မတူညီတဲ့ ဖိနပ်ဒီဇိုင်းအမျိုးမျိုးကို ဝယ်ယူစုဆောင်းတတ်ကြတဲ့ ဖိနပ်ချစ်သူ ယောကျာ်းများတွက် ဒီတစ်ခါမှာတော့ ဒီဇိုင်းလည်းလှပြီး လူအများကြိုက်နှစ်သက်ကြတဲ့ ရှူးဖိနပ်ဒီဇိုင်းများကို ဖော်ပြပေးချင်ပါတယ်။
အမျိုးသားတစ်ယောက်အနေနဲ့ ရှူးဖိနပ် အနည်းဆုံးတစ်ရံတော့ ရှိသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Sneakers ဖိနပ်များ ဘွတ်ဖိနပ်များကို နေရာတိုင်းသို့ မဝတ်ဆင်သွားနိုင်လို့ပါပဲ။ အချို့ပွဲတက်အခမ်းအနားများသည် ရှူးဖိနပ်နဲ့မှ လိုက်ဖက်တင့်တယ်တာမျိုးပါ။
သင့်အနေနဲ့ ရှူးဖိနပ်ဒီဇိုင်းအသစ်များကို ကြည့်ရှုလေ့လာချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖိနပ်ဒီဇိုင်းများကို လေ့လာနိုင်ပါတယ်။
Jason Of Beverly Hills


ဒီဖိနပ်တံဆိပ်ကတော့ အရောင်းရဆုံးတံဆိပ်ဆုကို ရရှိထားတာပါ။ သူ့ရဲ့ဈေးနှုန်းကတော့ အံ့အားသင့်စရာပါပဲ။ ဒေါ်လာ ၂ သန်းကျသင့်မှာဖြစ်ပါတယ်။
A Diciannoveventitre

အကြမ်းခပြီး အရည်အသွေး မြင့်မားတဲ့ သားရေနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် သားရေဖိနပ်ကြိုက်နှစ်သက်သူများအတွက် ရွေးချယ်သင့်တဲ့ ရှူးဖိနပ်တံဆိပ်တစ်ခုပါ။
A Testoni

ဒီဖိနပ်ကတော့ ရှေးခေတ်အီတလီဖိနပ်ဒီဇိုင်းများကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သူ့ဖိနပ်တိုင်းက လက်ချုပ် ချုပ်ထားတာဖြစ်လို့ သေသပ်ခံ့ညားလှပနေတာဖြစ်ပါတယ်။
Bally

ဆွစ်ဇာလန်နိုင်ငံထုတ်ဖြစ်ပြီး သူ့ရဲ့ဒီဇိုင်းက တောက်တောက်ပြောင်ပြောင်လေးနဲ့ ပွဲလယ်တင့်တင်စေမှာဖြစ်ပါတယ်။ အသုံးပြုထားတဲ့ ပစ္စည်းကိရိယာများကလည်း အရည်အသွေးမြင့်မားတဲ့ပစ္စည်းတွေကိုသာ အသုံးပြုထားတာပါ။
Berluti

Berluti သည် ၁၈၉၅ ခုနှစ်ကတည်းက အမျိုးသားဝတ်ဖိနပ်များကို စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဖိနပ်ကတော့ Classic ဖက်ရှင်မျိုး ဖန်တီးချင်သူတွေအတွက် သင့်တော်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀၀ ကျော်ကနေ စတင်မှာဖြစ်ပါတယ်။
Bolvaint

ဖိနပ်ရဲ့အပြင်အရောင်နဲ့ အတွင်းသားအရောင်ကို လိုက်ဖက်အောင် ဖန်တီးထားကတည်းက ဒီဖိနပ်ရဲ့လက်ရာကို သင် ခန့်မှန်းနိုင်ပါတယ်။ ရာနှုန်းပြည့် နွားသားရေစစ်စစ်ဖြင့် ချုပ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ဈေးနှုန်းကလည်း မနည်းလှပါဘူး။
Brunello Cucinelli

Brunello Cucinelli တံဆိပ်သည် ဇိမ်ခံပစ္စည်းများအားလုံးရဲ့ဘုရင်လို့တောင် တင်စားခေါ်ဝေါ်ခြင်း ခံထားရတာပါ။ ဒီဖိနပ်သည်လည်း ရှူးဖိနပ်ချစ်သူများအကြား ရေပန်းစားနေတဲ့ ဒီဇိုင်းတစ်မျိုးပါပဲ။
Christian Louboutin

ရိုးရှင်းပေမယ့် Classic ဖြစ်တဲ့ဒီဇိုင်းမျိုး ဖန်တီးချင်တယ်ဆိုရင်တော့ Christian Louboutin ကို ရွေးချယ်သင့်တယ်လို့ အကြံပေးချင်ပါတယ်။ သူ့ရဲ့ဖိနပ်ကြိုးတွေက ရိုးရှင်းတာကြောင့် အမြင်ရှင်းစေမှာဖြစ်ပါတယ်။
Church’s

Church’s သည်လည်း လက်ချုပ်ဖိနပ်နဲ့ ပတ်သက်လာရင် နာမည်ကြီးကျော်ကြားတဲ့ တံဆိပ်တစ်ခုပါပဲ။ သင့်အနေနဲ့ လက်ချုပ်ဖိနပ်များ ဝယ်ယူချင်တယ်ဆိုရင်တော့ Church’s ကို သတိရလိုက်ပါ။ သူ့ရဲ့ဈေးနှုန်းကတော့ အနည်းဆုံး ဒေါ်လာ ၇၀၀ ကနေ စတင်ပါလိမ့်မယ်။
Corthay

နောက်ဆုံးပေါ် ဖိနပ်ဒီဇိုင်းကိုမှ ရွေးချယ်ချင်တယ်ဆိုရင်တော့ ဒီဖိနပ်ကို ရွေးချယ်နိုင်ပါတယ်။ ဖိနပ်ရောင်က အခြားသော ဖိနပ်အရောင်များနဲ့ မတူဘဲ သင့်ရဲ့အမြင်အာရုံကို ဆန်းသစ်စေမှာဖြစ်ပြီး မဝယ်ရမနေနိုင်အောင် ဆွဲဆောင်နေမှာပဲဖြစ်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၀၈ ဒေါ်လာကနေ စတင်မှာဖြစ်ပါတယ်။
Source: Nextluxury.com
Featured Image Source: Mensgear.net
