အလှပဆုံးလို့ပြောလို့ရတဲ့ ရှုခင်းတွေဟာ ခြောက်သွေ့ပြီး သီးသန့်တည်ရှိနေကြပါတယ်။ ရှု့မငြီးတဲ့ သဲသောင်ပြင်တွေ၊ နေရောင်ခြည်တွေ ဖြာကျနေတဲ့ အဆုံးမရှိတဲ့ ဆားပြင်ကြီးတွေက အလွန်ပဲလှပနေကြပါတယ်။ ဒီနေ့မှာတော့ kwee page ကနေ ကမ္ဘာပေါ်မှာရှိတဲ့ အလှပဆုံးဆိုတဲ့ ကန္တာရတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ McMurdo Dry Valleys

Source: YouTube

ခြောက်သွေ့တဲ့ McMurdo ချိုင့်ဝမ်းဟာ အန္တာတိကတိုက် မှာတည်ရှိပါတယ်။ ထူးထူးခြားခြား အန္တာတိကတိုက်မှာ ရေခဲအနည်းဆုံးရှိတဲ့ နေရာလည်းဖြစ်ပါတယ်။ တစ်နှစ်ကိုမှာ ဆီးနှင်းပမာဏ ၈ လက်မထိပဲ ကျပါတယ်။ အန္တာတိကတိုက်မှာတော့ အလွန်ပူပြင်းတဲ့ ကန္တာရလို့ ပြောလို့ရပါတယ်။

McMurdo ချိုင့်ဝမ်းဟာ မာ့စ်ဂြိုလ် နဲ့အနီးစပ်ဆုံးတူညီတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

၂။ Wadi Rum

Source: Agoda

ဂျော်ဒန်နိုင်ငံမှာရှိတဲ့ Wadi Rum ချိုင့်ဝမ်းကတော့ Jabal Rum တောင်ရဲ့အိမ်လို့ ပြောရပါမယ်။ မတူညီတဲ့ ကျောက်တုံးဖွဲ့စည်းပုံတွေ အမျိုးမျိုးသော တောရိုင်း တိရိစ္ဆာန် တွေက Wadi Rum ချိုင့်ဝမ်းရဲ့ အလှတရားကို ပံ့ပိုးပေးနေသလိုပါပဲ။ ဂျော်ဒန်နိုင်ငံမှာ ရှိတဲ့ Jabal Rum တောင်မှာ အမြင့်ဆုံး တောင်ထိပ်နှစ်ခုတောင် ရှိနေပါတယ်။

Wadi Rum ချိုင့်ဝမ်းကို သွားရောက်လည်ပတ်ကြမဲ့ ခရီးသည်တွေမှာ ကုလားအုတ်စီးပြီး လည်မလား သို့မဟုတ် မြင်းစီးပြီးလည်မလား နဲ့ ကြယ်တွေအောက်မှာ camp ထိုးပြီးအိပ်ကြမလားဆိုတဲ့ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။

၃။ Erg Chebbi

Source: On The Go Tours

ဆာဟာရ သဲကန္တာရမှာ ရှိနေတဲ့ Erg Chebbi ဟာ မိုရိုကို နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည် အလည်ပတ်ဆုံး နေရာတစ်ခုပါ။ Erg Chebbi ဟာ Merzouga ကနေစပြီးတော့ erg ဒေသမှာ အဆုံးသက်ပါတယ်။ Erg Chebbi မှာ ခရီးသွားဖို့ အကျော်ကြားဆုံးနည်းကတော့ ကန္တာရကို ဖြတ်ပြီး ကုလားအုတ်နဲ့ လမ်းလျှောက်တာပါပဲ။

၄။ Sossusvlei

Source: Gondwana Collection

Sossusvlei ဒေသဟာ Namib ကန္တာရထဲမှာ တည်ရှိပြီးတော့ ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ ကျော်ကြားတဲ့ ဒေသတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျယ်ပြောတဲ့ သဲသောင်ပြင်တွေ Tsauchab မြစ်ဘေးမှာပေါက်နေတဲ့ အပင်စိမ်းစိမ်းလေးတွေက Sossusvlei ဒေသရဲ့အလှကို ပိုမိုထင်ဟပ်စေပါတယ်။

Sossusvlei ဒေသမှာ ထူးခြားတာတစ်ခုကတော့ နေဝင်တဲ့အချိန်နဲ့ နေထွက်တဲ့အချိန်တွေမှာ သဲသောင်ပြင်ရဲ့အရောင်နဲ့ ပုံသဏ္ဌာန် ဟာအမြဲတစေ ပြောင်းလဲနေတာပါပဲ။ ဓာတ်ပုံဆရာတွေအတွက် အကြိုက်တွေ့စေမဲ့ နေရာတစ်ခုဆိုရင် မမှားပါဘူး။