ဘောလုံးအားကစားလောကမှာ ဘောလုံးကန်တဲ့နေရာမှာသာမက ရုပ်ရည်သွင်ပြင်ပိုင်းမှာပါ အားသာချက်ရှိတဲ့ ကစားသမားတွေရှိပါတယ်။ အခုပြောပြမှာကတော့ အဲ့ဒီကစားသမားတွေထဲ စတိုင်လ်ကျကျအနေတတ်ဆုံးကစားသမား (၅) ယောက်အကြောင်းပါ။ စိတ်ဝင်စားရင် ဆက်ဖတ်ပေးပါဦး။
(၁) မက်ဆီ (Lionel Messi)
ပထဆုံးတယောက်က အားလုံးရဲ့အချစ်တော် မက်ဆီပါ။ သူ့ရဲ့စတိုင်လ်က လုံလုံခြုံခြုံဝတ်စုံပြည့်ဝတ်တတ်ပေမယ့် ရိုးရှင်းမနေဘဲ အမြဲအမှတ်ပေးရတဲ့စတိုလ်မျိုးပါ။ အကောင်းဆုံးဥပမာအနေနဲ့ ပြရရင် သတင်းစာရှင်းလင်းပွဲတခုမှာ မက်စီက ချပ်ချပ်ရပ်ရပ်ရှိတဲ့ နေဗီလ်အပြာရောင်ဝတ်စုံနဲ့ အဖြူစွတ်စွတ် sneaker ဖိနပ်တရံကိုအတွဲစပ်မိမိ ဝတ်ဆင်ထားတာကို တွေ့ရမှာပါ။
(၂) စီရော်နယ်လ်ဒိုလ် ( Cristiano Ronaldo)
ကမ္ဘာ့ဈေးအကြီးဆုံးဇိမ်ခံကားတွေအပြင် စီရော်နယ်လ်ဒိုလ်ဟာ ဒီဇိုင်နာတွေကိုယ်တိုင်ဖန်တီးထားတဲ့ ဈေးအကြီးဆုံး နောက်ဆုံးပေါ်အဝတ်အစားတွေနဲ့ တွဲဖက်အသုံးအဆောင်ပစည်းတွေကို သဘောကျပုံရပါတယ်။ရော်နယ်လ်ဒိုလ်ဟာ ခန္ဓာကိုယ်အချိုးအစားလှပပြီး ဖက်ရှင်ကျကျအမြဲဝတ်စားတက်သူတစ်ဦးပါ။ သူ့ရဲ့အဝတ်ဘီဒို တဝက်လောက်ပိုင်ဆိုင်ဖို့ဆိုရင် ဘယ်လောက်တောင်ပေးရမလဲနော်။
(၃) နေမာ ( Neymar)
နောက်ထပ်စတိုင်လ် ကျကျနေတတ်သူတယောက်ကတော့ ဖန်စီပစည်းတွေကြိုက်တဲ့ ကစားသမားနေမာပါ။ ဒါကတော့ သူ့ရဲ့ စတိုလ်ပါ။ သူ့ကိုကြည့်လိုက်ရင် အမြဲတောက်တောက်ပြောင်ပြောင်နဲ့ ခြေဆုံးခေါင်းဆုံးကြည့်ချင်စရာ ဈေးကြီးကြီးအမျိုးသားဝတ်ဖက်ရှင်အမှတ်တံဆိပ်တွေနဲ့ပါပဲ။
(၄) လူးဝစ်ဆွာရက် (Luis Suárez)
လူးဝစ်ကတော့ Denim Jeans တွေက ဘယ်တော့မှရိုးမသွားဘူးဆိုတာသိနေပါတယ်။ လူးဝစ်ဟာ ဒီလိုခေါင်းစွပ်ပါတဲ့ Jean လက်ပြတ်စတိုင်လ်ဖက်ရှင်မျိုးကြိုက်နှစ်သက်သူတစ်ယောက်ပါ။ ဖက်ရှင်ကျချင်တဲ့ အမျိုးသားတွေရဲ့ အဝတ်ဘီဒိုထဲမှာလည်း Jean လက်ပြတ်စတိုင်လ်ဖက်ရှင်မျိုး တထည်လောက်ရှိဖို့ အကြုံပြုချင်ပါတယ်။
(၅) ပေါ့ဘာ (Paul Pogba)
ဒီပုံကိုကြည့်ပြီး ရက်ပါအဆိုတော် Kanye လား ဒါမှမဟုတ် Drake များလားထင်မှတ်မှားနေမယ်ထင်ပါတယ်။ တကယ်တော့ ဒါက ကစားသမား ပေါ့ဘာ ပါ။ သူ့ရဲ့ပေါ့ပါးပြီး သပ်ရပ်တဲ့ အားကစားသမားတယောက်ရဲ့ဝတ်စားပုံက လူကြားထဲမှာအမြဲတမ်းလင်းနေစေပါတယ်။ ဒါကြောင့်လည်း စတိုင်လ်အကျဆုံး ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်နေတာပါ။