သဘာဝအလှတရားကို ပိုက်ဆံပေးပြီး တကူးတကဝယ်ကြည့်စရာမလိုပါဘူး။ စေ့စပ်သေချာစွာကြည့်ရှုမယ်ဆိုရင် သင့် အနီးအနားမှာ တွေ့မြင်နိုင်ပါတယ်။
အချို့ကလည်း သဘာဝအလှတရားကို ခံစားဖို့ရန်အတွက် သာယာလှပသော နေရာများသို့ အပန်းဖြေခရီးသွားလေ့ရှိပါတယ်။ ခရီးသွားခြင်းသည် စိတ်ဖိစီးမှုများကို ပြေပျောက်စေပြီး စိတ်ခံစားချက်များကို ကောင်းမွန်စေပါတယ်။
လှပသောနေရာများသည် လူအများရဲ့စိတ်ဝင်စားခြင်းကို ခံရပြီး ထိုနေရာသို့ ခရီးထွက်လေ့ရှိပါတယ်။ သို့သော် အချို့နေရာများကတော့ လှပပေမယ့်လည်း လူအများရဲ့လျစ်လျူရှုခြင်းကို ခံရပါတယ်။ ဘယ်လိုနေရာတွေလဲဆိုတော့ …
Alaska ရှိ Kennecott

ဒီနေရာသည် များသောအားဖြင့် မြူနှင်းများနှင့် ဖုံးအုပ်ထားလေ့ရှိပါတယ်။ ထိုနေရာသည်လည်း တစ်ချိန်က လူစည်ကားခဲ့သော နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ထိုနေရာသည် ကြေးနီမိုင်းတစ်ခုဖြစ်ပြီး ကြေးနီမိုင်းလုပ်သားများ၊ သူတို့ရဲ့မိသားစုများနဲ့ စည်ကားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၁၉၃၀ နှောင်းပိုင်းမှာတော့ တွင်းထွက်ပစ္စည်းများ လျော့နည်းလာပြီး နေထိုင်သူများလည်း တဖြည်းဖြည်းပြောင်းရွေ့သွားကြပါတော့တယ်။ ၁၉၅၀ မှာတော့ နေထိုင်သူတွေ လုံးဝမရှိတော့ပါဘူး။
စပိန်နိုင်ငံရှိ Canfranc မီးရထားဘူတာ

ဒီဘူတာသည်လည်း တစ်ချိန်တုန်းကတော့ ရွှေရောင်နေ့ရက်များကို ပိုင်ဆိုင်ဖူးခဲ့ပြီး ဥရောပနိုင်ငံရှိ အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံး ဘူတာရုံတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မီးရထားတံတားပေါ်တွင် မီးရထားလမ်းချော်ခဲ့သည့်နောက်ပိုင်းကစပြီး ထိုနေရာကို ပိတ်ထားလိုက်တာ ယခုအချိန်ထိပါပဲ။
Grossinger’s Resort

နယူးယောက်မြို့မှာတည်ရှိတဲ့ ဇိမ်ခံအပန်းဖြေဥယျာဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၆ ခုနှစ်တွင် စီးပွားရေး ကျဆင်းလာမှုကြောင့် ပိတ်သိမ်းလိုက်ရပါတယ်။
Estonia ရှိ Rummu အကျဉ်းထောင်

အကျဉ်းသားများသည် ကျောက်တူးခြင်း၊ သဲတူးခြင်းအလုပ်ကို အတင်းအဓမ္မလုပ်ကိုင်ခဲ့ရတဲ့ နေရာတစ်ခုပါ။ ၁၉၉၀ အစောပိုင်းနှစ်တွေမှာ Estonia သည် ဆိုဗီယက်ပြည်ထောင်စုထံမှ လွတ်လပ်ရေးရလာခဲ့တဲ့နောက်မှာတော့ စွန့်ပစ်နေရာတစ်ခုဖြစ်လာပါတော့တယ်။
အခုဆိုရင် ထိုနေရာသည် တစ်ဝက်ရေမြှုပ်နေပြီး ကမ်းခြေသဖွယ်ဖြစ်နေပါပြီ။ သင့်အနေနဲ့ Scuba Diving လုပ်ချင်တယ်ဆိုရင်တော့ ကြိုတင်ဘိုကင်ချိတ်ကြည့်ဖို့တော့လိုပါလိမ့်မယ်။
စကော့တလန်ရှိ Kilchurn ရဲတိုက်

ဒီရဲတိုက်ကိုတော့ ၁၄၀၀ အလယ်ပိုင်းနှစ်တွေတုန်းက တည်ဆောက်ခဲ့တာဖြစ်ပြီး အာဏာပါဝါကြီးမားသူတို့ နေထိုင်ခဲ့ကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ၁၇၀၀ ပြည့်နှစ်မှာတော့ စွန့်ပစ်ခံရဲတိုက်ကြီးဖြစ်လာခဲ့ပါတယ်။ အခုဆိုရင်တော့ ဓာတ်ပုံဆရာတွေ ဓာတ်ကျတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါပြီ။
တူရကီနိုင်ငံရှိ Kayakoy မြို့ငယ်

ဒီမြို့ငယ်လေးကတော့ ၁၉၂၀ ပြည့်နှစ်များမှာ နိုင်ငံရေးအခြေအနေကြောင့် လူသူကင်းမဲ့တဲ့နေရာတစ်ခုဖြစ်လာခဲ့တာပါ။ အခုဆိုရင် စွန့်ပစ်ခံအိပ်ပေါင်း အလုံး ၃၅၀ ခန့်ရှိသွားပါပြီ။
သြစတြေးလျရှိ ရေပေါ်တောအုပ်

၁၀၂ နှစ်သက်တမ်းရှိတဲ့ သင်္ဘောကြီးကို ၁၉၇၂ ခုနှစ်တွင် Homebush ပင်လယ်ကွေ့၌ အငြိမ်းစားပေးခဲ့တာဖြစ်ပါတယ်။ သူသည် Sydney မြို့ရဲ့အနောက်ဘက်မှာတည်ရှိပြီး သင်္ဘောသင်္ချိုင်းတစ်ခုဆိုလည်း မမှားပါဘူး။ အခုဆိုရင် ထိုသင်္ဘောထဲမှာ အပင်တွေပေါက်ရောက်နေတဲ့အတွက်ကြောင့် ရေပေါ်သစ်တောလို့ တင်စားခေါ်ဝေါ်ခြင်း ခံရပါတယ်။
Source: Menshealth.com
