တစ်နေ့တာရဲ့အစ မနတ်ခင်းဟာ လူတိုင်းအတွက်အရေးပါလှပါတယ်။ မနတ်ခင်းပိုင်းမှာ စိတ်မကြည်မလင် ဖြစ်ခဲ့ရပြီဆိုရင် တစ်နေ့တာလုံး အလုပ်လုပ်ရတာ လူတွေနဲ့ပြောဆိုဆက်ဆံရတာ အဆင်မပြေနိူင်ပါဘူး။
ဒါကြောင့် ကောင်းမွန်တဲ့မနတ်ခင်းလေး ကိုပိုင်ဆိုင်နိူင်ကြစေဖို့ နည်းလမ်းလေးတွေကို kwee ကပြောပြပေးသွားမှာပါ။
ကော်ဖီထဲ ဆားထည့်သောက်ပါ
Source: Coffee ‘n Clothes
ကော်ဖီထဲ ဆားထည့်သောက်တာက အရသာပိုမိုထူခြားစေပါတယ်။ မနတ်ခင်းထလို့ မကြည်မလင်ဖြစ်နေတာကိုလည်း ဖယ်ရှားပေးနိူင်သလို နို့၊သကြားတွေလိုလည်း ကယ်လိုရီ မများတာကြောင့် ဝိတ်တတ်မှာ ပူစရာမလိုတော့ပါဘူး။
မနတ်စာမှာ ကြက်ဥပါပါစေ
Source: SafeBee
လေ့လာမူတွေအရ မနတ်စာကို ကြက်ဥစားသုံးပေးကြတဲ့သူတွေဟာ မစားသုံးတဲ့သူတွေထက် အားအင်ပိုမိုပြည့်ဝနေတတ်ကြတယ်လို့ ဆိုထားပါတယ်။ ကဖိန်းနဲ့ကြက်ဥဟာ သင့်ရဲ့မနတ်ခင်းလေးကို လန်းဆန်းတတ်ကြွစေပါတယ်။
လက်ဖက်ရည်ကြမ်း သို့ ချောကလက်
Source: Organic Facts
သင်ဟာ ကော်ဖီမကြိုတ်တဲ့သူဆိုရင် လက်ဖက်ရည်ကြမ်းကို စမ်းသောက်ကြည့်ပါ။ လက်ဖက်ရည်ကြမ်းမှာ လည်း ကဖိန်း နှင့် L-theanine ဓာတ်ပါဝင်တာကြောင့် နိုးနိုးကြားကြားရှိစေပြီး အာရုံစူးစိုက်မူကို မြှင့်တင်ပေးပါတယ်။
ချော်ကလက်ပူပူထဲကို သစ်ဂျပိုးခေါက် ထည့်ပြီးသောက်သုံးပေပါကလည်း သွေးတွင်းသကြားပါဝင်မူကို ထိန်းညှိပေးကာ ပင်ပန်းနွမ်းနယ်မူကို ပျောက်ကင်းစေပါတယ်။
သီချင်းနားထောင်ပါ
Source: Freepilk
ဂီတဟာ လူတွေရဲ့ စိတ်ခံစားမူကို ပြောင်းလဲပစ်နိူင်ပါတယ်။ လေ့လာမူတွေအရ ဂီတဟာ ပျော်ရွှင်မူကို ဖြစ်ပေါ်စေပြီး စိုးရိမ်ကြောင်းကြမူကို လျှော့ချပေးတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် သင့်ရဲ့မနတ်ခင်းလေးကို မြူးကြွတဲ့ ဂီတသံစဉ်တွေနဲ့ ဖြတ်သန်းဖို့ အကြံပေးချင်ပါတယ်။
နိုးစက်ကို အိပ်ယာနဲ့ ဝေးရာမှာ ထားပါ
Source: Bright Side
နိုးစက်ကို အိပ်ယာဘေးမှာ ထားတာထက် လက်လှမ်းမမှီတဲ့ နေရာမှာ ထားတာက ပိုကောင်းပါတယ်။ ဒါက မနတ်ခင်းနိုးစက်မြည်တာနဲ့ အိပ်ယာပေါ်က ထဖို့အကောင်းဆုံးနည်းလမ်းပါ။ ဘာလို့လဲဆိုတော့ အိပ်ယာဘေးမှာ ထားပြီးအိပ်ရင် နိုးစက်ကို ပြန်ပိတ်ပြီး အိပ်တတ်ကြလို့ပါပဲ။
နိုးစက်ကို အိပ်ယာနဲ့ဝေးရာမှာ ထားမယ်ဆိုရင် နိုးစက်မြည်တာနဲ့ အိပ်ယာပေါ်က ခွာပြီးသားဖြစ်သွားမှာပါ။