တစ်နေ့တာကို စွမ်းအင်ပြည့်ဝစွာဖြတ်သန်းနိုင်ဖို့ မနက်ခင်းသောက်စရာတွေက များစွာအထောက်အပံ့ဖြစ်စေပါတယ်။ အများစုကတော့ လန်းဆန်းတက်ကြွဖို့ မနက်ခင်းသောက်စရာအဖြစ် ကော်ဖီကိုရွေးကြပါတယ်။ တကယ်တော့ ကော်ဖီထက်ပိုပြီး ကျန်းမာရေးနဲ့ ညီတဲ့ သောက်စရာလေးတွေ များစွာရှိပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ပါအုန်း။

(၁) သံပုရာလက်ဖက်ရည်

Source : Archana’s Kitchen

သံပုရာလက်ဖက်ရည် (Lemon tea) ဟာကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်ခင်းသောက်စရာတစ်ခုဖြစ်ပြီး ကိုယ်တွင်းအဆိပ်အတောက်တွေနဲ့ ကိုယ်အလေးချိန်လျော့ချခြင်းအပေါ် အကျိုးသက်ရောက်မှုရှိစေပါတယ်။ မနက်ခင်းမှာ သံပုရာလက်ဖက်ရည်သောက်ပေးတာက ဇီဝဖြစ်စဉ်ကိုမြှင့်တင်ပေးပြီး လန်းဆန်းတက်ကြွစေတဲ့အပြင် ကယ်လိုရီများများလောင်ကျွမ်းစေတာကြောင့် အဆီချသူတွေသောက်ပေးသင့်ပါတယ်။

(၂) အသီးဖျော်ရည်

Source : LifeSavvy

လက်ဆတ်တဲ့သဘာဝသစ်သီးဖျော်ရည်တွေဟာလည်း မနက်ခင်းမှာသောက်သုံးပေးသင့်တဲ့ သောက်စရာတစ်မျိုးပါပဲ။ သဘာဝသစ်သီးတွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးကိုများစွာအထောက်အကူပြုပါတယ်။ စိတ်နဲ့ခန္ဓာကိုယ်ကိုလည်း တက်ကြွလန်းဆန်းစေပြီး တစ်နေ့တာလုံး တက်ကြွရွှင်လန်းစေမယ့် သဘာဝခွန်အားဖြည့်သောက်စရာတွေပဲဖြစ်ပါတယ်။ ဒါကြောင့်မနက်ခင်းမှာ မုန်လာဥနီ ၊ ပန်းသီး ၊ ငှက်ပျောသီး ၊ သခွားသီး ၊ စတော်ဘယ်ရီသီး စတဲ့ဖျော်ရည်တွေသောက်ပေးပါ။

(၃) ရေ

Source : The Times of Israel

ဆုံးရှုံးသွားတဲ့ ခန္ဓာကိုယ်ရေဓာတ်များကကို မနက်ခင်းမှာရေတစ်ခွက်သောက်ပေးခြင်းဖြင့် ပြန်လည်ဖြည့်တင်းဖို့လိုပါတယ်။ ရေက ခန္ဓာကိုယ်တွင်းနဲ့အူလမ်းကြောင်းတစ်လျောက်က အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကိုသန့်စင်ပေးပြီး ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို ပိုကောင်းစေပါတယ်။ ဒါ့အပြင် ရေဓာတ်က ခန္ဓာကိုယ်အတွက် စွမ်းအင်ကိုလည်း မြင့်တင်ပေးတာကြောင့် တစ်နေ့တာကို လန်းဆန်းစွာ အစပြုနိုင်မှာပါ။

(၄) ပန်းသီးရှာလကာရည်

Source : Holland & Barrett

ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်ခင်းသောက်စရာဖျော်ရည်တစ်မျိုးကတော့ ပန်းသီးရှာလကာရည်ပဲဖြစ်ပါတယ်။ ပန်းသီးရှာလကာရည် ၂ ဇွန်းကို ရေ ၈ အောင်စခန့်ရောပြီးသောက်ပေးပါ။ ပန်းသီးရှာလကာရည်က အစာခြေစနစ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။