ကျွန်တော်တို့ ယောကျာ်းလေးတွေအတွက် အသားရေထိခိုက်ပျက်စီးစေတဲ့အရာတွေ အများကြီးရှိပါတယ်။ ပုံမှန်အားဖြင့် အသားရေထိန်းသိမ်းမှု အားနည်းခြင်းကစလို့ ဖုန်နဲ့အညစ်တွေ ၊ အစားအသောက်တွေနဲ့ ကိုယ်တိုင်တောင် မသိလိုက်မိပဲ လုပ်မိတဲ့နေ့စဉ်လေ့အထ အမှားအချို့ကနေလည်း အသားရေပျက်စီးမှုတွေဖြစ်စေတာဖြစ်ပါတယ်။ ဒီလိုနေ့စဉ်အလေ့အထအမှားတွေထဲကမှ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့အသားအရေကိုပျက်စီးစေနိုင်တဲ့ မနက်ခင်းအလေ့အထတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) မနက်စာအတွက် နေ့တိုင်း oatmeal စားခြင်း

Photo : Times of India

ဒီအချက်က ဟုတ်ရဲ့လားလို့ တွေးနေကြမယ် ထင်ပါတယ်။ ဘာလို့ဆို oatmeal တစ်ပန်းကန်က ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ မနက်စာအဖြစ် လူသိများလို့ပါ။ တကယ်တော့ မနက်ခင်းမှာ oatmeal တစ်မျိုးတည်းကိုပဲ နေ့စဉ်ရက်တိုင်းစားနေမယ်ဆိုရင် သင့်ခန္ဓာကိုယ်က တခြားလိုအပ်တဲ့ အာဟာရတွေကို ဆုံးရှုံးလာစေပြီး အာဟာရချို့တဲ့မှုကို ဖြစ်စေနိုင်တဲ့အပြင် အသားရေကို ခြောက်သွေ့ခြင်း အသားရေမညီညာခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

(၂) ရေပူချိုးခြင်း


Photo : Start Magazine

မနက်ခင်းနိုးထချိန်မှာ ရေချိုးလိုက်တာက တစ်နေ့တာကို လန်းဆန်းတက်ကြွစွာစတင်ဖို့ အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါပေမယ့် သတိထားရမှာတစ်ခုက ရာသီဥတုအေးတဲ့ မနက်ခင်းတွေမှာ ရေလဲချိုးချင်တယ် အေးမှာလည်းကြောက်တယ်ဆိုသူ အများစုက ရေပူနဲ့ ရေချိုးကြတာပါပဲ။ တကယ်တော့ ရေပူက အရေပြားပေါ်မှာရှိတဲ့ သဘာဝအဆီတွေကို ခမ်းခြောက်စေပြီး အရေပြား အပေါ်ယံအလွှာကို ပျက်စီးစေတဲ့အတွက် အိုမင်းရင့်ရော်မှုကို မြန်ဆန်စေတဲ့အပြင် ရေနွေးအပူကြောင့် မျက်နှာပေါ်မှာရှိတဲ့ သွေးကြောမျှင်လေးတွေကိုလည်း ထိခိုက်စေမှာပဲ ဖြစ်ပါတယ်။

(၃) အစားမစားပဲ ကော်ဖီသောက်ခြင်း

Photo : Business Insider

ကော်ဖီကြိုက်သူတွေအနေနဲ့ မနက်ခင်းမှာ ကော်ဖီပူပူတစ်ခွက်မသောက်ရရင် မပြည့်စုံဘူးလို့ ခံစားကြရတယ် မဟုတ်လား။ ဒါပေမယ့် အရေးကြီးတာတစ်ခုက မနက်စာ ဘာမှမစားရသေးဘဲ ကော်ဖီအရင်မသောက်ဖို့ပါပဲ။ အစာမရှိတဲ့အချိန် ကော်ဖီသောက်မယ်ဆိုရင် ရေဓာတ်ခမ်းခြောက်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။ အဲ့ဒီကနေ သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေင အရေပြားပေါ်ကတဆင့် ထွက်လာဖို့ ပိုခက်ခဲသွားစေပြီး အရွယ်မတိုင်ခင် အရေးအကြောင်းများ ပိုမိုဖြစ်ပေါ်လာစေနိုင်ပါတယ်။

(၄) မှားယွင်းတဲ့မျက်နှာသစ်ဆေးသုံးခြင်း

Photo : Otis Skincare

မနက်အိပ်ရာနိုးချိန်မှာ များသောအားဖြင့် မျက်နှာက အဆီပြန်နေတာမျိုး မြင်တွေ့ရပါတယ်။ ဒါကဘာလို့ဖြစ်တာလဲဆိုရင် ညအိပ်နေစဉ်မှာ ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်ကိုကာကွယ်တဲ့အနေနဲ့ sebum တွေပိုမိုထုတ်လွတ်တာကြောင့် အိပ်ရာနိုးလာချိန်မှာ အဆီပြန်တဲ့မျက်နှာကို မြင်တွေ့ရတာပါ။ တချို့က ဒါကိုမှားယွင်းပြီး အပြင်းစားဖော်မြူလာတွေနဲ့ ထုတ်ထားတဲ့ မျက်နှာသန့်စင်ဆေးတွေသုံးပြီး အဆီပြန်ခြင်းကို ရပ်တန့်ဖို့ ကြိုးစားကြပါတယ်။ တကယ်တော့ ကိုယ့်မျက်နှာအသားရေနဲ့ကိုက်ညီတဲ့ ပုံမှန်မျက်နှာသန့်စင်ဆေးကို အသုံးပြုပြီးကြက်သီးနွေးရေနဲ့ မျက်နှာကို ဆေးကြောကာ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးတာက ပိုပြီးကောင်းပါတယ်။

Featured Photo : Business Insider