ပါတီပွဲတွေ ၊ ညနေခင်း Dinner ပွဲတွေအတွက် အလိုက်ဖက်ဆုံး Moscow Mule ကော့လ်တေး ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ Moscow Mule ကော့လ်တေး ဖျော်စပ်ဖို့ ပါဝင်ပစ္စည်း ၃ မျိုးသာ လိုအပ်ပြီး ၃ မိနစ်လောက် အချိန်ပေးရုံနဲ့ လွယ်လွယ်ကူကူ ပြင်ဆင်ဖျော်စပ်လို့ ရပါတယ်။

Photo : A Couple Cooks

Moscow Mule ဟာ ဗော့ဒ်ကာ ၊ Ginger Beer တို့နဲ့ အဓိက ဖျော်စပ်ပြီး ထူးထူးခြားခြား သတ္ထုခွက်နဲ့ တည့်ခင်းရတဲ့ ကော့လ်တေးတစ်မျိုးပါ။ ၁၉၄၀ ခုနှစ်တွေမှာ စတင်ပေါ်ပေါက်ခဲ့တယ်လို့ ပြောကြပြီး Margarita ပြီးရင် လူကြိုက်များတဲ့ ဂန္တဝင်ကော့တေးတစ်မျိုး ဖြစ်ပါတယ်။


Photo : A Couple Cooks

Moscow Mule ကော့လ်တေးဖျော်စပ်ဖို့ ဗော့ဒ်ကာ ၊ Ginger Beer နဲ့ Lime Juice တို့လိုအပ်ပါတယ်။ အရင်ဆုံး သတ္ထုမတ်ခွက်ထဲမှာ ဗော့ဒ်ကာ ၂ အောင်စ ၊ Ginger Beer ၄ အောင်စနဲ့ Fresh Lime Juice အောင်စဝက်တို့ကို ရောထည့်ပါ။ ပြီးရင် ရေခဲလက်တစ်ဆုပ်စာထည့်ပြီး ဖြည်းဖြည်းချင်းမွှေပေးပါ။ သံပုရာခြမ်း ၊ ပူစီနံရွက်လေးအလှဆင်ပြီးရင် လွယ်ကူရိုးရှင်းတဲ့ အမိုက်စား Moscow Mule ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးလို့ရပြီ ဖြစ်ပါတယ်။

Featured Photo : Ricette di Gusto