နာရီတစ်လုံးရဲ့ တန်ဖိုးဟာ ဒေါ်လာသန်းနဲ့ချီပြီး တန်ကြေးရှိတယ်လို့ပြောရင် သင်ယုံနိုင်မလား။ ဟုတ်ပါတယ် တကယ့်ကို မယုံနိုင်လောက်အောင် ဈေးကြီးလှတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး နာရီတွေ များစွာရှိပါတယ်။ အခုပြောပြမှာကတော့ တော်ရုံသန်းကြွယ်သူဌေးတွေတောင် စိတ်ကူးယဉ်ဖို့မလွယ်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး သတ်မှတ်ခံထားရတဲ့ နာရီ ၅ လုံးပဲ ဖြစ်ပါတယ်။

(၁) Breguet Marie-Antoinette Grande Complication Pocket Watch

Breguet Marie-Antoinette Grande Complication Pocket Watch

Photo : Man of Many

အနုပညာလက်ရာမြောက်လှတဲ့ ဒီနာရီကတော့ အမေရိကန်ဒေါ်လာ သန်း ၃၀ နဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးနာရီစာရင်းရဲ့ ထိပ်ဆုံမှာ ရပ်တည်နေပါတယ်။

(၂) Chopard 201-Carat Watch

Chopard 201-Carat Watch

Photo : Man of Many

ရောင်စုံစိန်များစွာနဲ့ စုစုပေါင်း စိန် ၂၀၁ ကာရက်ဖြင့် စီခြယ်ထားတဲ့ ဒီနာရီဟာဆိုရင်ကမ္ဘာပေါ်က ဈေးအကြီးဆုံး နာရီတွေထဲက တစ်လုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၅ သန်း တန်းကြေးရှိတဲ့ နာရီတစ်လုံး ဖြစ်ပါတယ်။

(၃) Patek Philippe Henry Graves Supercomplication

Patek Philippe Henry Graves Supercomplication

Photo : Man of Many

Patek Philippe နာမည်မပါပဲ ကမ္ဘာ့တန်ဖိုးအကြီးဆုံးနာရီစာရင်းကို ဖော်ပြလို့ရနိုင်မှာ မဟုတ်ပါဘူး။ Henry Graves Supercomplication အိတ်ဆောင်နာရီဟာဆိုရင် လှပတဲ့အနုစိတ်လက်ရာများနဲ့ အမေရိကန်ဒေါ်လာ ၂၄ သန်း တန်ကြေးရှိတဲ့ ဈေးအကြီးဆုံး နာရီတွေထဲကတစ်လုံးဖြစ်ပါတယ်။

(၄) Paul Newman Rolex Daytona

Paul Newman Rolex Daytona

Photo : Man of Many

Rolex နာရီတွေကတော့ ကမ္ဘာပေါ်က အကျော်ကြားဆုံးနဲ့ လူကြိုက်အများဆုံးဖြစ်ပြီး သလို ဒေါ်လာသန်းချီတန်တဲ့ ဇိမ်ခံနာရီတွေကိုလည်း ထုတ်လုပ်လေ့ရှိပါတယ်။ ဒီ Paul Newman Rolex Daytona နာရီဟာဆိုရင်လည်း စွဲမက်ဖွယ်ဒီဇိုင်းနဲ့ အမေရိကန်ဒေါ်လာ ၁၅.၅ သန်း တန်ကြေးရှိတဲ့ ဈေးအကြီးဆုံးစာရင်းဝင် နာရီတစ်လုံးဖြစ်ပါတယ်။

(၅) Jacob & Co. Billionaire Watch

Jacob & Co. Billionaire Watch

Photo : Man of Many

စိန်၂၆၀ ကာရက်ရှိတဲ့ စိန်ရောင်တလက်လက်တောက်ပနေတဲ့ ဒီနာရီကတော့ ဘီလျံနာသူဌေးကြီးတွေရဲ့ စိတ်အာရုံကို သေချာပေါက်ဆွဲဆောင်နိုင်မယ့် နာရီတစ်လုံးပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့ နာရီပုံစံ ၊ အနုစိတ်လှတဲ့ ဒိုင်ခွက်ဒီဇိုင်းနဲ့ စိန်စီထားတဲ့ Jacob & Co. Billionaire Watch နာရီဟာဆိုရင် အမေရိကန် ဒေါ်လာ ၁၁ သန်းတန်ကြေးရှိတဲ့ ဈေးအကြီးဆုံး နာရီတစ်လုံးပဲ ဖြစ်ပါတယ်။

Featured Photo : Man of Many