ယနေ့မှာ အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိလာနေပါပြီ။ ဒါပေမယ့် ဒီနေ့မတိုင်ခင်မှာ ရဲရင့်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေ အများကြီး ပေါ်ထွန်းခဲ့ဖူးပါတယ်။ သူတို့တွေဟာ ကမ္ဘာကြီးကို တနည်းတဖုံး ပြောင်းလဲအောင် စွမ်းဆောင်နိုင်ခဲ့ကြတယ်။

ဒီနေ့မှာတော့ kwee page ကနေ ကမ္ဘာ့သမိုင်းထဲက လေးစားအားကျဖွယ်ကောင်းသော အမျိုးသမီးတွေကို ဖော်ပြပေးသွားမှာပါ။

Florence Nightingale (၁၈၂၀-၁၉၁၀)

သူမဟာ သူနာပြုတစ်ယောက်ပါ။ သူမဟာ Crimean စစ်ပွဲဖြစ်တုန်းက စစ်သားတော်တော်များများရဲ့ အသက်ကိုကယ်တင်နိုင်ခဲ့ပြီး သူနာပြုတွေအပေါ် အများရဲ့အမြင်ကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ သူမဘဝတစ်ခုလုံးကို သူနာပြုအလုပ်မှာပဲ မြုပ်နှံခဲ့တဲ့သူပါ။

Marie Curie (၁၈၆၇-၁၉၃၄)

သိပ္ပံပညာရှင်/တီထွင်သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ဒီနေ့ခေတ်ဆေး ပညာရပ်မှာ အလွန်အသုံးဝင်တဲ့ x-ray တီထွင်တဲ့နေရာမှာ ဦးဆောင်ခဲ့တဲ့သူတွေထဲက တစ်ဦးပါ။ သူမဟာ ပိုလန်နိုင်ငံသူဖြစ်ပြီး ပထမဆုံး Nobel Prize ချီးမြှင့်ခံခဲ့ရတဲ့ အမျိုးသမီးလည်းဖြစ်ပါတယ်။

Mother Teresa (၁၉၁၀-၁၉၉၇)

သူမဟာ သီလရှင်တစ်ပါးဖြစ်ပါတယ်။ သူမရဲ့ ဘဝကို ဆင်းရဲတဲ့သူ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီရင်း ကုန်ဆုံးခဲ့ပါတယ်။ သူမရဲ့ ပရဟိတ လုပ်ငန်းတွေကြောင့် (၁၉၇၉) ခုနှစ်တွင် Nobel prize ချီးမြှင့်ခံခဲ့ရပါတယ်။

Clara Barton (၁၉၂၁-၁၉၁၂)

သူမဟာ ဆရာမတစ်ယောက်ပါ။ အသက်ငယ်ငယ်ဖြင့် ဆရာမတစ်ယောက်ဖြစ်လာခဲ့ပြီး NJ ဆိုတဲ့ပြည်သူပိုင် ကျောင်းတစ်ကျောင်း တည်ထောင်နိူင်ခဲ့တယ်။ သူမဟာ ပြည်တွင်းစစ် အတွင်းမှာ အမေရိကန် ကြက်ခြေနီအဖွဲ့ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံနိူင်ခဲ့ပါတယ်။ သူမရဲ့ဘဝ ကိုတခြားလူတွေကို ကူညီရင်းနဲ့ပဲ ကုန်ဆုံးခဲ့တဲ့ လေးစားဖွယ်အမျိုးသမီးတစ်ယောက် ဆိုလည်းမမှားပါဘူး။

Helen Keller (၁၈၈၀-၁၉၆၈)

သူမဟာ စာရေးဆရာမ တစ်ယောက်ပါ။ မသန်စွမ်းခြင်းက လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ကို ယူဆောင်မသွားနိုင်ဘူးဆိုတာကို သက်သေပြခဲ့သူဖြစ်ပါတယ်။ သူမဟာ မျက်လုံးကွယ်နေပြီး နာမကြားတဲ့သူဖြစ်ပေမယ့် တက္ကသိုလ်ကနေ ဘွဲ့ရခဲ့သူပါ။ သူမဟာ မသန်းစွမ်းတဲ့သူတွေရဲ့ လေးစားအားကျမှု ခံရတဲ့သူဖြစ်ပါတယ်။

Source: 10 Most Today