လူတစ်ကိုယ် အကြိုက်တစ်မျိုး လို့ ဆိုကြပါတယ်။ ယမကာမှာလည်း ဒီအတိုင်းပါပဲ။ တချို့က ဝီစကီသမား ၊ တချို့က ဝိုင်နဲ့ ငြိမ့်ချင်သူ ၊ တချို့များကတော့ ဗော့ဒ်ကာ ။ ဒီထဲမှာ ရမ်ကြိုက်သူတွေနဲ့ ဘီယာသမားတွေလည်း ရှိကြတာပါပဲ။ အရက်အမျိုးအစား အများကြီး ရှိတဲ့အထဲက ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့ လူသောက်အများဆုံး ယမကာတချို့ကို မိတ်ဆက်ပေးချင်ပါတယ်။

(၁) Jager

Photo: Bon Appetit

ဆေးမြစ်စုံယမကာအဖြစ် လူသိများတဲ့ Jagermeister က ၁၉၃၄ မှာ ဝီလ်ဟမ်နဲ့ ကာ့သ်မတ်စ်ဆိုသူက တီထွင်ခဲ့တာပါ။ အယ်လ်ကိုဟော ပါဝင်မှု ၃၅% ရှိပြီး အစိမ်းရောင်ပုလင်းလေးနဲ့ လာပါတယ်။ အခုထက်ထိ အရသာနဲ့ ဖော်စပ်မှုကို တစ်သတ်မှတ်တည်းထားတာ ဖြစ်ပါတယ်။ ဆေးဖက်ဝင် အရွက်အမြစ် ၅၆ မျိုး ပါရှိပြီး ချိုမွှေးတဲ့ အရသာ ရှိပါတယ်။

(၂) ဝိုင်

Photo: Food & Wine Magazine

အဆင့်အတန်းမြင့် သောက်စရာ ယမကာတွေထဲမှာ ဝိုင်တွေလည်း ပါရှိပါတယ်။ ဝိုင်တွေဟာ ဖျော်စပ်မှုနဲ့ ထုတ်ုလပ်တဲ့ ကုမ္ပဏီတွေပေါ် လိုက်ပြီး အရသာနဲ့ အယ်လ်ကိုဟောပါဝင်မှု မတူပါဘူး။ များသောအားဖြင့် စပျစ်အမျိုးနွယ်ဝင် အားလုံးနဲ့ အချဉ်ဖောက်နိုင်ပြီး ဝိုင်အုပ်စုအနေနဲ့ Red Wine ၊ White Wine ၊ Rose Wine ၊ Sweet/Dessert Wine နဲ့ Sparkling Wine ဆိုပြီး ရှိကြပါတယ်။ ပုံမှန်အားဖြင့် အယ်လ်ကိုဟောပါဝင်မှု ၈% ကနေ ၁၅% အကြား ရှိကြပါတယ်။

(၃) ဗော့ဒ်ကာ

Photo: mensjournal

ဗော့ဒ်ကာတွေ အပြင်းစား ယမကာတစ်မျိုးဖြစ်ပြီး မက်မုံသီး ၊ လိမ္မော်သီးစတဲ့ သစ်သီးဝလံတွေနဲ့ ရောစပ်ကာ ကော့တေးလ်တွေလုပ်လို့လည်း သောက်ကြပါတယ်။ အယ်လ်ကိုဟောပါဝင်မှု ၄၀% လောက် ရှိတတ်ပြီး အပြင်းသိပ်မကြိုက်ရင်တော့ Juice ဆန်ဆန် သောက်နိုင်ပါတယ်။

(၄) ရမ်

Photo: huffingtonpost

ရမ်သောက်တော့မယ်ဆိုရင် ကိုလာနဲ့ တွဲသောက်လေ့ ရှိကြပါတယ်။ Heavy Drinker‌ တွေကတော့ ရေခဲ ဒါမဟုတ် သံပုရာသီးလေးနဲ့ သောက်တတ်ကြပါတယ်။ ရမ်အများစုကို ကာရစ်ဘီယံနဲ့ အမေရိကန်နိုင်ငံတွေက အထွက်များပါတယ်။ တခြား သကြားထုတ်လုပ်မှုမြင့်တဲ့ ဖိလစ်ပိုင်နဲ့ အိန္ဒိယတို့ကလည်း ရမ်ထုတ်ပါတယ်။ ရမ်ဟာ ကိုလက်စထရော Level လျော့ကျစေတယ်လို့ အဆိုရှိပါတယ်။

(၅) ဝီစကီ

Photo: britannica

ဝီစက်တွေက အမျိုးအစား အများကြီး ရှိပါတယ်။စကော့ဝီစကီ ၊ အိုင်းရစ်ဝီစကီ ၊ အမေရိကန်ဝီစကီဆိုပြီး နိုင်ငံအလိုက် ဝီစကီအမယ်တွေလည်း ထပ်ထွက်ပါတယ်။ ဝီစကီအများစုဟာ ပြင်းတယ် ၊ ချိုရှရှနဲ့ ကျပ်ခိုးနံ့ Smoky အရသာထွက်ပါတယ်။ အပြင်းစား ကြိုက်တတ်တဲ့ အမျိုးသားတွေအတွက် ဝီစကီကောင်းလေး တစ်ခွက်တစ်ဖလားကလား အတော်လေး တာသွားပါတယ်။ အယ်လ်ကိုဟောပါဝင်မှု မြင့်တာကြောင့် သောက်ရင်တော့ ကိုယ့်လစ်မစ်ကို သိတာ အကောင်းဆုံးပါပဲ။

(၆) ဘီယာ

Photo: independent

ယောင်္ကျားလေးတိုင်း ဘီယာကြိုက်မယ်လို့ ထင်ပါတယ်။ အယ်လ်ကိုဟောနဲ့ မကင်းတဲ့သူအများစုဟာ ဘီယာသောက်တာက စလေ့ရှိပါတယ်။ ဘီယာရဲ့ အခြေခံပါဝင်ပစ္စည်းကတော့ ဂျုံ ၊ ဘာလီ ၊ ဆန်ပြောင်း စတာတွေ ဖြစ်ပါတယ်။ ဘီယာပေါ်ပေါက်မှုဟာ အနည်းဆုံး နှစ် ၁ သောင်းခန့်ရှိပြီလို့တောင် သုတေသနတွေက ဆိုပါတယ်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း တံဆိပ်တွေ ဘယ်လိုပြောင်းပြောင်း ဘီယာချစ်သူတွေ ရှိနေသရွေ့တော့ ဘီယာတွေဟာ ကမ္ဘာမြေပေါ်မှာ ဆက်ပြီး ရှိနေဦးမှာပါ။