တစ်ချို့ကမ္ဘာလှည့်ခရီးသည်တွေက အေးအေးဆေးဆေး အနားယူအပန်းဖြေကြတယ်။ ဒါပေမယ့် တစ်ချို့တွေကြတော့ စိတ်လှုပ်ရှားစရာတွေ ပေးနိုင်တဲ့နေရာတွေ လုပ်ဆောင်မှုမျိုးတွေအတွက် ခရီးသွားကြပါတယ်။

ဒီနေ့ kwee  page ပြောပြပေးမှာကတော့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နေသော ကြောက်စရာနေရာများ (သို့) စိတ်လှုပ်ရှားဖို့ကောင်းတဲ့ နေရာတွေအကြောင်းပါပဲ။

မီးတောင်ပေါ်ကနေ စကိက်စီးခြင်း

Source: Expert Vagabond

နီကာလာဂွာလို့ခေါ်တဲ့ (၇၂၉) အမြင့်ရှိတဲ့ တောင်ကြောပေါ်မှာ နှစ်ပေါင်း ၁၅၀ ကျော်လောက် သက်တမ်းရှိတဲ့မီးတောင်ရှင်တစ်ခုရှိပါတယ်။ ဒီမီးတောင်ဟာ (၂၃) ကြိမ်လောက် ပေါက်ကွဲခဲ့ဖူးပြီးတော့ နောက်ဆုံးပေါက်ကွဲခဲ့တဲ့အချိန်ဟာ နှစ်ပေါင်း (၂၀) ခန့်ကပါ။

ဒီမီးတောင်ရဲ့ကျောက်မီးသွေးအလွှာအောက်ကနေ မီးတောင်ရဲ့အပူရှိန်ကို ခံစားနိုင်ပြီးတော့ တခါတလေဆိုရင် ကျောက်စရစ်ခဲကို ကိုင်တွယ်လို့တောင် မရအောင် အပူချိန်ပြင်းထန်ပါတယ်။ ဒီလျောစီး အားကစားသမားတွေကတော့ သာမန် သတ္တုနဲ့သစ်သားကို ပေါင်းစပ်ပြုလုပ်ထားတဲ့ သူတို့ရဲ့ဘုတ်ပြားတွေကို ကြိုးတွေနဲ့ ခိုင်အောင်ချည်ပြီး စီးနင်းကြတာပဲဖြစ်ပါတယ်။ မီးတောင်ပေါ်ကနေ ဒီလိုမျိုး စကိက်စီးချခြင်းက ဒဏ်ရာအနာတရ ဖြစ်နိုင်တာကို သိပေမယ့် စွန့်စားရတာကို ကြိုက်နှစ်သက်တဲ့ ခရီးသွားတွေကတော့ နှစ်စဉ်သွားရောက်လည်ပက်လျက်ရှိပါတယ်။

စိတ်လှုပ်ရှားစရာကောင်းတဲ့ လေပေါ် ကိုစတာ

Source: Inhabitat

ဒီလေပေါ်စတာကြီးရဲ့အမြင့်ဟာ မြေပြင်ကနေဆိုရင် မီတာ ၃၀ လောက်အထိရှိပါတယ်။ အထူးပြုလုပ်ထားတဲ့ စက်ယန္တရားတွေအကူအညီနဲ့ ပြင်ဆင်ထားပြီး လူတွေကို မြောက်တက်သွားအောင် ဆွဲမသွားပြီးနောက် ပြန်လွှတ်ချပေးတာပါ။

ခရီးသွားတွေအတွက် ဘေးအန္တရာယ် ကင်းစင်ဖို့အောင် အလွန်ခိုင်မာတဲ့ ကေဘယ်ကြိုးတွေနဲ့ ဆိုင်းပေးထားပါတယ်။ ဒီဆိုင်းကြိုးနဲ့အတူ ချောက်ကမ်းပါးစွန်းအပေါ်ကနေ လွှဲပေးတာပါ။

ဟွာရှန်းတောင်တက်ခရီး

Source: China Daily

တရုတ်နိုင်ငံ ဟွာရှန်းတောင်တက်ခရီးစဉ်က စွန့်စားရတာကြိုက်နှစ်သက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အကောင်းဆုံး ခရီးစဉ်တစ်ခုပါပဲ။ အမြင့်ကြောက်တဲ့ သူတွေအတွက်တော့ အင်မတန်ကြောက်စရာကောင်းမယ့် ခရီးစဉ်တစ်ခုဖြစ်မှာအမှန်ပါ။ တောင်တတ်လမ်းတွေဟာ မက်စောက်တဲ့ တောင်စောင်းတွေပေါ်ကနေ ဖောက်လုပ်ထားတာဖြစ်ပြီး လက်ကိုင်ကွင်းတွေနဲ့ လက်ရန်းတွေ ဆောက်လုပ်ပေးထားခြင်းလည်း မရှိပါဘူး။

ဒီတောင်တတ်ခရီးစဉ်ကို လိုက်ပါမယ့် ခရီးသွားတွေအနေနဲ့ ဘေးအန္တရာယ်ကင်းအောင် ကိရိယာတွေ ဝတ်ဆင်ကြရပြီး ဧည့်လမ်းညွှန်ရဲ့ ပြောစကားတွေကိုလည်း အတိအကျလိုက်နာရပါတယ်။ အန္တရာယ်များပေမယ့် စွန့်စွန့်စားစားခရီးသွားရတာ ကြိုက်နှစ်သက်တဲ့ လူတွေကြောင့် ဒီတောင်တတ်ခရီးစဉ်ကို နှစ်စဉ်လာရောက်တဲ့ခရီးသွားတွေ အလွန်များပြားပါတယ်။