ကမ္ဘာ့ဘောလုံးသမိုင်းမှာ အင်္ဂလန်ဆိုတဲ့ နာမည်ဟာ ဟိုးဟိုးကျော်ပါတယ်။ အင်္ဂလန်ဆိုတာ ၁၈၆၃ ကတည်းက ဘောလုံးကစားနည်းစနစ်နဲ့ ဥပဒေတွေ ရေးဆွဲရာ နိုင်ငံလည်း ဖြစ်ပါတယ်။ အင်္ဂလန်တစ်နိုင်ငံတည်းမှာကို ဘောလုံးအသင်းပေါင်း ၄ သောင်းကျော် ရှိပါတယ်။ ဒီလိုနိုင်ငံက ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတွေ မွေးဖွားတာ အဆန်းတော့ မဟုတ်ပါဘူး။ အင်္ဂလန်ရဲ့ အကောင်းဆုံး ကလပ်အသင်းတွေထဲကမှ အအောင်မြင်ဆုံးအသင်းတွေအကြောင်းကို ဒီတစ်ခေါက်မှာ ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။
(၅) တော့တင်ဟမ် ဟော့စပါး

Photo: sportsbrowser
ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ အထိ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ ကလပ်သမိုင်းမှာ ပြည်တွင်းနဲ့ နိုင်ငံတကာ ဘောလုံးဖလားတွေ စုစုပေါင်း ၂၆ ဆုအထိ ရရှိထားပါတယ်။ လက်ရှိမှာ အင်္ဂလန်ပရီးမီးယားလိဂ်ဖလား ၂ ဆု ရထားပြီး FA ဖလား ၈ လုံးနဲ့ ဘောလုံးလိဂ်ကလပ်အသင်း ၄ လုံးလည်း သိမ်းပိုက်ထားတာပါ။ တော့တင်ဟမ် ဟော့စပါးအသင်းဟာ FA ကွန်မြူနတီဒိုင်း ၉ ကြိမ် ရထားပြီး UEFA ချန်ပီယံလိဂ်ဖလားလည်း တစ်ကြိမ်ရထားတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း UEFA ယူရိုပါလိဂ်နှစ်ကြိမ်လည်း ရရှိထားပါတယ်။
(၄) ချဲလ်ဆီး

Photo: sportsbrowser
ချဲလ်ဆီးအသင်းရဲ့ သမိုင်းမှာ စုစုပေါင်း ဖလား ၃၁ လုံး အထိ ရထားပါတယ်။ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းတွေမှာ စတုတ္ထနေရာက ရှိတဲ့ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ဖလား ၆ လုံး ၊ FA ဖလား ၉ လုံး နဲ့ ဘောလုံးလိဂ်ဖလား ၆ လုံး သိမ်းပိုက်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဒီနေ့အချိန်အထိ FA ကွန်မြူနတီဒိုင်း ၄ ကြိမ် ၊ UEFA ချန်ပီယံလိဂ် ၂ ကြိမ်လည်း ရထားပါတယ်။ UEFA Cup Winners’ ဖလား နှစ်ကြိမ် ၊ UEFA Super Cup တစ်ကြိမ်အပြင် UEFA ယူရိုပါလိဂ်ဖလား တစ်ကြိမ်လည်း ရထားတာ ဖြစ်ပါတယ်။
(၃) အာဆင်နယ်

Photo: sportsbrowser
စုစုပေါင်းပြည်တွင်းပြည်ပဖလား ၄၆ လုံး ရထားတဲ့ အာဆင်နယ်အသင်းဟာ အအောင်မြင်ဆုံးအင်္ဂလန်အသင်းတွေမှာ တတိယနေရာက ရှိပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ် ၁၃ ကြိမ် ၊ FA ဖလား ၁၃ ကြိမ် ၊ Football League Cup ဖလား ၃ ကြိမ် ရထားတဲ့အပြင် FA ကွန်မြူနတီဒိုင်း ၁၅ ကြိမ်အထိ ရထားတာကလည်း အာဆင်နယ်အသင်းရဲ့ ထူးခြားချက်ပါပဲ။ အာဆင်နယ်အသင်းဟာ Inter-Cities Fairs Cup လည်း တစ်ကြိမ်ရထားသလို UEFA Cup Winner’s Cup လည်း တစ်ကြိမ်ရထားတဲ့ မှတ်တမ်းရှိပါတယ်။
(၂) လီဗာပူး

Photo: sportsbrowser
အင်္ဂလန်အသင်းတွေထဲက ဒုတိယအောင်မြင်မှုအများဆုံးအသင်းက လီဗာပူးအသင်းပါ။ ဒီအသင်းဟာ ပြည်တွင်းနဲ့ နိုင်ငံတကာဖလားပေါင်း ၆၁ ဆုအထိ ရထားတဲ့အသင်းလည်း ဖြစ်ပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်ဖလား ၁၈ လုံး ၊ FA Cups ၈ လုံးနဲ့ Football League Cup ၈ လုံး ရထားပြီး FA Community ဒိုင်း ၁၅ ကြိမ် အပြင် UEFA ချန်ပီယံလိဂ်ဖလား ၅ ကြိမ်အထိ ရတာကလည်း လီဗာပူးအသင်းရဲ့ အောင်မြင်မှုပါပဲ။ လီဗာပူးအသင်းဟာ UEFA ယူရိုပါလိဂ်ဖလား ၃ ကြိမ် နဲ့ UEFA Super Cup ၃ ကြိမ်လည်း ရထားပါတယ်။
(၁) မန်ချက်စတာယူနိုက်တက်

Photo: sportsbrowser
အချမ်းသာဆုံးဘောလုံးအသင်းတွေထဲမှာ ပါသလို အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းလို့လည်း သတ်မှတ်ခံရတာက မန်ချက်စတာ ယူနိုက်တက်အသင်းဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ပြည်တွင်းပြည်ပဖလားပေါင်း ၆၆ ဆုအထိ ရထားပါတယ်။ အသင်းသမိုင်းမှာ အင်္ဂလန်ပရီးမီးယားလိဂ်ဖလားပေါင်း ၂၀ ၊ FA ဖလား ၁၂ လုံး နဲ့ Football League Cup ၅ လုံး ကိုင်မြှောက်ထားပါတယ်။ FA ကွန်မြူနတီဒိုင်း ၂၁ လုံး နဲ့ UEFA ချန်ပီယံလိဂ်ဖလားလည်း ၅ ကြိမ် ရထားတဲ့ မှတ်တမ်းရှိပါတယ်။ ဒီပြင်ဖလားတွေက UEFA Cup Winners’ Cup ဖလား ၊ UEFA Super Cup ဖလား ၊ Intercontinental Cup နဲ့ FIFA Cup ဖလားတွေလည်း တစ်ကြိမ်စီ ရထားပါတယ်။
အခုပြောခဲ့တာတွေကတော့ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအထိ မှတ်တမ်းတွေအရ အအောင်မြင်ဆုံးအသင်းတွေအဖြစ် သတ်မှတ်ခံထားရတဲ့ အင်္ဂလန်ဘောလုံးအသင်းတွေပဲ ဖြစ်ပါတယ်။
Featured Photo: 90Mins
