ကိုယ့်ချစ်သူလေးက အရသာရှိတဲ့ အစားအစာတွေကို ကြိုက်နှစ်သက်တယ်။ ပြီးတော့တန်ဖိုးရှိတဲ့ အချိန်လေးကို ကိုယ့်ချစ်သူနဲ့အတူတူ ရိုမန့်တစ်ဆန်ဆန် ဖြတ်သန်းချင်ကြသူများအတွက် ကမ္ဘာပေါ်ရှိ ရိုမန့်တစ်အဆန်ဆုံး စားသောက်ဆိုင်များကို ဖော်ပြပေးလိုက်ချင်ပါတယ်။

အီတလီရှိ နာမည်ကြီး စားသောက်ဆိုင်

Most Romantic Restaurants In The World

အခန်းအပြင်အဆင်များက နှစ်လိုဖွယ်ကောင်းပြီး အစားအစာများကလည်း အရသာရှိလှပါတယ်။ ထိုဆိုင်လေးရဲ့ထူးခြားချက်ကတော့ စားပွဲဝိုင်းတွေ ဘယ်လောက်များများရှိနေပါစေ တစ်ကြိမ်လျှင် လူနှစ်ယောက်သာ လက်ခံတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းချင်တဲ့သူတွေအတွက် နံပါတ်တစ်ရွေးချယ်သင့်တဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ ဆိုင်နာမည်ကတော့ Solo Per Due ဖြစ်ပါတယ်။

လန်ဒန်ရှိ စားသောက်ဆိုင်

Most Romantic Restaurants In The World

လန်ဒန်သည် ပြင်သစ်စားသောက်ဆိုင်များနဲ့ ပြည့်နှက်နေတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဒီဆိုင်လေးမှာလည်း အရသာရှိတဲ့ ပြင်သစ်စာများကို မြည်းစမ်းကြည့်နိုင်ပါတယ်။ စားသောက်ဆိုင်ကို သဘာဝအလှအပအတိုင်း ခံစားရနိုင်ဖို့အတွက် ပန်းပင်များ ပန်းပွင့်များဖြင့် လှလှပပ အလှဆင်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ စားသောက်ဆိုင် နာမည်ကတော့ Clos Maggiore ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ စားသောက်ဆိုင်

Most Romantic Restaurants In The World

ဒီစားသောက်ဆိုင်လေးကတော့ လုဗ် (Louvre) ပြတိုင်ရဲ့ မနီးမဝေးမှာတည်ရှိတာဖြစ်ပါတယ်။ အပြင်အဆင်များက ခမ်းနားထည်ဝါလှပပြီး အစားအသောက်များကလည်း လျှာလည်သွားစေမှာအမှန်ပါပဲ။ ဆိုင်နာမည်ကတော့ Restaurant Le Meurice Alain Ducasse ဖြစ်ပါတယ်။

ဟာဝိုင်အီရှိ စားသောက်ဆိုင်

Most Romantic Restaurants In The World

ပင်လယ်ကြီး ကာရံထားတဲ့ စားသောက်ဆိုင်လေးမှာ အရသာရှိတဲ့ အစားအစာများကို စားသုံးချင်ပါသလား။ ဒါဆိုရင် ဟာဝိုင်အီ ရောက်ဖြစ်တဲ့အခါ Haleiwa Joe’s စားသောက်ဆိုင်လေးကို သွားရောက်သင့်ပါတယ်။ ကိုယ့်ချစ်သူလေးနဲ့အတူတူ သဘာဝအလှတွေကို ခံစားရင်း အရသာရှိတဲ့ အစားအစာများကို မြည်းစမ်းစားသုံးနိုင်ပါတယ်။

တောင်ကိုရီးယားရှိ စားသောက်ဆိုင်

Most Romantic Restaurants In The World

ရနံ့သင်းပျံ့တဲ့ဖယောင်းတိုင်မီးများနဲ့ အလှဆင်ထားပြီး ထိုဆိုင်ရှိ ဝိုင်သည်လည်း အရသာထူးကဲကောင်းမွန်ပါတယ်။ လှပတဲ့ မြို့ပြအလှကို ရင်သပ်ရှုမောစွာ ခံစားနိုင်ပြီး တိမ်တွေပေါ်မှာ လမ်းလျှောက်နေရသည့်အလား ခံစားရမှာဖြစ်ပါတယ်။ ဆိုင်လေးရဲ့ နာမည်လေးကလည်း “Walking On The Cloud” ဖြစ်ပါတယ်။

ဂရိနိုင်ငံရှိ စားသောက်ဆိုင်

Most Romantic Restaurants In The World

ပင်လယ်ပြာပြာလေးနဲ့ အနားကွပ်ထားပြီး အဖုံးရောင်တွေ လွှမ်းခြုံထားတဲ့ ရွာငယ်လေးကို ရင်သပ်ရှုမောစွာ ခံစားချင်တယ်ဆိုရင်တော့ ဂရိနိုင်ငံ၊ Santorini လေးကို အရင်ဦးဆုံး သွားရောက်လိုက်ပါ။ ထိုနေရာလေးသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ အများဆုံး သွားရောက်ကြတဲ့နေရာများအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပြီးရင်တော့ Lycabettus အမည်ရှိ စားသောက်ဆိုင်လေးကို ရှာဖွေလိုက်ပါ။ ဂရိအစားအစာ Fine Dining လေးကို မြည်းစမ်းကြည့်နိုင်ပါတယ်။

Source: Bigseventravel.com

Featured Image Source: e-table.gr