ကျောင်းသား၊ လုပ်ငန်းရှင် (သို့) ပုံမှန်လူတန်းစားပဲဖြစ်ဖြစ် မှတ်ဉာဏ်ကောင်းနေဖို့ အရေးကြီးပါတယ်။ တကယ်တော့ လူတိုင်းလိုလိုမှာ မေ့တက်တဲ့ အကျင့်ရှိကြတယ်။ ဒါပေမယ့် ဒီလို မေ့တက်တဲ့ အကျင့်က မကြာခဏဆိုသလို ဖြစ်နေပြီဆိုရင်တော့ ပြဿနာရှိပါတယ်။ ဒါက သင့်ဘဝအပေါ်မှာ အများကြီးသက်ရောက်မှုရှိစေပါတယ်။

မှတ်ဉာဏ်ဆုံးရှုံးမှုကို ကာကွယ်လို့မရပေမယ့် မှတ်ဉာဏ်အားနည်းသွားခြင်းကိုတော့ ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ မှတ်ဉာဏ်အားတိုးတက်ကောင်းမွန်လာအောင် ကူညီပေးမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

အစားအသောက်ဂရုစိုက်ပါ

Source: BBC Good Food

တစ်ခါတစ်လေ ကျွန်တော်တို့တွေက အစားအသောက်နဲ့ပတ်သက်ပြီး ဂရုစိုက်မှုသိပ်မရှိကြပါဘူး။ မကြာခဏဆိုသလို မနက်စာမစားတာ နေ့လည်စာမစားတာ ညစာရှောင်တာမျိုးတွေ လုပ်လေ့ရှိကြပြီး တစ်ချို့တွေကြတော့ အဆီများတဲ့ အစားအစာတွေနဲ့ စပ်တဲ့အစားအစာတွေကို အလွန်အကျွံစားလေ့ရှိကြတယ်။ ဒီလိုအကျင့်လေးတွေက ဘာမှမဟုတ်ဘူးလိုထင်ရပေမယ့် စိတ်ကျန်းမာရေးအပေါ် အများကြီးသက်ရောက်မှုရှိစေပါတယ်။ နောက်ပိုင်းကာလတွေမှာ မှတ်ဉာဏ်ဆုံးရှုံးတာတွေအထိ ဖြစ်နိုင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်သင့်ပါတယ်။

တက်ကြွနေပါစေ

Source: Plante Moran

တက်ကြွလှုပ်ရှားနေပါဆိုတာက Gym သွားရမယ်လို့ မဆိုလိုပါဘူး။ ဂိမ်းကစားတာ၊ လမ်းလျှောက်တာ၊ ကခုန်တာ (သို့) တခြား ကိုယ်လက်လှုပ်ရှားမှုတွေ အများကြီးလုပ်လို့ရပါတယ်။ ခန္ဓာကိုယ် လှုပ်လှုပ်ရှားရှားနေတာခြင်းက သွေးလည်ပတ်မှုနဲ့ ဇီဝဖြစ်စဉ်အားကောင်းစေတဲ့အပြင် ဦးနှောက်ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်ချက်တွေကိုလည်း အားကောင်းစေပါတယ်။

လေ့လာနေပါ

Source: Inlander

လူတွေက အများအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပဲ ဂရုစိုက်ကြပြီး အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လျစ်လျူရှုထားတက်ကြတယ်။ နှစ်မျိုးစလုံးက သူ့နေရာနဲ့သူအရေးပါတာကို သတိထားမိဖို့ လိုအပ်ပါတယ်။ ဦးနှောက်အတွက် စိန်ခေါ်မှုတွေ ဖြစ်စေတဲ့ အရာတွေအပေါ် အာရုံစိုက်ကြည့်ပါ။ ဉာဏ်စမ်းတွေကစားတာ (သို့) ဝါသနာပါတဲ့ ဂီတတစ်မျိုးမျိုး လေ့လာလိုက်စားတာတွေ ပြုလုပ်ပေးကြည့်ပါ။

ကောင်းမွန်စွာ အိပ်စက်ဖို့ကလည်း အရေးကြီးတယ်

Source: A Healthier Michigan

သင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကောင်းကောင်းအနားယူဖို့လည်း အရေးကြီးပါတယ်။ အနားယူတယ်ဆိုတာက ရုပ်ပိုင်းရော၊ စိတ်ပိုင်းရောနှစ်ခုလုံးအနားယူတာကို ဆိုလိုတာပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးအောင်မနေပါနဲ့။ တစ်ညကို (၇) နာရီ (၈) နာရီလောက် ကောင်းကောင်းအိပ်စက်တာက ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ်။ မှတ်ဉာဏ်အားကောင်းဖို့နဲ့ စိတ်ဖိစီးမှုကင်းဝေးဖို့အတွက် တရားထိုင်ပေးလို့လည်းရပါတယ်။

Featured Image Source: GLA University