ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပေါ်မှာ ပုံစံမျိုးစုံနဲ့ ဆိုးယုတ်ခဲ့တဲ့ ဝမ်းနည်းနာကြည်းဖွယ်ကိစ္စတွေ အများကြီး ရှိခဲ့ပါတယ်။ အခုထိလည်း ရှိနေဆဲ ဖြစ်ပါတယ်။ စစ်တွေ ၊ ညှင်းပန်းနှိပ်စက်မှုတွေ ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ ၊ ဆူပူဖျက်ဆီးမှုတွေ ၊ ငတ်မွတ်ခေါင်းပါးခြင်းတွေ စတဲ့စတဲ့ ကပ်အသီးသီးကြောင့် ကမ္ဘာကြီး နလန်မထူအောင် ပျက်စီးခဲ့ဖူးပါတယ်။ ဒါတွေကို ဖန်တီးခဲ့တာ မိစ္ဆာတွေမဟုတ်ပါဘူး။ လူတွေကိုယ်တိုင်ပါပဲ။ ဒီလို လူတွေထဲမှာ သမိုင်းနဲ့ချီပြီး အဆိုးညစ်ဆုံး စာရင်းဝင်တာ ဘယ်သူတွေ ဖြစ်မလဲ ကြည့်ရအောင်ပါ။

(၅) ပိုပေါ့

Pol Pot

Photo: ABC

ကမ္ဘောဒီးယားတော်လှန်ရေးခေါင်းဆောင် ပိုပေါ့တ်ဟာ ၁၉၆၃ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ ခမာနီတွေကို ခေါင်းဆောင်ခဲ့သူပါ။ ကမ်ပူးချီယား ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးအဖြစ် ၁၉၆၃ ကနေ ၁၉၈၁ ခုနှစ်အထိလည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ့လက်ထက် ခမာနီတွေရဲ့ နှိပ်စက်သတ်ဖြတ်မှုမှာ အနည်းဆုံး လူ ၁ သန်းခွဲကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ လူမဆန်တဲ့ နည်းလမ်းတွေ သုံးပြီး အစုအလိုက်အပြုံလိုက် သတ်ဖြတ်ရာကနေ ခမာနီလူသတ်ကွင်းတွေအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။

(၄) အိုစမာ ဘင်လာဒင်

Osama Bin Laden

Photo: BBC

အိုစမာဘင်မိုဟာမက် ဘင်အာဝက်ဘင်လာဒင်ဟာ ဆော်ဒီအာရေဗျဖွား အကြမ်းဖက်သမားဖြစ်ပါတယ်။ အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုကို လုပ်ခဲ့တဲ့ အယ်လ်ကိုင်းဒါးအဖွဲ့တည်ထောင်သူလည်း ဖြစ်ပါတယ်။ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုမှာ လူပေါင်း ၂၉၉၆ ဦး သေဆုံးခဲ့ပြီး သမိုင်းမှာ အရက်စက်ဆုံး လုပ်ရပ်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

(၃) ဗလက်တီပက်ဇ်

Vlad The Impaler

Photo: Carolina Fear Fest

ရိုမေးနီးယန်း အာဏာရှင် ဖြစ်ပြီး ရက်စက်စွာ နှိပ်စက် ၊ ကွပ်မျက်မှုကြောင့် သူ့ကို ဗလက်ဒရက်ကူလာလို့တောင် တင်စားခဲ့ကြပါတယ်။

(၂) ဂျိုးဆက်စတာလင်

Joseph Stalin

Photo: thoughtco

၁၉၂၀ ပြည့်လွန်နှစ်တွေက ဂျော်ဂျီယန်အာဏာရှင် ဆိုဗီယက်ယူနီယံခေါင်းဆောင်ဖြစ်ခဲ့သူပါ။ ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံအဖြစ် ဆိုဗီယက်ယူနီယံကို တည်ထောင်ခဲ့ပြီး စစ်အတွင်းမှာ ကမ်းကုန်အောင် ရက်စက်ခဲ့သည်ဟု ဆိုသည်။ ၂၅ နှစ်ခန့် ဆိုဗီယက်ကို အုပ်ချုပ်သွားချိန်မှာ လူပေါင်း သန်းနဲ့ချီ သတ်ဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်။

(၁) အဒေါ့ဖ်ဟစ်တလာ

Adolf Hitler

Photo: BBC

နာဇီပါတီတည်ထောင်သူ ဂျာမန်နိုင်ငံရေးသမား အဒေါ့ဖ်ဟစ်တလာကတော့ သမိုင်းမှာ ဘယ်တော့မှ မေ့ပျောက်ခံရမှာ မဟုတ်တဲ့ အရက်စက်ဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ ၁၉၃၃ ကနေ ၁၉၄၅ အထိ ဂျာမန်အဓိပတိလည်း ဖြစ်ပြီး ၁၉၃၉ မှာ ပိုလန်ကို ကျူးကျော်ပြီး ဥရောပမှာ ဒုတိယကမ္ဘာစစ်ကို စတင်ခဲ့ပါတယ်။ ဂျူး ၆ သန်းအထိ သတ်ဖြတ်မှုရဲ့ အဓိကလက်သည်လည်း ဖြစ်ပါတယ်။