တိုတိုကပ်ကပ် ဆံပင်ပုံစံညှပ်ဖို့ စဉ်းစားထားတယ်ဆိုရင် ခေတ်မီတဲ့ ဆံပင်ပုံစံသစ်လေးတွေအကြောင်း မျှဝေချင်ပါတယ်။ Short Hairstyles တွေဟာ ယောင်္ကျားဆန်ပြီး သိပ်ပြုပြုပြင်ပြင် လုပ်စရာမလိုလို့ လူကြိုက်များကြပါတယ်။ ပုံမှန်အားဖြင့် ရာသီဥတုပူလာရင် ဘယ်သူမဆို ဆံပင်အရှည်ထားရတာကို စိတ်အိုက်လာတတ်ကြပါတယ်။ ဒီတော့ အခုလို နွေဦးမှာ ခေါင်းအေးအေးနဲ့ စတိုင်ကျစေမယ့် ဆံပင်အတိုဒီဇိုင်းတချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) Buzz

Photo: themanual

Buzz စတိုင်ကို ဒီမှာ ကတုံးဆံပင်ကေလို့ လူသိများပါတယ်။ ခေါင်းပေါက်လှတဲ့သူတွေ နွေရာသီမှာ ထားသင့်တဲ့ Haircut တစ်မျိုးလည်း ဖြစ်ပါတယ်။ ဆံပင်ပါးတဲ့သူတွေ ထိပ်ပြောင်တဲ့သူတွေ အများဆုံး ထားသင့်တဲ့ ဆံပင်ပုံစံမျိုးပါ။

(၂) French Crop

Photo: themanual

French Crop ဆံပင်ပုံစံကို Peaky Blinders ကားထဲမှာ မြင်ဖူးကြမှာပါ။ ဘေးတွေကို ပါးထား Undercut ညှပ်ထားပြီး အပေါ်မှာ တစ်လက်မခွဲ နှစ်လက်မလောက် ချန်ထားတဲ့ ပုံစံဖြစ်ပါတယ်။ French Crop ဆိုပေမယ့် လူတိုင်းနဲ့ လိုက်ဖက်မယ့်ဆံပင်ဒီဇိုင်းလည်း ဖြစ်ပါတယ်။

(၃) Hight and Tight

Photo: themanual

တိုတိုကပ်ကပ် အပေါ်မှာ သပ်သပ်ရပ်ရပ် ဆံပင်ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ အပေါ်က ဆံပင်အရှည်ကတော့ ကိုယ့်အကြိုက် အတို/အရှည် ထားလို့ ရပါတယ်။ ဘေးနှစ်ဖက်ကို အထက်အထိ ပါးပေးထားလို့ အပေါ်မှာ High ဖြစ်နေပါမယ်။ သိပ်ပြီး ဂရုစိုက်စရာ ၊ ထိန်းသိမ်းစရာမလိုဘဲနဲ့ ကြည့်ကောင်းတဲ့ Haircut ဖြစ်ပါတယ်။

(၄) Classic Taper

Photo: themanual

မရိုးနိုင်တဲ့ Short Haircut ဒီဇိုင်းဖြစ်ပါတယ်။ ဘေးခွဲထားတဲ့ ဒီဇိုင်းအဖြစ်ပြီး ခွဲသားလှအောင် အပေါ်မှာ နည်းနည်း ဆံပင်အုံထားပေးထားပါတယ်။ ဘီးနဲ့ခွဲနိုင်သလို လက်နဲ့ပါ ဆံပင်ကို ဘေးခွဲနိုင်ပါတယ်။ ဘေးလေးတွေက အပြောင်မဟုတ်ဘဲ ကပ်ကြေးပါးပါးပေးထားလို့ လူလတ်ပိုင်းတွေ ပိုသဘောကျကြပါတယ်။

(၅) Scissor Cut

Photo: themanual

ဒီတစ်ခုက အရိုးဆုံးဆံပင်ညှပ်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။ နာမည်အတိုင်းပဲ လျှပ်စစ် Trimmer တွေအစား ကတ်ကြေးပဲ သုံးပြီး ညှပ်တာပါ။ ကတ်ကြေးကိုင်ကျွမ်းတဲ့ ဆံသဆရာနဲ့မှ အဆင်ပြေမှာပါ။ ဆံပင်ပုံစံအနေနဲ့ အနောက်ဘက်ခြမ်း ၊ နားတစ်ဝိုက်နဲ့အထက်ကို တိုမယ်။ သူကတော့ အပေါ်မှာ ပြောခဲ့တဲ့ ဆံပင်ပုံစံတွေထက် ပိုပြီး ဆံပင်ရှည်ပါတယ်။ နည်းနည်းလည်း ပိုပြီး သားနားပါတယ်။