သင်သည် အပြင်သွားခါနီးမှာ ဘယ်ဖက်ရှင်စတိုင်လ် ဘယ်အဝတ်အစားအရောင်ကို ဝတ်ဆင်ရမလဲဆိုတာကို စဉ်းစားမရလို့ စိတ်ညစ်နေပါသလား။ စိတ်ညစ်မနေပါနဲ့တော့။

ဒီဆောင်းပါးလေးက သင့်လိုပဲ ဖက်ရှင်မကျမှာ စိုးရိမ်ကြောက်ရွံ့နေတဲ့ ယောကျာ်းများအတွက် ယခုလက်ရှိမှာ ခေတ်စားနေတဲ့အရောင်များနဲ့ သူတို့နဲ့လိုက်ဖက်တဲ့အရောင်များကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

အခုလက်ရှိမှာ ခေတ်စားနေတဲ့အရောင်များကတော့ အသားရောင်၊ အနက်ရောင်၊ ဝိုင်နီရောင်၊ ပန်းရောင် စတဲ့အရောင် (၄) ရောင်ပဲဖြစ်ပါတယ်။

အသားရောင်နဲ့လိုက်ဖက်တဲ့အရောင်များ

colourful fashion for men

သင့်ရဲ့ဖက်ရှင်ကို ခပ်တောက်တောက်ကလေး ဖန်တီးချင်တယ်ဆိုရင်တော့ အသားရောင်အဝတ်အစားကို ပန်းရောင်၊ အစိမ်းရောင်၊ အပြာရောင်တို့နဲ့ တွဲဖက်နိုင်ပြီး အရောင်ငြိမ်ငြိမ်လေး ဖန်တီးချင်တယ်ဆိုရင်တော့ ဝိုင်နီရောင်၊ နေဗီပြာရောင်၊ ကြက်သွေးရောင်တို့နဲ့ တွဲဖက်နိုင်ပါတယ်။

အနက်ရောင်နဲ့ လိုက်ဖက်တဲ့ဖက်ရှင်များ

colourful fashion for men

ဒီဖက်ရှင်လေးကတော့ အနက်ရောင်ကြိုက်နှစ်သက်တဲ့အမျိုးသားများအတွက်ပါ။ အနီရောင်သည် ဘယ်အရောင်နဲ့မဆို လိုက်ဖက်တဲ့အတွက်ကြောင့် ခေါင်းမစားချင်ဘူးဆိုရင်တော့ အနက်ရောင်သာ ဝတ်ဆင်လိုက်ပါ။ သင်တွဲဖက်လိုက်တဲ့အရောင်ပေါ် မူတည်ပြီး သင့်ရဲ့ဖက်ရှင်သည် တောက်တောက်ကလေးဖြစ်သွားမှာဖြစ်သလို ခပ်မှိုင်းမှိုင်းကလေးလည်း ဖြစ်သွားနိုင်ပါတယ်။

ဝိုင်နီရောင်နဲ့ လိုက်ဖက်တဲ့အရောင်များ

colourful fashion for men

ဝိုင်နီရောင်သည် လက်တလောမှာ ခေတ်စားနေတဲ့အရောင်ပဲဖြစ်ပါတယ်။ Classic ကျကျနဲ့ ရင့်ကျက်တဲ့အသွင်ကို ဖန်တီးချင်တယ်ဆိုရင်တော့ ဝိုင်နီရောင်ကို ရွေးချယ်သင့်ပါတယ်။ ဝိုင်နီရောင်နဲ့ လိုက်ဖက်တဲ့အရောင်တွေကတော့ အဖြူရောင်၊ အနက်ရောင်၊ မီးခိုးရောင်နှင့် အသားရောင်တို့ပဲဖြစ်ပါတယ်။

ပန်းရောင်နဲ့ လိုက်ဖက်တဲ့အရောင်များ

colourful fashion for men

ပန်းရောင်သည် မိန်းကလေးဆန်တဲ့အရောင်ဖြစ်လို့ဆိုပြီး အမျိုးသားအများစုက ပန်းရောင်ကို ရှောင်ဝတ်ကြပါတယ်။ ဒါပေမဲ့ ပန်းရောင်သည် သင့်ကို ငယ်ရွယ်နုပျိုသွားအောင် ကူညီပေးနိုင်ပါတယ်။

ပန်းရောင်စစ်ကြီးမဝတ်ချင်ဘူးဆိုရင် ပန်းရောင်နဲ့အသားရောင် စပ်ထားတဲ့အရောင်မျိုး (သို့) ပန်းဖျော့ရောင်လေးများကို ဝတ်ဆင်ပေးနိုင်ပါတယ်။

ပန်းရောင်နဲ့ လိုက်ဖက်တဲ့အရောင်များကတော့ အဖြူရောင်၊ အပြာရောင်၊ မီးခိုးရောင်၊ အညိုရောင်နှင့် အနက်ရောင်တို့ပဲဖြစ်ပါတယ်။

Source: Styl-inc.com

Featured Image Source: Styl-inc.com