တစ်ချို့တိရိစ္ဆာန်လေးတွေဟာ လူတွေသင်ပေးသမျှအားလုံးနီးပါးကို မှတ်မိပြီး လုက်လုပ်နိူင်စွမ်းရှိတဲ့အထိ ဉာဏ်ရည်မြင့်မားကြပါတယ်။ တစ်ချို့ တိရိစ္ဆာန်တွေဆိုရင် လူတစ်ယောက်ရဲ့မျက်နှာကို တစ်သက်လုံးမှတ်မိနေတတ်ကြတယ်။

ဒီနေ့မှာ kwee page ကနေ ကမ္ဘာ့အသိဉာဏ်အမြှင့်ဆုံး တိရိစ္ဆာန်လေးတွေအကြောင်း ပြောပြပေးသွားမှာပါ။

ချင်ပန်ဇီ

Source: 10 Most Today

ချင်ပန်ဇီ နှစ်မျိုးနှစ်စားရှိပါတယ်။ နှစ်မျိုးစလုံးက လူတွေနဲ့ အနီးစပ်ဆုံး တူညီကြပါတယ်။ သူတို့တွေဟာ အစာစားဖို့ အတွက် လူတွေလိုပဲ ပစ္စည်းကိရိယာတွေ အသုံးပြုတတ်ကြတယ်။ ဥပမာ အုန်းသီးကို ကျောက်တုံးအသုံးပြုပြီး ခွဲစားတာတွေကို တွေ့နိူင်ပါတယ်။

သူတို့မှာ ခေတ်မှီတဲ့အမဲလိုက် ဗျူဟာတွေ ရှိပြီး၊ တစ်ကောင်နှင့်တစ်ကောင် ပူးပေါင်းပါဝင်မူ၊ အလွှာအလိုက် လွှမ်းမိုးမူ တွေရှိကြတယ်။ သူတို့ဟာ လူတွေရဲ့ တစ်ချို့သော ဘာသာစကားကို နားလည်နိူင်ပြီး လူတွေလိုပဲ လိမ်လည်လှည့်ဖြားနိူင်ကြတယ်။ သူတို့တွေဟာ လူတွေရဲ့ခံစားချက်ကိုလည်း နားလည်နိူင်ပြီး နံပက်စဉ်တွေကိုလည်း မှတ်သားထားနိူင်စွမ်းရှိကြတာကြောင့် ကမ္ဘာ့အသိဉာဏ်အမြင့်ဆုံး တိရိစ္ဆာန်အဖြစ် သက်မှတ်ထားကြပါတယ်။

ဆင်

Source: World Wildlife Fund

ဆင်တွေဟာလည်း ပစ္စည်းကိရိယာ တွေအသုံးပြုတတ်ကြပေမယ့် ချင်ပန်ဇီ တွေလောက်တော့ မတော်ကြပါဘူး။ တခြား တိရိစ္ဆာန်တွေနဲ့မတူတာက သူတို့မှာ ထူးခြားတဲ့ မှတ်ဉာဏ် ရှိကြတာပါပဲ။ သူတို့တွေဟာ အဖွဲ့ထဲက တစ်ကောင်ကောင် သေဆုံးသွားပြီဆိုရင် ဝမ်းနည်းပူဆွေးမူကို ပြသလေ့ရှိကြတယ်။ ပြီးတော့ သူတို့ရဲ့ သခင်ကိုလည်း ဘယ်တော့အခါမှ မေ့လေ့မရှိကြဘူး။

လင်းပိုင်

Source: Earth an World 2020

ကျွမ်းကျင်သူတော်တော်များများကတော့ လင်းပိုင်ကိုဆင်ထက် ဉာဏ်ရည်မြင့်တယ်လို့ ယူဆထားကြတယ်။ သူတို့ဟာ လူတွေနဲ့ ရှပ်ထွေးတဲ့ ဆက်သွယ်မူတွေ ပြုလုပ်နိူင်ကြပြီး လူတွေခိုင်းတာကိုလည်း လိုက်လုပ်နိူင်ကြတယ်။ တစ်ချို့နိူင်ငံတွေမှာဆိုရင် လင်းပိုင်တွေကို ရေအောက် စပိုင်တွေအဖြစ် အသုံးပြုကြတယ်လို့ ဆိုထားပါတယ်။

ကြက်တူရွေး

Source: Britannica

ကြက်တူရွေးတွေဟာ လူတွေရဲ့အသံကို လိုက်တုပြီး ပြောနိူင်စွမ်းရှိကြတယ်။ African Grey ကြက်တူရွေးတွေဟာ စကားလုံးတွေကို စီပြီး ရိုးရှင်းတဲ့ စားကြောင်းတွေ ပြုလုပ်နိူင်ကြတဲ့အထိ ညဏ်ရည်မြင့်မားကြပါတယ်။ တစ်ချို့ ကြက်တူရွေးတွေဟာ ပစ္စည်းကိရိယာတွေ အသုံးပြုပြီး ပဟေဠိ ဖြေရှင်းရာမှာ ကျွမ်းကျင်ကြပါတယ်။

သိုး

Source: Modern Farmer

သိုးတွေဟာ လူတစ်ယောက်ရဲ့ မျက်နှာကို နှစ်တွေအကြာကြီး မှတ်မိနိူင်စွမ်းရှိကြတယ်။ ပြီးတော့ သူတို့ဟာ သူတို့ရဲ့မျက်နှာကနေတစ်ဆင့် စိတ်ခံစားမူတွေကို ပြနိူင်စွမ်းရှိကြတယ်။ သူတို့ကို စိတ်ရှည်လက်ရှည် သင်ပြပေးမယ်ဆိုရင် နာမည်တွေကိုတောင် မှတ်မိနိူင်စွမ်းရှိကြပါတယ်။