ဘဝမှာ လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်ဖူးသူတိုင်း အသည်းကွဲဝေဒနာကို နက်နက်ရှိုင်းရှိုင်းခံစားဖူးကြမှာပါ။ကိုယ်ချစ်တဲ့ လူတစ်ယောက်ကို လမ်းခွဲနှုတ်ဆက်ရတဲ့အချိန်က အနာကျင်ရဆုံးနဲ့အခက်အခဲ အချိန်တစ်ခုဖြစ်ပါတယ်။အသည်းကွဲဝေဒနာဟာကုစားဖို့ ခက်သလို လူတစ်ယောက်ကိုမေ့ဖို့ ဆိုတာလည်းထင်သလောက်တော့ မလွယ်ကူလှပါဘူး။ဒီတစ်ခေါက်မှာတော့ လမ်းခွဲပြီးတဲ့ အဆက်ဟောင်းကို မေ့ပစ်ရခက်နေတဲ့ ဘော်ဒါတို့အတွက် အထိရောက်ဆုံးနည်းလမ်းတစ်ချို့ကိုပြောပြပေးချင်ပါတယ်။

(၁) ဖြစ်ပျက်ခဲ့တဲ့အရာတွေကိုလက်ခံလိုက်ပါ

Source : Shutterstock

တစ်ချိန်ကချစ်ခဲ့ကြပေမယ့် လက်ရှိမှာ တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲပြတ်စဲသွားပြီဆိုတဲ့ အခြေအနေကလွယ်လွယ်နဲ့တော့ လက်ခံရခက်ခဲနေမှာမှန်ပါတယ်။သို့သော်လည်း အတိတ်ကအခြေအနေတွေပဲခေါင်းထဲမှာဆက်တိုက်တွေးနေပြီး လက်ရှိအခြေအနေကိုလက် မခံနိုင်ရင် ကိုယ်ပဲစိတ်ဓာတ်ကျ စိတ်ဆင်းရဲရပြီး ပိုခံ စားရမှာဖြစ်ပါတယ်။သူမနဲ့ပတ်သတ်မှု ပြီးဆုံးသွားပြီဆိုတာကို လက်ခံနိုင်ခြင်းက မေ့ပျောက်ဖို့ ပထမခြေလှမ်းဖြစ်ပါတယ်။

(၂) အတိတ်အခြေအနေတွေကနေရုန်းထွက်ပါ

Source : The Relationship Blogger

လူနှစ်ယောက်တွဲလာတဲ့ သက်တမ်းတစ်လျောက်မှာ ပျော်ရွှင်စရာအမှတ်တရတွေ ခမ်းနားတဲ့ စိတ်ကူးယဥ်အနာဂတ်တွေဆိုတာရှိကြမှာပါ။ဒါပေမယ့် လက်ရှိအခြေအနေမှာ ဒီအရာတွေအားလုံးက ပျက်စီးပျောက်ကွယ်သွားပြီဆိုတာ သတိရပါ။အတိတ်ကအမှတ်တရတွေ အခြေအနေတွေကို ထိုင်တွေးပြီဆွေးနေရုံနဲ့ ပျောက်ကွယ်သွားတဲ့ အချစ်ကကိုယ့်အနားပြန်ရောက်လာမှာမဟုတ်ပါဘူး။ဒါကြောင့် အမှတ်တရပစ္စည်းတွေ ဓာတ်ပုံ မက်ဆေ့တွေ စသည်ဖြင့် သူမကိုသတိရစေမယ့် အရာအားလုံးကိုတစ်ခါထဲသာဖျက်ပစ်လိုက်ပါ။

(၃) အမှတ်တရအသစ်တွေဖန်တီးပါ

Source : 123RF.com

လမ်းခွဲပြီးချိန် ထိုင်ဖီးလ်နေတာထက် ဘဝမှာမလုပ်ဖူးသေးတဲ့ အရာတွေကို လုပ်ဆောင်ကြည့်ချင်က အဆက်ဟောင်းကိုမေ့ပစ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ မသွားဖူးသေးတဲ့နေရာတွေ မစားဖူးသေးတဲ့ အစားအစာတွေ မလုပ်ဖူးသေးတဲ့ အားကစားနည်းတွေ စသည်ဖြင့် သင်ဘဝထဲမှာ အမှတ်တရအသစ်တွေကို သူငယ်ချင်းတွေနဲ့ ဖြစ်စေ မိသားစုတွေနဲ့ ဖြစ်စေလုပ်ဆောင်ခြင်းက အဆက်ဟောင်းကိုမေ့ပစ်ဖို့ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိစေမှာဖြစ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုပျော်အောင်ထားပါ

Source : iStock

ဘဝမှာ ကိုယ့်ကိုယ်ကိုချစ်တက်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။အသည်းကွဲနေချိန်မှာကိုယ့်ကိုယ်ကို ပိုပြီးဂရုစိုက်နေသင့်ပါတယ်။ကိုယ့်ကိုယ်ကိုစိတ်ချမ်းသာအောင်ထားပါ။ပျော်ရွှင်အောင်ထားပါ။အချိန် အတိုင်းအတာတစ််ခုအထိ ခံစားပြီးရင်အရာအားလုံးက ပုံမှန်အတိုင်းနေသားတကျဖြစ်သွားမှာဖြစ်ပါတယ်။ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုဒုက္ခရောက်စေမယ့် အရာတွေ အတက်နိုင်ဆုံးရှောင်ကျဥ်ပြီး ပျော်တဲ့အရာတွေလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။