ဘောလုံးအားကစားသည် ကမ္ဘာပေါ်မှာ ပေါ်ပြူလာအဖြစ်ဆုံး အားကစားတစ်ခုဖြစ်ပြီး အရည်အချင်းရှိသော အားကစားအကျော်အမော်များကိုလည်း အမြဲတမ်း မွေးထုတ်ပေးလေ့ရှိတဲ့ အားကစားတစ်ခုပဲဖြစ်ပါတယ်။ အရည်အချင်းရှိတဲ့ အားကစားသမားတွေတင်မကသေးပါဘူး။ ဆွဲဆောင်မှုရှိပြီး ညှို့ငင်အားပြင်းတဲ့ ဘောလုံးသမားတွေသည်လည်း အများအပြားပါပဲ။ ထိုအထဲကမှ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးလို့ သတ်မှတ်ခံထားရတဲ့ ဘောလုံးသမားများကို ဖော်ပြပေးချင်ပါတယ်။

Asmir Begovic

Most Handsome Soccer Players in the World

Photo: Skysports

အသက် ၂၈ နှစ်ရှိပြီးဖြစ်သော Asmir Begovic သည် ဂိုးသမားအဖြစ် တာဝန်ယူရတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အရပ် ၆ ပေ ၆ လက်မသည်လည်း သူ့ကို ဆွဲဆောင်မှုပိုရှိစေသလို အင်္ဂလိပ်၊ ပြင်သစ်၊ ဘော့စ်စနီးယန်းနှင့် ဂျာမန်ဘာသာစကားလေးမျိုးစလုံးကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်ပါတယ်။

Yaya Toure

Yaya Toure

Photo: Wikipedia

ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီး အသက် ၃၃ နှစ်ရှိပြီဖြစ်ပါတယ်။ သူသည် နှိမ့်ချတတ်သူဖြစ်ပြီး ပရဟိတလုပ်ငန်းများကိုလည်း အားကြိုးမာန်တက် ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူသည် Puma ၊ Nissan စတဲ့ နာမည်ကြီး ဘရန်းတွေအတွက်လည်း Brand Ambassador အဖြစ် ကြော်ငြာပေးနေတာဖြစ်ပါတယ်။

Claudio Marchisio

Claudio Marchisio

Photo: Juventus

အီတလီလူမျိုးများသည် သူတို့ရဲ့ဖက်ရှင်စတိုင်လ်တွေကြောင့် နာမည်ကျော်ကြားကြပါတယ်။ Claudio သည်လည်း ထိုနည်းလည်းကောင်းပါပဲ။ အသက် ၃၀ ကျော်ပြီဖြစ်ပြီး သူ့ရဲ့ မျက်လုံးပြာပြာလေးများဖြင့် အမျိုးသမီးများကို ဆွဲဆောင်နေတာဖြစ်သလို အင်္ကျီချွတ်လိုက်တဲ့အခါ သူ့ရဲ့ဝမ်းဗိုက်နှင့် ရင်အုပ်ကြွက်သားများကလည်း တောင့်တောင့်တင်းတင်းနဲ့ ကြည့်ကောင်းပါတယ်။

Theo Walcott

Most Handsome Soccer Players in the World

Photo: Independent

သူကတော့ တိုက်စစ် ဆော့ကစားရာမှာ ကျွမ်းကျင်သူဖြစ်ပြီး သူ့ရဲ့နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးအပြည့်နှင့် တက်တူးများကလည်း သူ့ကို ပိုမိုဆွဲဆောင်မှုရှိစေတာဖြစ်ပါတယ်။

James Rodriguez

Most Handsome Soccer Players in the World

Photo: Bundesliga

အသက် ၂၄ နှစ်ရှီပြီဖြစ်တဲ့ လူငယ်ဘောလုံးသမားကတော့ ရုပ်ရည်ကလည်း ကြည့်ကောင်းတဲ့အပြင် ကြွက်သားများနဲ့ တောင့်တင်းသန်မာတဲ့အသွင်ရှိပါတယ်။ ဒါတင်မကသေးပါဘူး။ သူူ့ရဲ့အားကစားအရည်အချင်းကလည်း အံ့မခန်းလောက်အောင်ပါပဲ။

Sergio Ramos

Most Handsome Soccer Players in the World

Photo: AS English

သူ့ရဲ့ Six-Pack တွေက Eight-Pack အဖြစ်တောင် ပြောင်းတော့မလား အောက်မေ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့တက်တူးများက ပိုမိုဆွဲဆောင်မှုတိုးသွားစေတာဖြစ်ပါတယ်။

Olivier Giroud

Most Handsome Soccer Players in the World

Photo: The Sun

အရပ်ရှည်ရှည်နဲ့ ရုပ်ရည်ရူပကာ ခန့်ညားလှပတဲ့ Olivier Giroud ကိုလည်း ဒီစာရင်းထဲမှာ ချန်လှပ်ထားလို့မဖြစ်ပါဘူး။

Neymar Jr.Dos Santos

Most Handsome Soccer Players in the World

Photo: Celebanswers

Neymar ဆိုရင် မိန်းကလေးပရိသတ်တွေက သည်းသည်းလှုပ်ပါပဲ။ သူသည် ဆံပင်စတိုင်လ်မျိုးစုံ ပြောင်းလဲလေ့ရှိပြီး သူ့ရဲ့အပြုံးတစ်ပွင့်သည်လည်း နှစ်လိုဖွယ်ကောင်းအောင် ဆွဲဆောင်မှုရှိပါတယ်။

David Beckham

Most Handsome Soccer Players in the World

Photo: GQ

သူသည် ဘောလုံးလောကမှာ အနားယူသွားပြီဖြစ်ပေမယ့် အသက် ၄၀ ကျော်နေသည့်တိုင်အောင် ခံ့ညားပြီး ဆွဲဆောင်မှုရှိနေဆဲပဲဖြစ်ပါတယ်။ အမြဲတမ်းစတိုင်လ်ကျနေတတ်တာကတော့ သူ့ရဲ့အားသာချက်တစ်ခုလိုပါပဲ။

Cristiano Ronaldo

Most Handsome Soccer Players in the World

Photo: Scmp

နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို Cristiano Ronaldo ကတော့ ဒီစာရင်းထဲမှာ ထိပ်ဆုံးကနေ ပါနေတာဖြစ်ပါတယ်။ CR7 လို့ လူသိများတဲ့ ဘောလုံးသမားသည် ဘောလုံးကစားရာမှာလည်း ကျွမ်းကျင်သလို ရုပ်ရည်ကလည်း ဆွဲဆောင်မှုရှိတာ အမှန်ပါပဲ။

Source: M.allfootballapp.com

Featured Image Source: Sportingnews.com