ရေကူးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တာတော့မှန်ပါတယ်။ ဒါပေမယ့် ပင်လယ်ထဲတော့ သွားမကူးလိုက်ပါနဲ့။ ကမ်းခြေ (သို့) ရေကူးကန်တွေထဲမှာပဲ ကူးတာအန္တရာယ်ကင်းပါတယ်။ ပင်လယ်ထဲမှာ အန္တရာယ်ရှိတဲ့ သတ္တဝါတွေနဲ့ ပြည့်နေတာပါ။

ဒီနေ့ kwee page ကနေ အန္တရာယ်အရှိဆုံး ပင်လယ်နေသတ္တဝါများကို ဖော်ပြပေးသွားမှာပါ။

၁. Chironex (ရေခူ)

Source: Animals HowStuffWorks

ရေခူတွေမှာ ချွန်ထက်တဲ့သွားတွေ၊ ကြီးမားတဲ့ ပါးစပ်တွေ မရှိသလို ကိုက်လည်းမကိုက်တတ်ပါဘူး။ ဒါပေမယ့် သူက ပင်လယ်ထဲမှာ အန္တရာယ်အရှိဆုံးပါ။ သူ့ကို ပင်လယ် နကျယ်ကောင်လို့လည်း သိကြတယ်။ ဩစတြေးလျတိုက်မှာ ရေခူကြောင့် လူသေနှုန်းဟာ ငါးမန်းနဲ့မြွေကြောင့်သေတဲ့ လူတွေထက် ပိုများပါတယ်။ ရေထဲမှာတွေ့ရင် သူတို့ကို သွားမထိမိပါစေနဲ့။

၂. အပြာရောင်အကွင်းပါတဲ့ ရေဘဝဲ

Source: Animals.Net

ဒီသတ္တဝါမှာ (၈) လက်မထက်ပိုမကြီးနိုင်ပေမယ့် အဆိပ်အလွန်ပြင်းတဲ့ သတ္တဝါပါ။ သူဟာ ဂဏန်းသေးသေးလေးတွေ ပုဇွန်တွေကိုသာ စားသုံးတတ်ပေမယ့် လူတွေကို သေစေနိုင်တဲ့ အဆိပ်မျိုးကို ပိုင်ဆိုင်ထားပါတယ်။ သူ့ဆီမှာ လူပေါင်း (၃၀) လောက်ကို အချိန်ခဏအတွင်း သေစေနိုင်တဲ့ အဆိပ်မျိုးပိုင်ဆိုင်ထားကြပါတယ်။ သူ့ရဲ့အဆိပ်ဟာ ဆိုင်ယာနိုက်အဆိပ်ထက် အဆပေါင်း (၁၀,၀၀၀) ပိုမိုပြင်းထန်ပါတယ်။

၃. မိချောင်း

Source: Oceana

မိချောင်းက အန္တရာယ်ရှိတယ်ဆိုတာ လူတိုင်းသိတဲ့အတွက် အကြောင့် ထွေထွေထူးထူး ပြောစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ သူတို့တွေဟာ လူတစ်ယောက်ကို ခဏအတွင်းမှာ မျိုချ စားသောက်နိုင်ကြတယ်။

၄. ပင်လယ်မြွေ

Source: YouTube

မြွေမျိုးနွယ်ဝင်တွေ အကုန်နီးပါးက အန္တရာယ်ရှိကြပါတယ်။ ပင်လယ်မြွေတွေကိုတော့ ပစိဖိတ်နဲ့အိန္ဒိယ သမုဒ္ဒရာ တွေမှာ တွေ့ရပြီး (၄) ပေမှ (၅) ပေအထိ ရှည်လျားနိုင်ပါတယ်။ သူတို့တွေဟာ ရန်လိုတဲ့ သတ္တဝါတွေထဲမှာ မပါဝင်ပေမယ့် ပြင်းထန်တဲ့ အဆိပ်တွေပိုင်ဆိုင်ထားတာကြောင့် အန္တရာယ်ရှိတဲ့ စာရင်းထဲမှာ ထည့်သွင်းထားရတာပါ။ သူတို့တွေဟာ လူတွေကို တိုက်ခိုက်တာတော့ ရှားပါတယ်။ ဒါပေမယ့် သူတို့တွေ အနားမှာရှိနေရင်တော့ သတိထားဖို့ လိုအပ်ပါတယ်။

၅. ကျောက်ငါး

Source: Flickr

ထူးဆန်းတဲ့ သွင်ပြင်ရှိပြီး အဆိပ်ရှိတဲ့ ငါးအဖြစ် ယူဆထားကြတယ်။ သူတို့ဆီမှာ ပတ်ဝန်းကျင်ကိုလိုက်ပြီး ကိုယ်ရောင်ဖျောက်နိူင်တဲ့ ခန္ဓာကိုယ်ရှိပြီး ကျောက်တုံးတွေ ကြားမှာ ပုန်းကွယ်နေနိူင်ပါတယ်။ သူတို့ရဲ့ ကျောရိုးဆူးဟာ ချွန်ထက်နေပြီး ဖိနပ်တွေကို ထိုးဖောက်နိုင်တာကြောင့် ခြေလှမ်းတွေကို သတိထားပြီး လှမ်းဖို့လိုအပ်ပါတယ်။

၆. ငါးမန်းဖြူ

Source: NTL Blog

ငါးမန်းဖြူတွေဟာ အမြဲတမ်း အန္တရာယ်ရှိတဲ့ စာရင်းထဲမှာ ထည့်သွင်းခံထားရပါတယ်။ အမှန်တော့ ငါးမန်းဖြူတွေက လူတွေထင်ထားသလောက် အန္တရာယ် မပြုတတ်ကြပါဘူး။ ရေထဲဆင်းလာတဲ့ လူတွေကို အန္တရာယ်ပြုလေ့မရှိပေမယ့် သူတို့ အမဲလိုက်တဲ့အချိန်နဲ့သွားတိုးရင်တော့ လူတွေကိုတိုက်ခိုက်တတ်ကြတယ်။