အပြေးလေ့ကျင့်ခန်းဆိုတာ လူကြီးလူငယ်ကျားမ မရွေး အချိန်နေရာမရွေး ပြုလုပ်နိုင်ပြီး ငွေကုန်ကြေးကျသက်သာတဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း လွန်စွာအကျိုးရှိတဲ့အပြင် အချိန် (၁) နာရီလောက်ပေးရုံနဲ့ ထိရောက်မှုရှိတဲ့ ရလဒ်ကိုခံစားရမှာပါ။ဒါကြောင့်ဒီနေ့မှာတော့ အပြေးလေ့ကျင့်ခန်း စတင်ပြုလုပ်မယ့် Beginner တွေအတွက် သိထားသင့်တဲ့အကြံပြုချက်တွေကို မျှဝေပေးချင်ပါတယ်။
(၁) အကြော့လျော့ပါ

Source : Twenty20
အားကစားတစ်ခုခုလုပ်တော့မယ်ဆိုရင် အရင်ဆုံးခန္ဓာကိုယ်အကြောတွေပျော့ပြေင်းသွားစေဖို့ အကြော့လျော့ပေးရပါတယ်။ အပြေးလေ့ကျင့်ခန်းဟာလည်း ထိုနည်းတူပါပဲ။ မပြေးခင် ၁၅ မိနစ်လောက်အလိုမှာ အကြော့လျော့ခြင်းကို မဖြစ်မနေ ပြုလုပ်ပေးသင့်ပါတယ်။ဒါမှလည်း ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေရဲ့ နာကျင်မှုကို သက်သာစေမှာပါ။
(၂) အကွာအဝေးသတ်မှတ်ပါ

Source : The Telegraph
အခုမှစပြေးမယ့် Beginner တစ်ယောက်အတွက် ၃ ကီလီမီတာလောက်က အသင့်တော်ဆုံးပါပဲ။ နောက်မှတဖြေးဖြေးချင်စီ အကွာအဝေးကိုတိုးသွားပါ။ စစပြေးတဲ့နေ့မှာပဲ အကွာအဝေး အရမ်းများများပြေးဖို့မသင့်တော်ပါဘူး။ ဒါကြောင့် ၃ ကီလီမီတာလောက်အကွာဝေးနဲ့စပြေးကြည့်ဖို့ အကြံပြုချင်ပါတယ်။
(၃) သက်တောင့်သက်သာရှိတဲ့ဝတ်စုံဝတ်ပါ

Source : YouWorkForThem
အပြေးသမားတစ်ယောက်အတွက် အဓိကလိုအပ်တာ ဖိနပ်ပါ။ ကိုယ်က အပြေးလေ့ကျင့်ခန်းကို တစိုက်မတ်မတ်လုပ်တော့မယ်ဆိုရင် Running Shoes ကောင်းကောင်းတစ်ရံလောက် ဝယ်ထားသင့်ပါတယ်။ ပြီးရင်တော့အဝတ်အစားပါ။ ပြေးတဲ့အခါ လွတ်လပ်ပေါ့ပါးမှုရှိပြီး သက်တောင့်သက်သာရှိတဲ့ ဘောင်းဘီတို အင်္ကျီလက်ပြတ်တို့ကိုသာရွေးချယ်သင့်ပါတယ်။
(၄) ပြေးမယ့်နေရာရွေးချယ်ပါ

Source : Simple Wkipedia
ကိုယ်ပြေးမယ့်နေရာက ဘေးကင်းမှုရှိရဲ့လားဆိုတာလည်း မဖြစ်မနေထည့်စဉ်းစားသင့်ပါတယ်။ ပန်းခြံ ကန်ဘောင်လိုနေရာတွေက အန္တရာယ်နည်းပေမယ့် ကားလမ်းမလိုနေရာတွေမှာတော့ ယာဉ်အန္တရာယ် လမ်းအန္တရာယ်တွေကအထူးသတိပြုဖို့လိုလာပါပြီ။ နောက်တစ်ခုမြန်မာနိုင်ငံက လမ်းမတွေမှာသတိထားရမှာခွေးတွေပါပဲ။ အပြေးသမားတွေကို မျက်စိနောက်ပြီးခွေးလိုက်ဆွဲခံရတက်ပါတယ်။ ဒါကြောင့်အရင်ဆုံးကိုယ်ပြေးမယ့်လမ်းမှာ ဘယ်လိုအန္တရာယ်တွေရှိလဲဆိုတာသေချာလေ့လာထားသင့်ပါတယ်။
