သက်သောင့်သက်သာနဲ့ ဇိမ်ကျကျနေချင်တဲ့ Luxury လူနေမှုဘဝကို ဖန်တီးချင်သူများအတွက် Luxury အသုံးအဆောင်ပစ္စည်းများသည် မရှိမဖြစ်ပါပဲ။

Luxury အသုံးအဆောင်ပစ္စည်းများကို နည်းနည်းချင်းစီ ဝယ်စုတဲ့အခါ ဘယ်လိုပစ္စည်းမျိုး ဝယ်စုရမလဲဖြစ်နေတဲ့ ယောကျာ်းများအတွက် ကိုယ့်အိမ်နဲ့ ကိုယ့်လူနေမှုပုံစံနဲ့ လိုက်ဖက်မယ့် အသုံးအဆောင်ပစ္စည်းများကို ဖော်ပြပေးလိုက်ရပါတယ်။

ဒီဇိုင်နာ လက်ပတ်နာရီများ

Most Exclusive and Unique Products You Must Have

ဒီဒီဇိုင်းကတော့ Hermes ကထုတ်တဲ့ ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ နာရီဒိုင်ခွက်မှာ ပုံဖော်ထားတဲ့ ဒီဇိုင်းသည် တစ်မူထူးခြားနေပြီး ထိုဒီဇိုင်းကြောင့်ပဲ လူသိများ နာမည်ကြီးနေတာဖြစ်ပါတယ်။

ရှားပါးဝိုင်

Most Exclusive and Unique Products You Must Have

Penfolds ဝိုင်အမျိုးအစားဖြစ်ပြီး နှစ် ၅၀ သက်တမ်းရှိတဲ့ ဝိုင်ပဲဖြစ်ပါတယ်။ ရှားပါးဝိုင်တစ်မျိုးဖြစ်တာကြောင့် မိမိမီးဖိုချောင်ထဲမှာ Luxury ပစ္စည်းအဖြစ် ဝယ်စုချင်တယ်ဆိုရင် သင့်တော်ပါတယ်။

ဇိမ်ခံရွက်လှေ

Most Exclusive and Unique Products You Must Have

သန်းကြွယ်သူဌေးတွေအတွက်တော့ ရွက်လှေတစ်စီးရဲ့တန်ဖိုးက ဘာမှမပြောပလောက်ပါဘူး။ သင့်အနေနဲ့ အလုပ်နားရက်တွေမှာ ပင်လယ်ပြင်မှာ ရွက်လွှင့်ရင်း လေညှင်းခံချင်တယ်ဆိုရင်တော့ ရွက်လှေတစ်စီးလည်း ဝယ်ထားသင့်ပါတယ်။

နောက်ဆုံးပေါ် ဇိမ်ခံကား

Most Exclusive and Unique Products You Must Have

Luxury လူနေမှုဘဝအတွက် ကားတစ်စီးသည်လည်း မရှိမဖြစ် စုဆောင်းထားသင့်တဲ့ အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ကားမော်ဒယ်အမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးလည်း ကွဲပြားသွားတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ဘက်ဂျက်အနေအထားပေါ် လိုက်ပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

မီးခံသေတ္တာ

Most Exclusive and Unique Products You Must Have

သင့်ရဲ့မြောက်မြားစွာသော ပိုက်ဆံတွေ၊ အရေးကြီးစာရွက်စာတမ်းများကို လုံလုံခြုံခြုံနဲ့ မပျက်မစီးဘဲ ထိန်းသိမ်းထားချင်တယ်ဆိုရင်တော့ မီးခံသေတ္တာတစ်လုံးလည်း ဝယ်ထားသင့်ပါတယ်။

အလုပ်ခန်း

Most Exclusive and Unique Products You Must Have

Source: Esquire.com

ကိုယ့်ရဲ့ပတ်ဝန်းကျင်က အလုပ်လုပ်ဖို့ရန်အတွက် အဆင်မပြေဘူး။ နောက်ခံဆူညံ့သံတွေကြောင့် ကိုယ့်အလုပ်အပေါ်မှာ ကောင်းကောင်းအာရုံမစိုက်နိုင်လို့ စိတ်ညစ်နေရတဲ့သူတွေအတွက် ဒီပစ္စည်းလေးက အသင့်တော်ဆုံးပါပဲ။ သီးသန့်ကမ္ဘာထဲ ရောက်နေသလို ခံစားရမှာဖြစ်ပြီး ပိုးအိမ်လေးထဲမှာ နေနေရတဲ့ ခံစားချက်မျိုး ပေးစွမ်းပါလိမ့်မယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁၄၀၀၀ ဖြစ်ပါတယ်။

Source: Bocadolobo.com

Featured Image Source: News24