ပန်းချီကားချပ်များသည် အနုပညာနှစ်သက်သူများအတွက် လှပသောအရာတစ်ခုဖြစ်ပါတယ်။ တန်ဖိုးကြီးပြီး လှပသော ပန်းချီကားများကို မိမိအိမ်ရဲ့ဧည့်ခန်းနံရံ၊ အိပ်ခန်းနံရံတို့မှာ ချိတ်ဆွဲထားခြင်းအားဖြင့် မိမိအိမ်ကို အလှဆင်တတ်ကြပါတယ်။

အချို့ပန်းချီကားများကိုတော့ ဝယ်ယူခွင့်မပြုဘဲ သမိုင်းအမွေအနှစ်တစ်ခုအဖြစ် ပြသရန်အတွက် ပြတိုက်များ၊ ပြခန်းများတွင်သာ ချိတ်ဆွဲထားကြပါတယ်။ ပြခန်းများတွင် ချိတ်ဆွဲပြသထားသော ပန်းချီကား အများအပြားရှိတဲ့အနက် ဈေးအကြီးဆုံး ပန်းချီကားများကို အနုပညာချစ်မြတ်နိုးသော ယောကျာ်းများအတွက် ဖော်ပြပေးလိုက်ရပါတယ်။

မိုနာလီဆာ ပန်းချီကား

Most Expensive Paintings in the World

မိုနာလီဆာအပြုံးသည် ကမ္ဘာကျော်အပြုံးတစ်ခုပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အလှပဆုံးအပြုံးလို့ တင်စားကြတဲ့ ဒီပန်းချီကားချပ်ရဲ့ ဖန်တီးရှင်ကတော့ လီယိုနာဒိုဒါဗင်ချီပဲဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်တုန်းကတော့ ထိုပန်းချီကားရဲ့ ပေါက်ဈေးသည် အမေရိကန်ဒေါ်လာ ၁၀၀ မီလီယံ တန်ဖိုးရှိပါတယ်။ ယနေ့အချိန်မှာတော့ ဒေါ်လာ ၇၀၀ မီလီယံခန့် တန်ကြေးရှိပါတယ်။ သင့်အနေနဲ့ မိုနာလီဆာပန်းချီကားချပ်ရဲ့ အလှအပကို ရှုမြင်ချင်တယ်ဆိုရင်တော့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ တည်ရှိတဲ့ လုဗ်ပြတိုက်မှာ သွားရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။ လူအများကြီးထဲ တိုးဝှေ့ကြည့်ဖို့ကိုတော့ ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။

Nafea Faa Ipoipo

Most Expensive Paintings in the World

ဒီပန်းချီကားနာမည်ရဲ့ အဓိပ္ပာယ်ကတော့ “သင် ဘယ်တော့ လက်ထပ်မှာလဲ” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး နာမည်ကြီးပန်းချီဆရာ Paul Gauguin သည် ၁၈၉၂ ခုနှစ်တွင် ရေးဆွဲထားတာဖြစ်ပါတယ်။ Paul ည် တဟီတီသို့ ၁၈၉၁ ခုနှစ်တွင် ပထမဦးဆုံး သွားရောက်လည်ပတ်ခဲ့တဲ့နောက်မှာ ထိုမြို့အပေါ်ချစ်ခင်တွယ်တာလာပြီး ဒီပန်းချီကားကို ရေးဆွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

ထိုပန်းချီကားကို ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၃၀၀ မီလီယံဖြင့် ရောင်းချခဲ့တာဖြစ်ပါတယ်။ ဝယ်ယူသူကိုတော့ အတိတကျ အတည်မပြုနိုင်ပေမယ့် ကာတာတော်ဝင်မိသားစုဆီမှာ ရှိတယ်လို့တော့ သတင်းသဲ့သဲ့ကြားသိရပါတယ်။

The Card Players

Most Expensive Paintings in the World

ဒီပန်းချီကားချပ်ကိုတော့ ၁၈၉၂ – ၉၃ ခုနှစ်များအတွင်း Paul Cezanne ဆိုသူက ရေးဆွဲခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကြီး ပန်းချီစီးရီး ငါးချပ်ထဲက နာမည်ကြီးစီးရီးတစ်ချပ်ပဲဖြစ်ပါတယ်။ ကျန်စီးရီးလေးချပ်ကတော့ ပါရီမြို့ရှိ Musee D’Orsay နှင့် လန်ဒန်မြို့ရှိ နာမည်ကြီး Courtauld အနုပညာကောလိပ်တွင် တည်ရှိပါတယ်။ ဒီပန်းချီကားချပ်ကိုတော့ ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၀ မီလီယံနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ပန်းချီကားချပ်ပိုင်ရှင်ကိုလည်း အတိအကျမသိရပေမယ့် ကာတာတော်ဝင်မိသားစုထံတွင် တည်ရှိတယ်လို့လည်း ကောလဟာလထွက်ထားပါတယ်။

Source: Theculturetrip.com

Featured Image Source: Theculturetrip.com