အကျင့်ဆိုတာ ဖျောက်ရခက်ပါတယ်။ အထူးသဖြင့်မနက်ခင်းတွေမှာ အချိန်သိပ်မရတာကြောင့် အကျင့်ဆိုးတွေ ရတတ်ကြပါတယ်။ မနက်ခင်း ကော်ဖီတစ်ခွက်လောက်သောက်လိုက်ရမှ နွားနို့တစ်ခွက်လောက်သောက်လိုက်ရမှ ကျေနပ်ကြတဲ့သူမျိုးတွေ ရှိပါတယ်။ ဒါက မနက်ခင်းကို အစပြုဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်သေးပါဘူး။

Kwee ကနေပြီးတော့ ပရိသတ်တွေအတွက် တကယ်ကို အကျိုးယုတ်စေတဲ့ မနက်ခင်းမှာလူတော်တော်များများ ပြုမူတတ်ကြတဲ့ အကျင့်ဆိုးလေးတွေအကြောင်းပြောပြပေးသွားမှာပါ။

မနက်ခင်းရေမချိုးတာ

Source; Daily Express

ဟားဗက်က ဆရာဝန်တွေရဲ့ပြောဆိုချက်အရ မနက်ခင်းရေးချိုးတဲ့အခါမှာ လန်းဆန်းတတ်ကြွစေပြီး ပြဿနာတွေကို လွယ်လွယ်ကူကူဖြေရှင်းဖို့ အထောက်အကူပြုကြောင်း ဆိုထားပါတယ်။ မနက်ခင်းရေချိုးခြင်းက ဦးနှောက်ကို လှုံ့ဆော်ပေးပြီး အကြံဉာဏ်အသစ်တွေ ရရှိစေပါတယ်။ ဒါကြောင့် မနက်ခင်းရေမချိုးတဲ့ အကျင့်ကို ဖျောက်ဖို့ လိုအပ်ပါတယ်။

ရေပူချိုးခြင်း

Source: Bright Side

ရေပူနဲ့ရေချိုးတာက အကြောအချင်တွေ ပြေစေပါတယ်။ မနက်ခင်း ရေပူနဲ့ချိုးမယ်ဆိုရင် အိပ်ရာပေါ်ပြန်သွားချင်တဲ့ စိတ်ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ရေအေးနဲ့ချိုးတာက ပိုကောင်းပါတယ်။ ရေအေးနဲ့မချိုးနိုင်ရင် ရေပူနဲ့အရင် ချိုးပြီး နောက်ဆုံးမှာ ရေးအေးနဲ့ ၁ မိနစ်လောက် ပြန်ချိုးပေးပါ။ ရေအေးနဲ့ ရေချိုးတာက တစ်နှစ်ကို ၉ ပေါင်ခန့် ကျစေပါတယ်။

ဖုန်းအကြာကြီးသုံးခြင်း

Source: Get Surrey

တစ်နေ့တာလုံးမှာ မနက်ခင်းက အရေးကြီးပါတယ်။ ဒါကြောင့် မနက်ခင်းနိုးတာနဲ့ ဖုန်းကိုင်ပြီး ဆိုရှယ်မီဒီယာပေါ်မှာအချိန်ဖြုန်းတာတွေ မလုပ်သင့်ပါဘူး။ အလုပ်နဲ့ ပက်သတ်တဲ့ အီးမေးလ်စစ်တာတွေကလည်း မလုပ်သင့်ပါဘူး။ ကိုယ်ကြိုက်တဲ့ သီချင်းကိုဖွင့် ကိုယ်ချစ်ခင်တဲ့သူတွေကို အချိန်ပေးပြီး အရသာရှိတဲ့ အစားအစာတွေကို ချက်ပြုက်စားသောက်တာက မနက်ခင်းကို ပိုမိုပြည့်စုံစေပါတယ်။

Black coffee သောက်ခြင်း

Source: Bright Side

မနက်နိုးနိုးခြင်း black coffee သောက်တာက cortisol ပါဝင်မှုနှုန်းကို မြင့်တတ်စေပြီး နှလုံးခုန်မြန်စေကာ စိုးရိမ်ပူပန်ခြင်းကို ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ black coffee သောက်ဖို့အကောင်းဆုံးအချိန်က အိပ်ရာထပြီး နောက် ၃ နာရီ သို့ ၄ နာရီ လို့ ဆိုထားပါတယ်။ မနက်ခင်း black coffee သောက်တာကို မဖျောက်နိုင်ဘူးဆိုရင်တော့ ခရင် ဒါမှမဟုတ် နို့ ဖြစ်ဖြစ် ထည့်ပြီးသောက်ပေးသင့်ပါတယ်