ထမင်းစားပြီးတာနဲ့ အချိုတည်းတာက နိူင်ငံတိုင်းလိုလိုမှာကျင့်သုံးနေကြတာပါ။ မြန်မာနိူင်ငံမှာတော့ အချိုပွဲအနေနဲ့ မုန်မျိုးစုံ ရှိပါတယ်။ နယ်တွေဖက်မှာတော့ ထန်လျက်ခဲက နာမည်ကြီးပါပဲ။ ဒီလိုပဲ ကမ္ဘာတဝှမ်းမှာလည်း သူ့ဒေသနဲ့သူ နာမည်းကြီးတဲ့ အချိုပွဲတွေရှိကြပါတယ်။

ဒီနေ့တော့ kwee page ကနေကျော်ကြားတဲ့ မုန့်အချိုပွဲတွေကို ဖော်ပြပေးသွားမှာပါ။

၁။ Pakhlava (တူရကီ နိူင်ငံ)

Pakhlava တူရာကီတွေရဲ့ရိုးရာအစားအစာ တစ်ခုပါ။ ချေမွထားတဲ့ အခွံမာသီးတွေကို ပျားရည် သို့ သကာရည်နဲ့ ရောစပ်ပြီး ပါးပါးလှီးစားရတာပါ။ ဒီမုန့်ဟာ သင့်ပါးစပ်ထဲမှာ ပျော်ဝင်သွားပြီး တူရကီနိူင်ငံသားတွေရဲ့ ထူးခြားလှတဲ့ မုန့်အရသာကို ကောင်းကောင်းကြီးခံစားရစေမှာပါ။

၂။ Pavlova Cake (နယူးဇီလန်၊ သြစတြေးလျ)

Pavlova Cake ကိုပြုလုပ်နည်း ၆၀၀ နီးပါးအထိရှိပါတယ်။ ဒီကိက်မုန့်မှာ ဒဏ္ဍရီပုံပြင်၊ အငြင်းပွားမူတွေ အများရှိပါတယ်။ လတ်ဆက်တဲ့အသီးတွေ၊ ခရင်မ်တွေ နဲ့ပြုလုပ်ထားတဲ့ ဒီမုန့်ကို တစ်ကိုက်လောက်စားပြီးတာနဲ့ တစ်သက်လုံးလျှာဖျားမှာစွဲနေစေပါတယ်။

၃။ Dadar Gulung (အင်ဒိုနီးရှား)

 

Dadar မုန့်ဟာ အင်ဒိုနီးရှားက လာတာဖြစ်ပြီး ပန်ကိက် လို့အဓိပ္ပာယ်ရပါတယ်။ Gulung ဆိုတဲ့စကားလုံးကတော့ လှိမ့်တယ် လို့ဆိုလိုပါတယ်။ ဒါကြောင့် Dadar Gulung ဟာ လှိမ့်ထားတဲ့ အန်ကိက် လို့အဓိပ္ပာယ်ရပါတယ်။

အင်ဒိုနီးရှားနိူင်ငံ ဂျာဗားကျွန်းမှာတော့ ဒီမုန့်ဟာ အလွန်နာမည်းကြီးပါတယ်။ ဒီမုန့်ကို ပန်ဒန်အရွက် နဲ့ပြုလုပ်ထားတာဖြစ်ပြီး ဒီထဲမှာ အုန်းသီးအချိုကို ထည့်သွင်းထားပါတယ်။

၄။ Creme Brulee (ပြင်သစ်)

ဒီအချိုပွဲကို ရိုးရိုးရှင်းရှင်းပဲ ပြုလုပ်နိူင်ပါတယ်။ ဒီမုန့်ကို (၁၇) ရာစုမှာ Francois Massialot ဆိုတဲ့လူက တီထွင်ခဲ့တာပါ။ ၁၆၉၁ ခုနှစ်မှာတော့ ဒီမုန့်လုပ်နည်းကို စာအုပ်ထဲမှာ ပုံနှိပ်ပြီးထုတ်ဝေခဲ့ပါတယ်။

နူးညံ့တဲ့ ဂျူံမုန့်တွေ ခရင်တွေ ကာရာမဲ တွေ နဲ့ပြုလုပ်ထားတဲ့ ဒီအချိုပွဲကို ပြင်သစ်နိူင်ငံတွင်သာမက အခြားဥရောပ နိူင်ငံတွေမှာပါ တည်းခင်းဧည့်ခံကြပါတယ်။

၅။ Mochi (ဂျပန်)

အရှေ့တိုင်းသားတွေရဲ့ အကောင်းဆုံး အချိုပွဲတွေမှာ Mochi လည်းတခုအပါအဝင်ဖြစ်ပါတယ်။ Mochi အချိုပွဲဟာ ဂျပန်နိူင်ငံသားတွေရဲ့ ရိုးရာမုန့်တခုဖြစ်ပါတယ်။ ဒီအချိုပွဲကို ဂျပန်နိူင်ငံတွင်သာမက အခြားနိူင်ငံများတွင်လည်း ဝယ်ယူစားသောက်နိူင်ပါတယ်။ ဂျပန်နိူင်ငံမှာတော့ နှစ်သစ်ကူးနေ့မှာ အဓိကထားစားသုံးလေ့ရှိပြီး အခြားနေ့တွေမှာလည်း တည်ခင်းစားသုံးကြပါတယ်။

Source: 10 Most Today