ကိုယ် ခရက်ရှ်နေတဲ့ ကောင်မလေးနဲ့ အပြင်မှာ ဒိတ်ဖို့ချိန်းတဲ့အခါ ဘယ်လိုချိန်းရမှန်းမသိဖြစ်နေတဲ့ ယောကျာ်းများအတွက် ဒီအချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

မက်ဆေ့ချ် (သို့) အီးမေးလ် ပို့ပြီး မချိန်းပါနဲ့

tips for men for first date

အီးမေးလ်ပို့ပြီး ချိန်းချင်တယ်ဆိုရင်တော့ အလုပ်နဲ့ ပတ်သက်တဲ့အစည်းအဝေးမျိုးကိုပဲ ချိန်းပါ။ ကိုယ့်ရဲ့ခရက်ရှ်လေးနဲ့ ဒိတ်ချင်တယ်ဆိုရင်တော့ ဖုန်းဆက်ပြီး ချိန်းတာအကောင်းဆုံးပါပဲ။ ဒိတ်တယ်ဆိုတာက တစ်ယောက်အကြောင်းကို တစ်ယောက် ပိုသိကျွမ်းချင်လို့မဟုတ်လား။ မက်ဆေ့ချ်ပို့ပြီး ချိန်းရင်တောင်မှ ဖုန်းဆက်တာလောက် သိပ်ပြီးအစွမ်းမထက်ပါဘူး။

ဖြည်းဖြည်းချင်းဆီ အကွက်ရွေ့ပါ

tips for men for first date

အခုလေးတင်ပဲ မက်ဆင်ဂျာမှာ စကားပြောပြီးတယ်၊ ဖုန်းနံပါတ် ချက်ချင်းတောင်း၊ အပြင်မှာ ဒိတ်ဖို့ ချက်ချင်းချိန်းတာမျိုး မလုပ်ပါနဲ့။ သင့်ရဲ့ခရက်ရှ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ပေးဖို့လိုပါတယ်။ ဆိုရှယ်မီဒီယာတစ်ခုခုကနေ ရင်းနှီးကျွမ်းဝင်မှု အရင်ယူပါ။ သူ့ဘက်က သင့်အပေါ် စိတ်ဝင်စားတယ်ဆိုရင် အရေးတယူလုပ်ပြီး စကားပြန်ပြောပါလိမ့်မယ်။ ထိုမှတဆင့် ဖုန်းနံပါတ်တောင်းပါ။ ဖုန်းနံပါတ် ရပြီးတဲ့အခါ ဖုန်းဆက်ပြီး စကားပြောပါ။ အချိန်တစ်ခုကြာသွားပြီဆိုမှ အပြင်မှာ တွေ့ဖို့ချိန်းပါ။

သင့်ဘက်က အရင်ဦးဆောင်ပါ

tips for men for first date

အခြေအနေကောင်းလာပြီ ဒိတ်ဖို့ပြောပြီးသွားပြီဆိုရင် ဘယ်နေရာမှာ ဒိတ်မလဲက အရေးကြီးပါတယ်။ သူ(မ)ရဲ့အကြိုက်ကို မေးပါ။ ဘယ်နေရာမှာ ဒိတ်ချင်သလဲ အရင်ဦးစားပေးပါ။ သင့်ဘက်ကလည်း ဒိတ်ဖို့ကောင်းတဲ့နေရာတွေကို အကြံပေးတတ်ဖို့လိုပါမယ်။ ဒိတ်ဖို့မပြောခင်ကတည်းက သေချာစဉ်းစားထားပါ။

လူအများ သွားလာနေကျနေရာမှာ ဒိတ်ပါ

tips for men for first date

ပထမဦးဆုံးဒိတ်တာဖြစ်တဲ့အတွက်ကြောင့် သူ(မ)အတွက် လုံခြုံမှုခံစားရဖို့သည် ပထမဦးစားပေးပါ။ ဒါ့ကြောင့် လူအရောက်အပေါက်နည်းပြီး တိတ်ဆိတ်လွန်းတဲ့နေရာထက် လူသွားလူလာများပြီး ဒိတ်လို့ကောင်းတဲ့နေရာမျိုးကို သေချာရွေးချယ်သင့်ပါတယ်။

သေချာအောင်လို့ ဖုန်းထပ်ဆက်ပြီး Confirm လုပ်ပါ

tips for men for first date

ယောကျာ်းလေးများသည် ပထမဦးဆုံး စဒိတ်တဲ့အချိန်မှာ ထိုကောင်မလေးကို သွားကြိုတာမျိုး လုပ်လေ့လုပ်ထမရှိပါဘူး။ ဒါ့ကြောင့် သင့်ဘက်ကလည်း ထိုဒိတ်အတွက် စိတ်အားထက်သန်ကြောင်း ပြရာလည်းရောက်အောင် သူ(မ)ဘက်ကလည်း မေ့သွားတာမျိုး မဖြစ်ရလေအောင် ဒိတ်မယ့်အချိန်နီးတဲ့အခါ ဖုန်းထပ်ဆက်ပြီး Confirm လုပ်ရပါမယ်။

လူကြီးလူကောင်းဆန်သော အပြုအမူများ ပြုလုပ်ပါ

tips for men for first date

မိန်းကလေးများသည် သူတို့ကို ဦးစားပေးတာမျိုး အင်မတန်သဘောကျကြပါတယ်။ စစဒိတ်ကတည်းက အမှတ်ပြည့်လိုချင်တယ်ဆိုရင်တော့ လူကြီးလူကောင်းဆန်တဲ့ အပြုအမူမျိုးကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဥပမာ တံခါးပေါက်ကို သူ(မ)အတွက် ဖွင့်ပေးတာမျိုး၊ သူ(မ)ထိုင်မယ့် ထိုင်ခုံကို သူ(မ)အတွက် ဆွဲထုတ်ပေးတာမျိုး စတဲ့အပြုအမူတွေက သင့်ကို ကြွေသွားအောင် ကူညီပေးနိုင်ပါတယ်။

သင့်ရဲ့ဖုန်းကို အာရုံမထားပါနဲ့တော့

tips for men for first date

တစ်စုံတစ်ယောက်နဲ့ ဖုန်းပြောနေချိန်မှာ ဖုန်းရဲ့နိုတီသံ တတောင်တောင်မြည်နေတလောက် စိတ်အနှောင့်အယှက်ဖြစ်တာမရှိသေးပါဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းကို Silent လုပ်ထားတာအကောင်းဆုံးပါပဲ။ ဒါဆိုရင်တော့ သူ(မ)ဘက်ကနေပြီးတော့ သူ့ကို သေချာအချိန်ပေးပါလားဆိုတာကို ခံစားသွားရစေပါလိမ့်မယ်။

သင်ရော ပထမဦးဆုံး စချိန်းတွေ့တဲ့အခါ ဘယ်လိုနည်းလမ်းကောင်းတွေကို ကျင့်သုံးလေ့ရှိပါသလဲ။

Source: Zoosk.com

Featured Image Source: Pexels.com