လူအများစုကတော့ မီးတောင်ရှင် အနီးနားတစ်ဝိုက်မှာ မနေချင်ကြပါဘူး။ ဘယ်သူတွေကများ မီးတောင်ဘေးမှာ နေချင်ကြမှာလဲ။ မီးတောင်ပေါက်ကွဲရင် ဖြစ်လာမဲ့အကျိုးဆက်တွေက အများကြီးပါ။ဒါပေမဲ့ မီးတောင်တွေဟာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိူင်တဲ့နေရာတစ်ခုဖြစ်နေတဲ့အတွက်ကြောင့် နိူင်ငံခြားဝင်ငွေတွေအများကြီး ရှာပေးနိူင်ပါတယ်။

ဒီနေ့မှာတော့ ကမ္ဘာလှည့်ခရီးသည်တွေ အကြိုက်ဆုံးမီးတောင်တွေကို ဖော်ပြပေးသွားမှာပါ။

၁။ Mount Fuji in Japan

Source: All about Japan

Fuji မီးတောင်ဟာ ဂျပန်နိူင်ငံမှာတည်ရှိတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးလာလည်တဲ့ မီးတောင်ရှင် တစ်ခုဖြစ်ပါတယ်။ တောင်ပေါ်ကိုတတ်ဖို့ လမ်းတွေအများကြီးရှိ့တဲ့ထဲကမှာ Kawaguchiko လမ်းက ခရီးသည်တွေ အသွားအများဆုံးလမ်းပဲဖြစ်ပါတယ်။ တောင်ပေါ်တတ်ဖို့အကောင်းဆုံးအချိန်တွေကတော့ သြဂုတ်လ နဲ့ ဇူလှိုင်လပဲ ဖြစ်ပါတယ်။

၂။ Maelifell Volcano in Iceland

Source: Travel Tourism and Landscapes Destinations

Maelifell မီးတောင်ဟာ အိုက်စလန် Myrdalsjökull ရေခဲတောင်ထိပ်မှာ တည်ရှိပါတယ်။ မီးတောင်တစ်ခုလုံးဟာ စိန်းလန်းနေပြီးတော့ တောင်ထိပ်တခုလုံး ရေညှိတွေနဲ့ ဖုံးလွမ်းနေပါတယ်။ သွားလည်ဖို့အကောင်းဆုံးအချိန်ကတော့ ဇွန်လဖြစ်ပြီး အဲ့လမှာ နှင်းတွေကျဲသွားတတ်ပါတယ်။

၃။ Mount Etna in Italy

Source: Sicily

အီတလီနိူင်ငံမှာ ရှိတဲ့ Etna မီးတောင်ဟာလည်း အလှဆုံးမီးတောင်တွေထဲမှာ တစ်ခုအပါအဝင်ပါ။ ယူရုပ်မှာ ဆိုရင် အမြင်ဆုံးနဲ့ အကျော်ကြားဆုံး မီးတောင်တစ်ခုဖြစ်ပါတယ်။ မီးတောင်ပက်ပက်လည်မှာ လုပ်စရာ အများကြီးရှိပြီးတော့ မီးတောင်ဝ အခု ၄၀၀ ကိုလည်းမြင်နိူင်ပါတယ်။

၄။ Mount Kilimanjaro in Tanzania

Source: Britannica

Kilimanjaro မီးတောင်ဟာ တန်ဇန်းနီးယားမှာ တည်ရှိနေပြီးတော့ အာဖရိက မှာ အမြင့်ဆုံး တောင်ထိပ်တစ်ခုဖြစ်ပါတယ်။ တောင်ထိပ်ပေါ်ကို တတ်ရတာ လွယ်ကူတာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ မီးတောင် တစ်ခုဖြစ်ပါတယ်။

၅။ Arenal Volcano in Costa Rica

Source: Costa Rica Experts

Arenal မီးတောင်ဟာ ၁၉၆၈ ခုနှစ်မှာ တစ်ခါပေါက်ကွဲခဲ့ပြီးတော့ အခုထက်ထိ ချော်ရည်တွေ မုတ်ထုတ်နေဆဲပါ။ မီးတောင်စောင်းမှာ ကမ္ဘာလှည့်ခရီးသည်တွေ အတွက်လည်ပက်စရာတွေအများကြီးရှိပြီးတော့ အပန်းဖြေစရာနေရာတွေလည်း ပေါများပါတယ်။ မီးတောင်နားမှာ စက်ဘီးစီးတာ၊ လှေစီးတာ တွေအပြင် တခြားအရာတွေလည်းအများကြီး လုပ်နိူင်ပါတယ်။ သွားလည်ဖို့အကောင်းဆုံးအချိန်ကတော့ ဖေဖော်ဝါရီလကနေ ဧပြီလအထိဖြစ်ပါတယ်။