စီးပွားရေး လောကတွင် အောင်မြင်ကျော်ကြားသော လုပ်ငန်းရှင်အများအပြားရှိကြပါတယ်။ မျိုးရိုးလိုက် ချမ်းသာကြွယ်ဝသူများလည်း ရှိကြသလို ကိုယ့်စွမ်းကိုယ့်စနဲ့ သုညကနေ စပြီး ကြိုးစားခဲ့ပြီးနောက်မှာ ချမ်းသာကြွယ်ဝလာသူများလည်းရှိကြပါတယ်။
အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်များအနက် မှတ်ကျောက်တင်ခံရတဲ့ စီးပွားရေးသမားများကို ဖော်ပြပေးချင်ပါတယ်။
Cornelius Vanderbilt

Photo Source: History.com
သူကတော့ ၁၇၉၄ ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး ၁၈၇၇ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့အောင်မြင်ကျော်ကြားသူတစ်ယောက်ပါ။ သူသည် မီးရထားလမ်းပန်းဆက်သွယ်ရေး၊ သင်္ဘောနဲ့ ရေလမ်းခရီးကုန်သွယ်ရေးတို့တွင် အအောင်မြင်ဆုံးသောသူတစ်ယောက်ဖြစ်ပါတယ်။ သူသည် အမေရိကန်ရှိ အထင်ကရမီးရထားလမ်းကြောင်းများကို ဆောက်လုပ်ခဲ့ပြီး ထိုလမ်းကြောင်းများကို ထိန်းချုပ်ခဲ့သူတစ်ယောက်ပါ။
Bill Gates

သူ့ကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး။ သူသည် Microsoft ကို စတင်တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၁၉၅၅ ခုနှစ်မှာဖွားမြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့အသားတင်ချမ်းသာကြွယ်ဝမှုက ၇၆.၈ ဒေါ်လာ ဘီလီယံရှိပါတယ်။ ဒါ့အပြင် သူသည် သူ့ပိုင်ဆိုင်မှုတွေရဲ့တော်တော်များများကိုလည်း ဂိတ်စ် ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ပါသေးတယ်။
Larry Page နဲ့ Sergey Brin

Photo Source: Wired.com
ဂူဂယ်လ်ရဲ့တွဲဖက်တည်ထောင်သူနှစ်ဦးဖြစ်ကြပါတယ်။ သုညကနေ စခဲ့ရပေမယ့် အခုဆိုရင် လူတိုင်းက Google ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်တာ Google တည်ထောင်သူကြောင့်ပါပဲ။
Steve Jobs

Apple ထုတ်ကုန်တွေလို့ ပြောလိုက်တာနဲ့ ဘယ်သူ့ကို အရင်ဆုံးပြေးမြင်မိပါသလဲ။ ဟုတ်ပါတယ်။ Steve Jobs ပဲဖြစ်ပါတယ်။ သူသည် ၁၉၅၅ ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
Richard Branson

Photo Source: Edition.cnn.com
၁၉၅၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အင်္ဂလိပ်လူမျိုးစွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ပါတယ်။ သူသည် သူ့ရဲ့ဆိုင်သေးသေးလေးကနေ အစပြုခဲ့ရာကနေ နောက်ပိုင်းမှာတော့ မီးရထား၊ လေကြောင်းလိုင်းနှင့် အခြားသော စီးပွားရေးနယ်ပယ်များအထိပါ ချဲ့ထွင်နိုင်ခဲ့ပါတယ်။
Walt Disney

၁၉၀၁ ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး ၁၉၆၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူကတော့ ဒစ်စနီကာတွန်းဇာတ်ကောင်များကို တီထွင်ခဲ့ပြီး ဒစ်ဒနီပန်းခြံကိုလည်း တည်ထောင်ခဲ့သူတစ်ယောက်ပါ။ ဒစ်စနီထုတ်လုပ်ရေးကုမ္ပဏီသည် အမေရိကန်ရုပ်ရှင်ထုတ်လုပ်ရေးလောကတွင် အကြီးကျယ်ဆုံးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။
Source: Biographyonline.net
Featured Image Source: Commons.wikimedia.org
