ပျော်ပွဲရွှင်ပွဲတွေ ပါတီပွဲတွေအတွက်တော့ ကော့လ်တေးတွေက မပါမဖြစ်တဲ့သောက်စရာအဖျော်ယမကာတစ်မျိုးပါ။ အမျိုးသား အမျိုးသမီးသောက်သုံးနိုင်ပြီး အရသာအားဖြင့်လည်း ထူးကဲကောင်းမွန်လှပါတယ်။ ဒီနေ့တော့ ဟောလိုးဝင်းပါတီမှာဖြစ်စေ အိမ်မှာပဲ မိသားစုနဲ့ ပျော်ပျော်ပါးပါးသောက်ချင်လို့ဖြစ်စေ အလွယ်တကူဖျော်နိုင်မယ့် လူကြိုက်အများဆုံး cocktail recipes (၄) မျိုးကိုပြောပြပေးပါမယ်။

(၁) Martini

 

Martini

Photo : The Spruce Eats

ဂျင် ၂ အောင်စခွဲနဲ့ Dry Vermouth ၁ အောင်စခွဲနဲ့ လိမ္မော်သီးနံ့လေးကို ရေခဲတုံးလေးတွေနဲ့ စက္ကန့် ၂၀/၃၀ လောက် ရောမွှေပြီး သောက်ရတာပါ။ တချို့ကလည်း အရသာပိုပြင်းဖို့ တခြား ယမကာတွေနဲ့ ရောသောက်တာမျိုး ရှိပါတယ်။ ဖန်ခွက်ရှည်ရှည်ထဲမှာ ဂျင် အောင်စဝက် (၁၅ မီလီလီတာ) ကို ရမ်အဖြူ ၊ တက်ကီလာအဖြူ ၊ ဗော့ဒ်ကာ ၊ လိမ္မော် Liqueur အကြည် ၊ ကိုလာ ၊ သံပရာရည်လေးတွေနဲ့ သောက်ကြပါတယ်။

(၂) Mojito

Mojito

Photo : Downshiftology

Light Rum ဖြူ ၊ ပူစီနံအရွက် ၊ သံပရာ ၊ သကြားနဲ့ အနံ့လတ်ဆတ်အောင် ဆိုဒါလေး သုံးပြီး ကော့တေးလ်လုပ် သောက်တာပါ။ အနံ့ဆန်းချင်ရင် စတော်ဘယ်ရီ ၊ နာနတ်စတဲ့ သစ်သီးနံ့လေးတွေလည်း ထည့်နိုင်ပါတယ်။ Mai Tai လုပ်သောက်မယ်ဆိုရင်တော့ လက်ဝင်ပါတယ်။ အရည်အသွေးမြင့် အယ်လ်မွန်သကြားရေ Syrup နဲ့ လိမ္မော် Curacao လိုပါတယ်။ Dark Rum ၊ သံပရာရည် ၊ Syrup ၊ လိမ္မော် Curacao နဲ့ Orgeat Syrup တို့ကို ရေခဲပေါ် လောင်းရမှာပါ။ ပြီးမှ သံပရာခြမ်းနဲ့ ပူစီနံရွက်အုပ်သောက်ရမှာပါ။

(၃) Whisky Sour

Whisky Sour

Photo : Delish.com

Whisky Sour ကော့တေးလ်အတွက် Shaker Tin ခွက်လေးလိုပါတယ်။ ခွက်ထဲမှာ ဘော်ဘွန်းနှစ်အောင်စ ၊ လီမွန်ရည် ၁ အောင်စ ၊ Syrup ရိုးရိုး ၀.၇၅ အောင်စနဲ့ ၊ ကြက်ဥအကာအကြည် ၁ လုံး ကော့တေးလ်ကို အလှဆင်ဖို့ ချယ်ရီသီး လိုမှာပါ။ Shaker Tin ထဲ ပါဝင်ပစ္စည်းတွေ ထည့်ပြီး ၁၀-၁၅ စက္ကန့်ကြာအောင် ရေခဲမပါဘဲ Dry Shake လှုပ်ပါ။ ပြီးမှ ရေခဲထည့်ပြီး ထပ်လှုပ်ပါ။ ဒါပြီးရင် ဖန်ခွက်ထဲထည့် ချယ်ရီသီးလေးနဲ့အလှဆင်ပြီး အရသာခံ သောက်သုံးနိုင်မှာပါ။

(၄) Old Fashioned

Old Fashioned

Photo : Epicurious

ဒီကော့တေးလ်လုပ်မယ်ဆိုရင် ဖန်ခွက် ၊ ကော့တေးလ်စပ်ဖို့ သုံးတဲ့ Bitters ၊ သကြားခဲ ၊ ရေ ၊ ရေခဲ ၊ ဘော်ဘွန်းဝီစကီ နဲ့ လိမ္မော်ခွံလေး လိုပါမယ်။ လိမ္မော်ကော့တေးလ် Bitter ၃/၄ စက်လောက် ၊ သကြားခဲတစ်ခဲနဲ့ ရေအနည်းငယ်စပ်ပြီး မွှေပါ။ ပြီးရင် ဘော်ဘွန်းနှစ်အောင်စနဲ့ ရေခဲ ထည့်ပြီး သမအောင်မွှေနေပါ။ ဒါပြီးရင်တော့ ဖန်ခွက်အပေါ်မှာ လိမ္မော်ခွံလေး လှအောင် တင်ပြီး သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Gordon Ramsay Restaurants