သင့်ရဲ့ခန္ဓာကိုယ်အလေးချိန်ကို ဘယ်အထိ ချဖို့ ဆုံးဖြတ်ထားပါသလဲ။ တခါတရံမှာ ဝိတ်ချခြင်းက ခက်ခဲသယောင်ရှိပေမယ့် အခုဖော်ပြပေးမယ့် လျှို့ဝှက်ချက်လေးတွေကို သိထားရင်တော့ မခက်ခဲတော့ပါဘူး။

သင် မနက်ခင်း နိုးထလာပြီဆိုတာနဲ့ အခုဖော်ပြပေးမယ့် အလေ့အကျင့်ကောင်းလေးများကို ပြုလုပ်ပေးမယ်ဆိုရင်တော့ သင့်ရဲ့ခန္ဓာကိုယ်အလေးချိန်က သိသိသာသာကျသွားပါလိမ့်မယ်။

ပရိုတင်းဓာတ် မြင့်မားစွာပါဝင်သော အစားအစာများကို မနက်စာအဖြစ် စားသုံးပါ

morning habits for men

မနက်စာသည် တစ်နေ့လုံးအတွက်အရေးကြီးဆုံး အစားအစာတစ်ခုပါ။ သင် မနက်ခင်းမှာ စားသုံးလိုက်တဲ့အစားအစာက သင့်ရဲ့တစ်နေ့တာအတွက် အကျိုးပြုစေပါတယ်။ မနက်ခင်းမှာ ပရိုတင်းဓာတ်များများပါတဲ့အစားအစာများ စားသုံးပေးပါက အချိန်အကြာကြီး ဗိုက်ပြည့်စေနေမှာပါ။

ရေများများသောက်ပါ

morning habits for men

မနက်ခင်း နိုးထလာတဲ့အခါ ရေ တစ်ဖန်ခွက် (သို့) နှစ်ဖန်ခွက်ခန့် အဝသောက်လိုက်ပါ။ ဒီလိုရေများများသောက်သုံးခြင်းသည် အစား အလွန်အကျွံ စားချင်စိတ်ကို ထိန်းချုပ်ပေးပြီး တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝအောင် ကူညီပေးပါတယ်။

မိမိကိုယ်အလေးချိန်ကို ချိန်ကြည့်ပါ

morning habits for men

မနက်မိုးလင်းတာနဲ့ ပေါင်ချိန်စက်ပေါ်မှာ ပေါင်ချိန်ကြည့်ပါက ဝိတ်ချဖို့အတွက် Motivation ပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ မနက်မိုးလင်းတိုင်း ကိုယ်အလေးချိန် ချိန်ကြည့်သူများသည် နှစ်နှစ်အတွင်း ပေါင်ချိန် ၉.၇ ပေါင်ခန့် လျော့ကျတယ်လို့ သိရှိရပါတယ်။

နေရောင်ခြည်နှင့် ထိတွေ့ပါ

morning habits for men

နေရောင်ခြည်နှင့် ထိတွေ့ခြင်းသည် သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဒီဓာတ်များကို လုံလောက်စွာရရှိအောင် ကူညီပေးပါတယ်။ ထိုဗီတာမင်ဓာတ်က သင့်ရဲ့ကိုယ်အလေးချိန်လျော့ချဖို့ရန်အတွက် ကူညီပေးနိုင်တယ်လို့ အချို့သော လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။

လေ့ကျင့်ခန်း ပြုလုပ်ပါ

morning habits for men

မနက်ခင်း နိုးထလာတဲ့အခါ တစ်နေ့လျှင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းသည် ဝိတ်ကျဖို့ရန်အတွက် ကူညီပေးပါတယ်။ ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်ကို လျော့ချပေးတဲ့အတွက်ကြောင့် ခဏခဏ ဗိုက်ဆာတဲ့ဒဏ်ကိုလည်း ကာကွယ်ပေးပါတယ်။

နေ့လည်စာ ထည့်သွားပါ

morning habits for men

ရုံးတက်ရုံးဆင်း လုပ်နေရတဲ့ အမျိုးသားများအနေနဲ့ အပြင်စာ မစားဘဲ အိမ်က ပြင်ဆင်သွားတဲ့ ထမင်းဘူးပဲ ယူသွားလိုက်ပါ။ မိမိအိမ်မှာ ပြင်ဆင်ထားတဲ့ ထမင်းက ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး အဆီပိုများ တက်မလာအောင်လည်း ကူညီပေးပါတယ်။

Source: Healthline.com