သာမန်လူတွေအဖို့ ဟောလီးဝုဒ်က ဒါရိုက်တာတွေအကြောင်း လူသိများကြပေမယ့် Music နယ်ပယ်က မဟုတ်ရင် ဂီတရုပ်သံဒါရိုက်တာတွေရဲ့ နာမည်ကို သိဖို့ မလွယ်ပါဘူး။ Music Video Directors တွေဟာ သီချင်းတစ်ပုဒ်ကို လူတွေစိတ်ဝင်စားတဲ့ Video တစ်ခုအဖြစ် အသွင်ပြောင်းနိုင်တဲ့ အနုပညာရှင်တွေပါပဲ။ တစ်နည်းပြောရရင် ဂီတရုပ်သံတိုလေးတွေ ဖန်တီးသူလို့လည်း ဆိုနိုင်ပါတယ်။
ဒီလို Music ရုပ်သံဖန်တီးသူတွေထဲက ပိုင်ဆိုင်မှုအလိုက် အချမ်းသာဆုံး စာရင်းဝင် ဒါရိုက်တာ ၅ ဦးစာရင်းကို ဖော်ပြလိုက်ပါတယ်။

(၅) McG

Joseph McGinty Nichol

Photo: variety

Joseph McGinty Nichol လို့လည်း ခေါ်တဲ့ ဒါရိုက်တာ McG ဟာ အခုတော့ ရုပ်ရှင်ကားကြီးတွေကို ရိုက်ကူးနေပါပြီ။ လောလောဆယ် ဒေါ်လာသန်း ၆၀ ချမ်းသာပြီး Music Video ဒါရိုက်တာတွေထဲမှာ ပဉ္စမမြောက်အချမ်းသာဆုံး ဖြစ်ပါတယ်။Smashmouth လိုအကြီးကျယ်ဆုံး အသံသွင်းအနုပညာရှင်မျိုးနဲ့ ပေါင်းပြီး “Walking In The Sun”သီချင်းနဲ့ Billboard မှာ ၁၉၉၇ ခုနှစ်အတွက် Pop Video of The Year ဆုရခဲ့တဲ့ အနုပညာမျိုး ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။
နာမည်ကြီး band တွေ ဖြစ်တဲ့ Sugar Ray လို တီးဝိုင်းနဲ့ တွဲအလုပ်လုပ်ခဲ့ပြီး ဆုတွေ ရခဲ့ပါတယ်။ ဂီတရုပ်သံဗွီဒီယိုမှာ အောင်မြင်မှုတွေ ရခဲ့သလို ၂၀၀၀ ပြည့်နှစ်ဗားရှင်း ဖြစ်တဲ့ Charlie’s Angels ၊ We Are Marshall ၊ This Means War နဲ့ The Babysitter တို့လို ရုပ်ရှင်တွေလည်း ရိုက်ကူးခဲ့ပါတယ်။

(၄) Brett Ratner

Brett Ratner

Photo: variety

Brett Ratner ကတော့ ဒေါ်လာ ၈၅ သန်း ချမ်းသာတဲ့ Music Video Director တစ်ဦး ဖြစ်ပြီး Rap မြူးဇစ်တွေကို ဗွီဒီယိုဖန်တီးရာမှာ ထင်ရှားပါတယ်။ Public Enemy ၊ Redman ၊ LL Cool J နဲ့ Wu-Tang Clan တို့လို နာမည်ကျော် အနုပညာရှင်တွေနဲ့လည်း လက်တွဲပြီး ရိုက်ကူးမှုတွေ လုပ်ခဲ့သူ ဖြစ်ပါတယ်။ နောက်တော့ Mariah Carey ၊ Maonna နဲ့ Miley Cyrus တို့လို အနုပညာရှင်တွေနဲ့ပါ Music Video ဖန်တီးမှုတွေ လုပ်ခဲ့ပါတယ်။ Brett Ratner ဟာ နာမည်ကြီး ဟောလီဝုဒ်ကားတွေ ဖြစ်တဲ့ Rush Hour နဲ့ The Family Man လို ရုပ်ရှင်တွေ ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။

(၃) David Fincher

David Fincher

Photo: NME

Music Video ဒါရိုက်တာတွေထဲမှာ တတိယအချမ်းသာဆုံးက David Fincher ဖြစ်ပါတယ်။ ဒေါ်လာသန်း ၁၀၀ ချမ်းသာတဲ့သူဟာ ဟောလီဝုဒ်ရဲ့ အကျော်ကြားဆုံး Music Video ဒါရိုက်တာတွေထဲက တစ်ဦးအဖြစ် အသိအမှတ်ပြုထားပါတယ်။ သူ့ဘဝတစ်လျှောက်မှာ ကြော်ငြာ Commercials တွေ ၊ မှတ်တမ်းရုပ်ရှင်တွေ ၊ Music Videos တွေ ရိုက်ကူးခဲ့သလို Propagand Films ဆိုပြီး ကိုယ်ပိုင် ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုပါ တည်ထောင်ထားပါတယ်။
David Fincher ဟာ Music Video ဒါရိုက်တာလုပ်စဉ်က နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ Paula Abdul ၊ George Michael ၊ Michael Jackson ၊ Aerosmith နဲ့ Billy Idol တို့လို နာမည်ကျော်တွေနဲ့ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ Madonna နဲ့ ရိုက်ခဲ့တဲ့ Music Videos တွေမှာ သူ့နာမည်ပို ပေါက်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာတော့ ရုပ်ရှင်လိုင်းကို ကူးပြောင်းခဲ့ပြီး Fight Club ၊ Zodiac နဲ့ The Social Network လို ရုပ်ရှင်တွေ ရိုက်ကူးခဲ့ပါတယ်။

(၂) Gore Verbinski

gore-verbinski

Photo: variety

ဒုတိယမြောက်အချမ်းသာဆုံး Music Video Director တစ်ဦးက Gore Verbinski ဖြစ်ပါတယ်။ တခြား Music Video Directors တွေလိုပဲ Music Video ဘက်မှာရော Movies တွေဘက်မှာပါ အောင်မြင်မှုတွေ ရခဲ့သူ ဖြစ်ပါတယ်။ Gore Verbinski ဟာ နာမည်ကျော် Pirates of The Caribbean ပထမသုံးကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာသန်း ၁၃၀ ခန့် ရှိပါတယ်။

(၁) Michael Bay

Michael Bay

Photo: forbes

Michael Bay ဟာ ဒေါ်လာသန်း ၄၅၀ အထိ ချမ်းသာပါတယ်။ ရုပ်ရှင်ဘက်မှာ အောင်မြင်ကျော်ကြားမှု ပိုရခဲ့ပေမယ့် Music က သူ့ပရော်ဖက်ရှင်နယ်ခရီးရဲ့ အစပါပဲ။ Divinyls ရဲ့ I Touch Myself နဲ့ Meatloaf ရဲ့ I’d Do Anything For Love (But I Won’t Do That) စတဲ့ Music Videos တွေကို သူပဲ ဖန်တီးခဲ့တာပါ။ သူ့သီချင်းဗွီဒီယိုဖန်တီးမှုကို Jerry Bruckheimer နဲ့ Don Simpson တို့က မျက်စိကျသွားရာကနေ ၁၉၉၅ မှာ Bad Boys ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးစေခဲ့ပါတယ်။
Bad Boys က ဒေါ်လာ ၁၉ သန်း သုံးပြီး ရိုက်ကူးခဲ့ပေမယ့် ၁၄၁.၄ သန်းအထိ ပြန်ရတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ နောက် ဒေါ်လာ ၃၃၅.၁ သန်း ရခဲ့တဲ့ The Rock (1996) ရုပ်ရှင်မှာ သူဟာ ပိုပြီး အောင်မြင်မှု‌တွေ ရခဲ့ပါတယ်။ သူ့ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်တွေထဲမှာ Transformers ကိုလည်း ထည့်ပြောရမှာပါ။

 

Photo: filtergrade