ဘောလုံးအားကစားဟာ ကမ္ဘာပေါ်မှာ လူတွေအားပေးမှုအများဆုံး ရရှိထားတဲ့ အားကစားတစ်မျိုးလို့ ပြောရင်မမှားပါဘူး။ နာမည်ကြီး ဘောလုံးသမားတွေဟာ မယုံနိုင်လောက်အောင် ဝင်ငွေကောင်းကြပြီး ပရိသတ်တွေကြားမှာ လည်းထင်ပေါ်ကျော်ကြားကြပါတယ်။ ဒါပေမယ့် ဘောလုံးလောကရဲ့ တခြားတဖက်မှာလည်း ရုပ်ဆိုးအကျည်းတန်တာတွေ ရှိနေပါသေးတယ်။ ကွင်းအတွင်းမှာ ပရော်ဖက်ရှင်နယ် အားကစားစိတ်ဓာတ် မရှိတာကြောင့် လူမုန်းခံရတဲ့ ဘောလုံးသမားတွေလည်း ရှိနေပါတယ်။ ဒီနေ့ kwee page ကဘောလုံး ပရိသတ်အများစု မုန်းကြတဲ့ ကစားသမားတွေကို ဖော်ပြပေးသွားမှာပါ။

ပီပီ

Source: Daily Mail

ရီးရဲနောက်ခံကစားသမားဟောင်း ပီပီဟာ ပြိုက်ဘက်ကစားသမားတွေကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်ထုတ်ကစားရာမှာ နာမည်ကြီးတဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမယ့် သူဟာရီးရဲအသင်းအတွက် အရေးပါတဲ့ ခံစစ်ကစားသမားဖြစ်ခဲ့ပြီး အသင်းအတွက် နှစ်ပေါင်းများစွာ ကစားပေးခဲ့ပါတယ်။ သူရဲ့ ကွင်းအတွင်း ကစားသမား ပပီသတဲ့ လုပ်ရပ်တွေကြောင့် လူအများက သူ့ကိုမုန်းတီးကြပါတယ်။

ယုတ်မာတဲ့ ကစားပုံတွေကြောင့် ဘောလုံးပရိသတ်တော်တော်များများ က သူ့ကို မုန်းတီးကြပါတယ်။ မက်ဆီ ရဲ့ လက်ကို တမင် တက်နင်းခဲ့တဲ့ အခိုက်အတန့် နဲ့ ဂိုးဧရိယာအတွင်း လဲကြသွားတဲ့ ဂီတာဖေး ကစားသမားရဲ့ နောက်ကျောကို တမင် ကန်ခဲ့တဲ့ အပြုအမူတွေဟာ တကယ့်ကို ပရော်ဖက်ရှင်နယ်မဆန်တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ ပီပီဟာ လက်ရှိမှာ ပေါ်တိုအသင်းမှာ ကစားလျက်ရှိနေပါတယ်။

ရာမို့စ်

Source: AS English

ရီးရဲနောက်ခံလူ နောက်တစ်ဦးဖြစ်တဲ့ ရာမို့စ်ဟာ ခံစစ်ကစားသမားတွေထဲမှာ ဂိုးသွင်းကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုတွေနဲ့ လူချကစားတတ်တဲ့ ကစားဟန်တွေကြောင့် ပရိသတ်တော်တော်များများက သူ့ကို မနှစ်သက်ကြပါဘူး။ (၂၀၀၅) ခုနှစ်ကတည်းက ရီးရဲအသင်းမှာ ကစားနေတာဖြစ်ပြီး လက်ရှိအထိ အသင်းအတွက် သစ္စာရှိရှိ ကစားပေးနေတုန်းပါ။

ရီးရဲအသင်းအတွက် ပွဲပေါင်း (၆၃၈) ပွဲကစားပေးထားပြီး အနီကက် (၂၆) ကြိမ်အထိ ပြသခံထားရပါတယ်။ ပြီးတော့ ရာမိုစ့်ဟာ ချန်ပီယံလိပ်၊ စပိန်၊ လာလီဂါ နဲ့ ရီးရဲမက်ဒရစ်မှာ ကတ်အများဆုံးပြခံထားရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ကောင်းတဲ့မှတ်တမ်းတော့ မဟုတ်ပါဘူး။

ဘာတန်

Source: TalkSport

အင်္ဂလန်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဘာတန်ဟာ ကစားသမားသက်တမ်းတစ်လျှောက် အဝါကက် (၇၈) ကက်နဲ့ အနီကက် (၆) ကက်အထိပြသခံထားရတဲ့ ကစားသမားတစ်ယောက်ပါ။ ကွင်းထဲမှာ အမြဲပြဿနာရှာလေ့ရှိပြီး ပြိုက်ဘက်ကစားသမားတွေနဲ့လည်း မကြာခဏ ရန်ဖြစ်လေ့ရှိသူပါ။ သူရဲ့ရန်လိုတဲ့ အပြုအမူတွေကြောင့် ပြိုက်ဘက် ကစားသမားတွေသာမက အသင်းဖော်တွေကပါ စိုးရိမ်နေရတဲ့အထိပါ။ ဘာတန်ဟာ မန်စီးတီး နယူးကာဆယ် နဲ့ QPR အသင်းတို့မှာ ကစားခဲ့ဖူးပြီး (၂၀၁၂) တုန်းကလည်း မန်စီးတီးတာဝန်ရှိသူတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်မိခဲ့လို့ (၁၂) ပွဲပြစ်ဒဏ်အထိတောင် ချမှတ်ခံခဲ့ရပါတယ်။

ဒီယေဂို ကော်စတာ

Source: The-Statesman

တိုက်စစ်မှူးတွေထဲမှာ လူမုန်းအများဆုံး ကစားသမားတွေထဲမှာ စပိန်တိုက်စစ်မူး ဒီယေဂို ကော်စတာ လည်းအပါအဝင်ပါ။ ဂိုးသွင်းကောင်းပြီး အသင်းအတွက် အားကိုးရတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပေမယ့် ကွင်းအတွင်း အားကစားသမားမပီသတဲ့ အပြုအမူတွေကြောင့် မကောင်းတဲ့ဖက်ကနေ လူသိများပါတယ်။ ပြိုက်ဖက်နောက်တန်းကစားသမားတွေကို စိတ်တိုလာအောင် သွားသွားဆွတက်ပြီး အနီကက်ပြခံရအောင် လုပ်လေ့ရှိသူပါ။ လက်ရှိမှာတော့ အက်တလန်တီကို မက်ဒရစ်အသင်းမှာ ကစားနေပါတယ်။

လူးဝစ် ဆွာရက်ဇ်

Source: The-Statesman

ဆွာရက်ဇ်ဆိုတာနဲ့ ပရိသတ်တော်တော်များများက သူ့ရဲ့ကိုက်တက်တဲ့ အကျင့်ကိုသွားမြင်မိမှာသေချာပါတယ်။ သူဟာ ပြိုက်ဘက် ကစားသမား (၃) ယောက်တိတိကို သွားနဲ့ ကိုက်ခဲ့ဖူးပါတယ်။ ကွင်းအတွင်းမှာ ပရော်ဖက်ရှင်နယ် မပီသတဲ့ လုပ်ရပ်ကြောင့် လူသိများပါတယ်။

(၂၀၁၀) ကမ္ဘာ့ဖလား ကွာတား ဖိုင်နယ်တုန်းက ဥရုဂွေး အသင်းနဲ့ ဂါနာအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်ခဲ့စဉ်မှာ ဆွာရက်စ် က ဂိုးဝင်ခါနီးဘောလုံးကို လက်နဲ့ ပုတ်ကာ ကာကွယ်သွားခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြခံလိုက်ရပါတယ်။ ဒါကြောင့် ဥရုဂွေးအသင်းကတော့ ဆွာရက်စ် ရဲ့ လက်ပုတ်ကာကွယ်မှုကြောင့် ပင်နယ်တီမှာ အနိုင်ရရှိသွားခဲ့ပြီး နောက်တစ်ဆင့်တက်သွားခဲ့ပါတယ်။ ဂါနာ တစ်နိူင်ငံလုံးက ဆွာရက်ဇ်ကို မုန်းတီးသွားမှာ အသေအချာပါပဲ။ ပြီးတော့ လီဗာပူးအသင်းမှာ ကစားခဲ့စဉ်က မန်ယူနောက်ခံလူဟောင်း အီဗရာကို လူမျိုးရေးခွဲခြားခဲ့တဲ့ အပြုအမူကြောင့် (၈) ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးပါတယ်။