ဖြူဖွေးတောက်ပတဲ့ သွားလေးတွေပိုင်ဆိုင်ဖို့ဆိုတာ လူတိုင်းနီးပါးရဲ့ အိပ်မက်တစ်ခုပါပဲ။ ဒါပေမယ့် လူတွေသတိမမူဘဲ ပြုမူနေကြတဲ့ နေ့စဉ်အလေ့အကျင့်လေးတွေက နဂိုမူရင်းရှိနေတဲ့ သွားတွေကို ပျက်စီးစေနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း

Source: Dentistry For Life

ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်းစတာတွေက သွားကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တချို့ပါပဲ။ နီကိုတင်းပါဝင်တဲ့ ဆေးလိပ်၊ စီးကရက်နဲ့ ဆေးရွက်ကြီးတို့ဟာ သွားကို ထိခိုက်ပျက်ဆီးစေရုံ တစ်ခုတည်းမဟုတ်ပါဘူး။ ခံတွင်းကင်ဆာကိုလည်း ဖြစ်စေနိုင်ပါတယ်။

ကွမ်းစားခြင်း

Source: CNN

ဆေးလိပ်သောက်ခြင်းလိုပါပဲ။ ကွမ်းရွက်၊ ထုံး၊ ကွမ်းသီးနဲ့ ဗမာဆေးတို့ကို ပေါင်းစပ်ထားတဲ့ကွမ်းယာကို ဝါးခြင်း၊ ခံတွင်းထဲထည့်ငုံခြင်းတို့ဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေရုံသာမက ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အထူးသဖြင့် သွားကြွေလွှာကို နီရဲခြင်း၊ ညိုမဲခြင်းဖြစ်စေနိုင်လို့ အထူးရှောင်ကြဉ်သင့်ပါတယ်။

အဖျော်ယမကာများ

Source: Unionville Orthodontics

တချို့အဖျော်ယမကာတွေနဲ့ အရောင်ပါတဲ့ သောက်စရာတွေ (ဥပမာ… cocktail) တွေကလည်း သွားအပေါ်ယံ ကြွေလွှာကို အရောင်ပြောင်းလဲစေနိုင်ပါတယ်။ နောက်ပြီး ဝိုင်တွေအများကြီး သောက်မယ်ဆိုရင်လည်း သွားကိုအရောင်ပြောင်းစေနိုင်ပါတယ်။

အစားအသောက်

Source: Aquafresh

တချို့အစားအသောက်တွေက သွားအပေါ်ယံကြွေလွှာပေါ်မှာ အရောင်ပြောင်းလဲခြင်းကို ဖြစ်စေပါတယ်။ အဲဒီထဲမှာ လက်ဖက်ရည်၊ ကော်ဖီ၊ ဘလူးဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ ဝိုင်ဖြူ၊ ဝိုင်နီ၊ ဆိုဒါပါတဲ့ အချိုရည်တွေနဲ့ သကြားလုံးတို့ ပါဝင်ပါတယ်။ သွားအပေါ်ယံ ကြွှေလွှာ မထိခိုက်စေချင်ရင် ဒီအစားအသောက်တွေ စားပြီးတိုင်း သွားသေချာ ပြန်တိုက်ပေးသင့်ပါတယ်။

သွားပိုးစားခြင်း

Source: East Rose Dental

သွားအခေါင်းပေါက်ထဲမှာ ပိုးဝင်ခြင်းကလည်း သွားအပေါ်ယံကြွေလွှာ အရောင်ပြောင်းခြင်းနဲ့ သွားဝါခြင်းတွေကို ဖြစ်စေပါတယ်။ နောက်ပြီး တချို့ ဓာတုကုထုံးတွေက ဓာတ်ရောင်ခြည်သင့်ခြင်း၊ ပိုးသတ်ဆေး၊ အချိုရည်၊ အလာ့ဂျစ်ပျောက်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေကလည်း သွားအရောင်ပြောင်းစေတဲ့ အကြောင်းရင်းတချို့ပဲဖြစ်ပါတယ်။