နိုင်ငံတိုင်းမှာ အစိုးရတွေက သူတို့နိုင်ငံသားတွေအတွက် ဥပဒေတွေ အမျိုးမျိုးထုတ်ပြီး ပြဌာန်းကြပါတယ်။ တချို့နိုင်ငံတွေမှာတော့ လွတ်လပ်မှုကို ထိန်းချုပ်မထားပေမဲ့ တချို့နိုင်ငံတွေမှာကြတော့ ဥပဒေ အလွန်တင်းကြပ်တာကြောင့် ပြည်သူတွေ လွတ်လပ်မူရှုံးဆုံးနေတဲ့နိူင်ငံတွေလည်း ရှိပါတယ်။
ခရီးသွားတွေအနေနဲ့ နိူင်ငံတစ်နိူင်ငံကို သွားတော့မယ်ဆိုရင် တားမြစ်ချက်တွေ ရှောင်ရမဲ့အချက်တွေ အရင်ဆုံး လေ့လာမှတ်သားသွားသင့်ပါတယ်။ အခုဖော်ပြပေးမဲ့နိုင်ငံတွေကတော့ အခြားနိုင်ငံတွေထက် ပိုပြီး ဥပဒေ တင်းကြပ်တဲ့နိုင်ငံတွေပဲ ဖြစ်ပါတယ်။
၁။ Equatorial Guinea

Source: Wiki voyage
ဗဟိုအာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Equatorial Guinea ဟာပညာရေးကို အားမပေးပါဘူး။ သတင်းစာတွေ စာအုပ်ဆိုင်တွေကိုလည်း နိုင်ငံအတွင်းမှာ ဖွင့်ခွင့်မပေးထားဘူးလို့လည်း သိရပါတယ်။ နိုင်ငံခြားသား ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ ၁၉၇၃ Teodoro Obiang Nguema Mbasogo ကအာဏာသိမ်းပြီးနောက် ရေဒီယို ထုတ်လွှင့်ရုံတွေ ရုပ်မြင်သံကြားထုတ်လွှင့်ရုံတွေ အကုန်လုံးကို ထိန်းချုပ်လိုက်ပါတယ်။
နိုင်ငံအတွင်းဝင်ရောက်ခွင့်ရရှိတဲ့ နိုင်ငံခြားသားအနည်းငယ်ကိုလည်း မျက်စိဒေါက်ထောက် စောင့်ကြည့်နေတတ်ပါတယ်။
၂။ Saudi Arabia

Source: Step Feed
ဆော်ဒီနိုင်ငံရဲ့ ဥပဒေဟာ သူတို့လူမျိုးတွေရဲ့ ဘာသာရေးနဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ဆက်နွှယ်နေပါတယ်။ ပြဌာန်းထားတဲ့ လူမှုရေးဥပဒေဟာ နိုင်ငံတွင်းနေထိုင်နေကြတဲ့ အမျိုးသမီးတွေအတွက် အလွန်ပြင်းထန်ပါတယ်။
အမျိုးသမီးတွေ အပြင်ထွက်တဲ့အခါ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ ဝတ်ဆင်လို့မရပါဘူး။ တစ်စိမ်းယောက်ကျားလေးတွေနဲ့ အပြင်မှာသွားလာလို့ လည်းမရပါဘူး။ အင်တာနက် အသုံးပြုမှုကို အကန့်အသက်နဲ့ပဲ ခွင့်ပြုထားပြီး သတင်းမီဒီယာတွေကိုလည်း အမြဲတစေ စောင့်ကြည့်နေလျက်ရှိပါတယ်။ အစိုးရအုပ်ချုပ်သူတွေရဲ့မကောင်းကြောင်းကိုလည်း ပြောဆိုခွင့်မရှိပါဘူး။
၃။ Iran

Source: ABC News
Iran အစိုးရဟာ ပြည်သူတွေကို Sharia ဥပဒေကိုအခြေခံပြီး ရေးဆွဲထားတဲ့ ဥပဒေတွေ နဲ့အုပ်ချုပ်နေတာပါ။ ဝါဒဖြန့်တာနဲ့ အစိုးရဆန့်ကျင်ရေးတွေကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Google၊ Youtube၊ Facebook အသုံးပြုမှုတွေကိုလည်း ကန့်သတ်ထားပါတယ်။
အမျိုးသမီးတွေဟာ သက်မှတ်ထားတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်ရသလို ဂျင်းဘောင်းဘီတွေ အသားကပ်အဝတ်အစားတွေ ဝတ်ဆင်ခွင့်မရှိပါဘူး။ ဥရောပသီးချင်းတွေဖြစ်တဲ့ rap၊ jazz၊ rock သီးချင်းအမျိုးအစားတွေကို လည်းတားမြစ်ထားပါတယ်။ အရက်သေစာ သောက်စားခွင့် ရောင်းဝယ်ခွင့်လည်း မရှိပါဘူး။
၄။ မြောက်ကိုရီးယား

Source: AI Jazeera
ဒီနေ့ခေတ်မှာ ကွန်မြူနစ် စနစ်စစ်စစ် နဲ့တိုင်းပြည်ကိုအုပ်ချုပ်နေတာဆိုလို့ မြောက်ကိုရီးယားတစ်နိုင်ငံပဲရှိပါတော့တယ်။ မြောက်ကိုရီးယားဟာ အခြားနိုင်ငံတွေလိုပဲ နိုင်ငံခြားသားခရီးသွားတွေ နိုင်ငံတွင်း ဝင်ရောက်လည်ပတ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတွင်း ဝင်တဲ့နေကနေစပြီး ပြန်ထွက်တဲ့နေအထိ သူတို့သတ်မှတ်ထားတဲ့ ဧည့်လမ်းညွန်နဲ့ပဲ သွားလာခွင့်ရှိပါတယ်။
နိုင်ငံတွင်းမှာ နေစဉ်ကာလအတွင်း အစိုးရက သက်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ဥပဒေတွေကို တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။ အစိုးရကို ဆန့်ကျင်ပြီးပြောဆိုတာမျိုး လုပ်ခွင့်မရှိပါဘူး။ ရေဒီယိုလေလှိုင်း တီဗီအစရှိတာတွေကို အစိုးရက အကုန်လုံးနီးပါးကို ထိန်းချုပ်ထားပါတယ်။ အင်တာနက်အသုံးပြုခွင့်ရှိတဲ့သူတွေကလည်း အာဏာရအထက်တန်းလွှာ လက်တစ်ဆုပ်စာလောက်ပဲရှိပါတယ်။
ဆံပင်ပုံစံကလည်း သက်မှတ်ထားတဲ့အတိုင်းပဲ ထားခွင့်ရှိပါတယ်။ မြောက်ကိုးရီးယားနိုင်ငံမှာ ဂျင်းဘောင်းဘီ ဝတ်ဆင်ခွင့်မရှိပါဘူး။ သူတို့ရဲ့နိုင်ငံသားတွေကို အပြင်လူတွေနဲ့ ဆက်ဆံပြောဆိုခွင့်ကိုလည်း ပိတ်ပင်ထားပါသေးတယ်။
