ကျွမ်းကျင်သူတွေရဲ့အဆိုအရ အမျိုးသား ၁၀ ဦးမှာ ၁ ဦးဟာ လိင်မှုပြဿနာတစ်ခုခု ကြုံနေတတ်ကြတယ်လို့ ဆိုပါတယ်။ ယောင်္ကျားသားအများစုအနေနဲ့ ဘဝမှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ လိင်မှုဆိုင်ရာ ကျန်းမာရေးပြဿနာ ရှိတတ်ကြတာပါပဲ။ လိင်မှုဆိုင်ရာပြဿနာတွေအကြောင်း ပြောလိုက်ရင် အောက်မှာ ပြောတဲ့ပြဿနာတွေက အဖြစ်အများဆုံးလို့ ဆိုနိုင်ပါတယ်။

(၁) လိင်တံမထောင်မတ်နိုင်ခြင်း

Banana Sign

Photo: Unsplash

လိင်ဆက်ဆံဖို့အတွက် ကျားအင်္ဂါဟာ လုံလောက်အောင် ထောင်မတ်သန်မာနေဖို့ လိုပါတယ်။ လိင်တံမထောင်မတ်နိုင်ခြင်းက တချို့ဆို နှလုံးရောဂါ ၊ သွေးတိုးနဲ့ ဆီးချိုတွေကြောင့် ဖြစ်တတ်သလို တချို့လည်း ဆေးလိပ်သောက်တာ ၊ အရက်သောက်တာ ၊ တခြား နာတာရှည်ဆေးဝါး‌သောက်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။

(၂) သုတ်လွှတ်စောခြင်း

peeled banana with cream on top

Photo: Unsplash

ဆေးပညာအရ Premature Ejaculation လို့ ခေါ်တဲ့ သုတ်လွှတ်စောခြင်း ပြဿနာလည်း အမျိုးသားကျန်းမာရေးပြဿနာတွေထဲက အဖြစ်များတဲ့ပြဿနာတစ်ခုပါပဲ။ ဒီပြဿနာက အရွယ်မရွေးဖြစ်တတ်ပြီး များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု ၊ သောကနဲ့ စိုးရိမ်မှုတွေ ၊ ဆက်ဆံရေးပြဿနာရှိတာ ၊ စိတ်ဓါတ်ကျဆင်းတာတွေကြောင့် သုတ်လွှတ်စောတဲ့ပြဿနာ အများဆုံး ဖြစ်လေ့ရှိပါတယ်။

(၃) သုတ်မလွှတ်တာ/ကြာတာ

Morning Light

Photo: Unsplash

အထွဋ်အထိပ်ရောက်ဖို့ ခက်ပြီး သုတ်မလွှတ်နိုင်တာမျိုးကလည်း အမျိုးသားတွေ ကြုံရလေ့ရှိပါတယ်။ တချို့အခြေအနေတွေက သုတ်လွှတ်ရ ကြာတာ ဖြစ်ပြီး တချို့ဆို လုံးလုံး သုတ်မထုတ်ဘဲ မပြီးမြောက်တာမျိုး ဖြစ်လေ့ရှိပါတယ်။ အကြောင်းရင်းတွေကတော့ ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာကြောင့်ပါ ဖြစ်နိုင်ပါတယ်။ အာရုံကြောပြဿနာရှိသူတွေ ကူးစက်ရောဂါနဲ့ ဟော်မုန်းပြဿနာရှိသူတွေမှာ အဖြစ်များပါတယ်။

(၄) လိင်စိတ်ကျဆင်းခြင်း

Couple in bed

Photo: Unsplash

အသက်ကြီးလာချိန်မှာ လိင်ဆက်ဆံလိုစိတ် နည်းလာတာမျိုးက ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ပါ။ တကယ်လို့ ငယ်ရွယ်ပြီး ကျန်းမာတဲ့သူအဖို့ဆိုရင်တော့ အိပ်ရေးပျက်တာများလို့ ၊ ကိုယ်လက်လှုပ်ရှားမှုမရှိလို့ ဒါမှမဟုတ် အရက်နဲ့ မူးယစ်ဆေးဝါး တလွဲသုံးနေလို့ ၊ စိတ်ဓါတ်ကျဆင်းမှု ၊ စိတ်ဖိစီးမှုနဲ့ Testosterone ကျဆင်းလို့ ဖြစ်တတ်ပါတယ်။

(၅) မာန်မပါခြင်း

Couple in bed

Photo: Unsplash

အိပ်ရာပေါ် ကြာကြာမပျော်နိုင်ခြင်း မောပန်းတာမျိုး ဖြစ်ပါတယ်။ အိပ်ရာပေါ်က သက်လုံမကောင်းတဲ့ကိစ္စတွေက ရုပ်ပိုင်းနဲ့ အများဆုံး သက်ဆိုင်ပေမယ့် တစ်ခါတရံ စိတ်အခြေအနေကလည်း စကားပြောပါတယ်။ ဖြစ်နိုင်ခြေအများဆုံးက သိုင်းရွိုက်မမှန်တာ ၊ အစားအသောက် အာဟာရမပြည့်တာ ၊ အားကစားမလုပ်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တော့တာတွေကြောင့် ဖြစ်နိုင်ပါတယ်။

Featured Photo: weillcornell