ယနေ့ခေတ်မှာ ခေတ်မှီဗိသုကာလက်ရာတွေ အမြောက်အများ ပေါ်ထွန်းနေပါပြီ။ ဟိုးအရင်ခေတ် ထောင်စုနှစ် တွေတုန်းက အသုံးပြုခဲ့ကြတဲ့ ဗီသုကာ ပညာရပ်တွေဟာလည်း ယနေ့ထက်ထိတောင် ကျန်ရှိနေပါသေးတယ်။ သူတို့တွေက ဘယ်ခေတ်ဘယ်အခါမှာ ဘယ်လိုဗီသုကာပညာရပ်တွေ ထွန်းကားခဲ့သလဲဆိုတဲ့ သမိုင်းကြောင်းကို ပြောပြနိူင်ကြတယ်။ ဒီနေ့ kwee page ကပြောပြပေးမယ့်အကြောင်းကတော့ ကမ္ဘာ့အံ့ဖွယ် ဗိသုကာလက်ရာတွေအကြောင်းပဲဖြစ်ပါတယ်။
Great Wall of China (တရုတ်နိုင်ငံ)
ကမ္ဘာ့အံ့ဖွယ် Great Wall ဟာ (၂၁,၁၉၆) မီတာရှည်လျားပြီး သမိုင်းတွေအရ တရုတ်ပြည်ကို ကျူးကျော်တိုက်ခိုက်မူတွေကနေ ကာကွယ်ဖို့ဆောက်လုပ်ခဲ့တာလို့ သိရပါတယ်။တရုတ်အင်ပါယာဟာ အဆိုပါတံတိုင်းကြီးကို ဥရောပနိုင်ငံသားတွေရဲ့ကျူးကျော်မူကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်ခဲ့ပါတယ်။
Megalithic ဘုရားကျောင်းများ (မော်လတာ နိူင်ငံ)
Megalithic ဘုရားကျောင်းတွေဟာ ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်ထားပါတယ်။ ရှေးဟောင်းသုတေသနပညာရှင်များကတော့ အဆိုပါဘုရားကျောင်းတွေကို ဘီစီ (၃၁၅၀) ခန့်ကတည်ဆောက်ခဲ့တာလို့ ခန့်မှန်းထားကြပါတယ်။
Great Pyramid of Giza (အီဂျစ်)
ဘီစီ (၂၅၈၀-၂၅၆၀) ခန့်ကတည်ဆောက်ခဲ့ကြတယ်လို့ ခန့်မှန်းထားကြပါတယ်။ တန်ချိန်များစွာအလေးချိန်ရှိသည့်ဤကြီးမားသောကျောက်တုံးများကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ လူသားတွေရဲ့ အံ့ဖွယ်ဗိသုကလက်ရာတစ်ခုလည်းဖြစ်ပါတယ်။
Pisa Tower (အီတလီ)
Pisa Tower ဟာ အမြင့်ပိုင်းမှာ (၅၅.၈၆) မီတာရှိပြီး အနိမ့်ပိုင်းမှာ (၅၆.၆၇) မီတာရှိပါတယ်။ ဒီတာဝါဟာ မူလအစတုန်းက (၅.၅) ဒီဂရီစောင်းနေပြီး ပြန်လည်ပြုပြင်လိုက်တဲ့အချိန်မှာတော့ (၃.၉၉) ဒီဂရီသာ စောင်းပါတော့တယ်။
Taj Mahal (အိန္ဒိယ)
Taj Mahal ကို အိန္ဒိယ မဟာရာဂျာတစ်ဦးက သူ့အကြိုက်ဆုံးမိန်းမဖြစ်သူအတွက် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ သူလည်းပဲ ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်ထားပါတယ်။
Sultan Ahmed Mosque (တူရကီ)
ဒီဗလီကို အပြာရောင် ဗလီလို့လည်း လူသိများပါတယ်။ (၁၆၀၉) ခုနှစ်နဲ့ (၁၆၁၆) ခုနှစ်အတွင်း တည်ဆောက်ခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။
Source: 10 most today