အဆင်မပြေမှုတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်လမ်းခွဲခဲ့ပေမယ့် လက်ရှိအချိန်ထိမေ့လို့မရသေးတဲ့ ခံစားချက်က အတော်ဆိုးပါတယ်။ အနာဂတ်မှာ သူလမ်းသူလျှောက် ကိုယ်လမ်းကိုယ်လျှောက်နေကြပြီဖြစ်ပေမယ့် ကိုယ့်ရဲ့ရည်းစားဟောင်း အပေါ်လွမ်းတဲ့စိတ်က ကြီးစိုးလာတဲ့အခါ အလုပ်ပျက်အကိုင်ပျက်နဲ့ စိတ်တွေရှုပ်ထွေးကာ ဘာလုပ်လို့လုပ်ရမလဲ မသိဖြစ်နေတတ်ပါတယ်။ သင်ဟာဒီလိုမျိုးလမ်းခွဲလိုက်တဲ့ ကိုယ့်ရည်းစားဟောင်းကို မမေ့နိုင်သေးလို့ နေ့နေ့ညည ခံစားနေရသူတစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေ လိုက်နာဆောင်ရွက်ကြည့်ပါ။

(၁) အသည်းကွဲတယ်ဆိုတဲ့စိတ်ကို မေ့ထားပါ

Source : John Onions Solicitors

ကိုယ်ကရည်းစားနဲ့ Brake Up ဖြစ်လို့ အသည်းကွဲနေတဲ့သူ ၊ ကိုယ်ကအထီးကျန်နေတဲ့သူ အစရှိသဖြင့် လျှောက်တွေးနေတဲ့စိတ်တွေဟာ သင့်ကိုပုံမှန်ထက် ၂ ဆ ပိုပြီးစိတ်ပင်ပန်းစေပါတယ်။ လတ်တလောမှာတော့ ခံစားနေရဦးမယ်ဆိုတာမှန်ပေမယ့် အချိန်တိုင်းဒီလိုစိတ်တွေ ဝင်နေတဲ့အခါပိုပြီး လူကိုဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သာမာန်လူတစ်ယောက်လိုပဲ အသည်းကွဲတယ်ဆိုတာတွေ ခဏမေ့ထားပြီး ပေါ့ပေါ့ပါးပါးနေကြည့်ပါ။

(၂) ရည်စားဟောင်းရဲ့ ဖေ့ဘွတ်ခ်အကောင့်ကို လိုက်မ Check ပါနဲ့

Source : McKissock

ဒီအချိန်ဆို သူဘာတွေလုပ်နေလဲ ဘယ်သူနဲ့ရှိနေမလဲ စသည့်ဖြင့်သိချင်တဲ့စိတ်တွေ ဖြစ်လာပြီး သူမရဲ့ Social Media တွေကိုသွားပြီး Check လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တာဟာ သင့်ခံစားချက်ကို ပိုဆိုးစေတဲ့လုပ်ရပ်တစ်ခုပါ။ ဖြစ်နိုင်ရင်သူနဲ့ ပတ်သက်သမျှ အရာအားလုံး မေ့ထားတာကောင်းပါတယ်။

(၃) အားကစားတစ်ခုခုလုပ်ပါ

Source : Shutterstock

အသည်းကွဲလို့ အခန်းအောင်းနေတာထက်စာရင် ကိုယ်ကိုတက်ကြွလန်းဆန်းစေမယ့် အားကစားနည်းတစ်ခုခု ပြုလုပ်တာက ပိုပြီးသင့်တော်တဲ့အချက်တစ်ခုပါ။ Gym ဆော့တာဖြစ်စေ၊ ဘောလုံးကန်တာဖြစ်စေ ကိုယ်ဝါသနာပါတဲ့ အားကစားနည်းတစ်ခုခုပြုလုပ်ခြင်းဟာ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်သလို စိတ်ကိုလည်း အပြောင်းအလဲဖြစ်စေမှာဖြစ်ပါတယ်။

(၄) အတတ်ပညာတစ်ခုခု သင်ယူပါ

Source : Shutterstock

ကိုယ်ဝါသနာပါတဲ့အရာတစ်ခုကို တစ်စိုက်မတ်မတ်လုပ်နေခြင်းဟာ ကိုယ့်ရဲ့စိတ်ထဲညစ်နွမ်းစေမယ့်အရာတွေ စိတ်ပင်ပန်းစေမယ့်အတွေးတွေ ဝင်မလာနိုင်အောင် တားဆီးပေးနိုင်ပါတယ်။ အသည်းကွဲတဲ့အချိန်မှာ ပန်းချီဆွဲခြင်း၊ တူရိယာတစ်ခုခုတီးခတ်ခြင်း၊ စသည်ဖြင့် ကိုယ်ကြိုက်နှစ်သက်ရာ အတတ်ပညာတစ်ခုခု သင်ယူနေတာဟာ အကောင်းဆုံး စိတ်ကိုကုစားတဲ့ နည်းလမ်းတစ်ခုပါ။

(၅) အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ

Source : Men’s Journal

အသည်းကွဲရင် အရက်သောက်ရမယ်လို့ ဘယ်ပညာရှင်ကသင်ပေးထားလဲမသိပါဘူး။ လူငယ်တော်တော်များများ အသည်းကွဲရင် အရက်ဆိုင်ပြေးတတ်ကြပါတယ်။ အရက်မူးလာတဲ့အခါ ရည်းစားဟောင်းကို စကားတွေသွားပြောမယ် ဖုန်းတွေခေါ်မယ့် စသည့်ဖြင့် တလွဲတွေလုပ်နေမိတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါဟာသူကိုမေ့ဖို့ထက် ကိုယ့်ကိုယ်ကိုပိုပြီး ဒုက္ခရောက်ဖို့ တွန်းပို့နေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အသည်းကွဲရင်အရက်မသောက်ပါနဲ့။ ကောင်းကျိုးတစ်ခုမှမရှိတဲ့အတွက် အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ။