မိမိရဲ့တစ်နေ့တာကို လန်းဆန်းတက်ကြွမှုအပြည့်နဲ့ ဖြတ်သန်းချင်ကြလား။ တစ်နေ့လုံးလန်းဆန်းမှုမရှိပင်ပန်းနွမ်းနယ်သလိုခံစားနေရရင် အလုပ်ခွင်မှာလည်းအဆင်မပြေမှုတွေနဲ့ကြုံတွေ့ရနိုင်သလိုကိုယ့်ရဲ့စွမ်းဆောင်ရည်တွေဟာလည်းတဖြေးဖြေးကျဆင်းလာနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့တာလုံးလန်းဆန်းနေစေဖို့ အိပ်ရာနိုးပြီးနာရီဝင်အတွင်း ပြုလုပ်သင့်တဲ့ အလေ့အကျင့်ကောင်းများကိုပြောပြချင်ပါတယ်။
တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေဖို့ဆိုရင်နေ့တစ်နေ့ရဲ့အစပျိုးမှုကောင်းဖို့အများကြီးလိုအပ်ပါတယ်။မနက်ခင်းမှာတင်စိတ်ရှုပ်စရာစိတ်ညစ်စရာကြုံတွေ့ရပြီဆိုရင်အဲ့ဒီနေ့တစ်နေ့ လုံးကောင်းကောင်းဖြတ်သန်းနိုင်ဖို့ဆိုတာမလွယ်ကူတော့ပါဘူး။ဒါကြောင့်မနက်အိပ်ရာနိုးတာနဲ့ သင့်ရဲ့စိတ်ကိုကြည်လင်နေစေဖို့မကောင်းတဲ့အရာတွေ အမှိုက်တွေကိုအတက်နိုင်ဆုံးရှင်းထုတ်ထားဖို့လိုပါတယ်။

အငိုနဲ့စတင်ပြီးအငိုနဲ့အဆုံးသတ်ရတဲ့လူ့ဘဝအချိန်ခဏလေးအတွင်းမှာ အပြုံးနဲ့ ဖြတ်သန်းတာအကောင်းဆုံးပါ။အိပ်ရာနိုးပြီး မျက်နှာသစ်သွားတိုက်နေစဉ်ရေချိုးခန်းထဲကမှန်မှာဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုကြည့်ပီးပြုံးပြပါ။ အိမ်သားတွေ ပတ်ဝန်းကျင်ကလူတွေကိုလည်း အပြုံးနဲ့နှုတ်ဆက်ပါ။ အပြုံးဟာပျော်ရွှင်ခြင်းရဲ့သင်္ကေတတစ်ခုဖြစ်ပြီး ကိုယ်ရဲ့တစ်နေ့မှာပျော်ရွှင်လန်းဆန်းနေစေဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။
အိပ်ရာနိုးပြီးအချိန်အတွင်းမှာ လူတိုင်းလုပ်ဆောင်သင့်တဲ့အရာတစ်ခုက ရေတစ်ဖန်ခွက်သောက်သုံးတဲ့အလေ့အကျင့်ပါပဲ။မနက်ခင်းရေသောက်ခြင်းဟာရောဂါဘယကင်းဝေးစေတဲ့အပြင် ကင်ဆာရောဂါလိုကြီးကြီးမားမားရောဂါတွေဖြစ်နိုင်မှုကိုလည်းပါကာကွယ်ပေးပါတယ်။ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ အူနဲ့ အစာအိမ်လမ်းကြောင်းကိုလည်းသန့်စင်စေပြီးအဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးတာကြောင့် ဝမ်းမှန်စေကာအပူအပုတ်ကင်းစင်စေမှာဖြစ်ပါတယ်။

Source : Freepik
မနက်ခင်းကိုယ်လက်လေ့ကျင်းခန်းလုပ်ပေးချင်းက တစ်နေ့တာလုံးလန်းဆန်းတက်ကြွစေတဲ့အပြင် အသက်ရှည်ကျန်းမာစေတာကြောင့် လူတိုင်းလုပ်ဆောင်သင့်တဲ့အလေ့အကျင့်ကောင်းတစ်ခုပါ။မနက်ခင်းက Energy အပြည့်နဲ့တက်ကြွနေတဲ့အချိန်ဖြစ်တာကြောင့် Gym ကစားခြင်း အားကစားပြုလုပ်ခြင်းက ခန္ဓာကိုယ်အတွက်ပိုပြီးထိရောက်မှုရှိစေပါတယ်။Gym သွားဖို့အချိန်မပေးနိုင်ရင်တောင် မနက်စောစောလမ်းလျောက်ချင်း၊ စက်ဘီးနင်းချင်း၊ ယောဂကျင့်ခြင်း စသည်ဖြင့်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း တစ်ခုခုပုံမှန်လုပ်ပေးသင့်ပါတယ် ။
လူတစ်ယောက်ဟာ အိပ်ရာနိုးပြီးနာရီဝက်အတွင်း သန့်ရှင်းလတ်ဆတ်ပြီးအဟာရပြည့်ဝတဲ့မနက်စာတစ်ခွက်စားသုံးပေးသင့်ပါတယ်။မနက်စာစားချင်းဟာသင့်ကိုဉာဏ်ရည်ထက်မြက်စေတဲ့အပြင် တစ်နေ့တာလုံးခွန်အားပြည့်ဝနေစေမှာဖြစ်ပါတယ်။စက်အင်ဂျင်တစ်လုံးကောင်းကောင်းလည်ပတ်ဖို့ အင်ဂျင်ဝိုင်ကောင်းကောင်းလိုအပ်သလို တစ်နေ့တာလုံးစွမ်းအင်အပြည့်နဲ့ သွားလာလှုပ်ရှားနိုင်ဖို့ မနက်စာကောင်းကောင်းစားသုံးပေးဖို့လိုအပ်ပါတယ်။
