပ် ၊ သတင်းစာတစ်‌စောင်ဖတ်ဖို့ အချိန်ပေးကြည့်ပါ။ တစ်နေ့တာအစ ဦးနှောက်လေ့ကျင့်ခန်း လုပ်ပြီး ဖြစ်သွားပါလိမ့်မယ်။

(၂) ကိုယ်လက်လှုပ်ရှားပါ

Photo: Freepik

အလုပ်မသွားခင် မနက်ပိုင်းကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ခံစားချက်နဲ့ အာရုံကြောတွေကို လန်းဆန်းတက်ကြွအောင် နှိုးဆွပေးနိုင်ပါတယ်။ ဦးနှောက်ထဲ သွေးစီးဆင်းမှုနဲ့ အောက်ဆီဂျင်လည်ပတ်မှုမြင့်စေတာကြောင့် နိုးကြားမှုလည်း မြင့်မားလာပါလိမ့်မယ်။

(၃) တရားထိုင်ပါ

Photo: Freepik

မနက်ခင်း ဆိတ်ငြိမ်နေချိန်မှာ သတိကပ်ပြီး တရားရှုမှတ်ခြင်းဟာ စိတ်နဲ့ ကိုယ်ကို အကောင်းဆုံးပုံစံနဲ့ ထိန်းချုပ်နိုင်ဖို့ ကူညီပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ အဆင့်မြင့်ချင်သူတွေဟာ တရားမှတ်တဲ့အလုပ်ကို ပစ်ထားလို့မရပါဘူး။

(၄) ဂန္ဓဝင်တေးသွားတွေ နားထောင်ပါ

Photo: Freepik

စိတ်ကြည်လင်ပြီး စုစည်းမှုမြင့်မားချင်တယ်ဆိုရင် မိုးဇတ်နဲ့ ဘီသိုဗင်တို့လို ဂန္ဓဝင်တေးသွားတွေကို ဖွင့်ပေးထားပြီး မနက်ခင်းလုပ်စရာရှိတာတွေ လုပ်နေလိုက်ပါ။ စိတ်လည်း သက်တောင့်သက်သာဖြစ်သလို သိမှတ်မှုစွမ်းအားလည်း တက်လာမှာ ဖြစ်ပါတယ်။