အားကစားပြုလုပ်ခြင်းသည် ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေပြီး ကျန်းမာရေးအကျိုးကျေးဇူးမြောက်မြားစွာလည်း ရရှိပိုင်ဆိုင်စေပါတယ်။

အားကစားကို ဝါသနာအရ အပျော်တမ်းကစားကြသူများလည်း ရှိသလို အသက်မွေးဝမ်းကြောင်းအရ ပရော်ဖက်ရှင်နယ်လုပ်ကိုင်ဆော့ကစားနေသူများလည်းရှိကြပါတယ်။ ပရော်ဖက်ရှင်နယ် အားကစားသမားများအနေနဲ့ကတော့ ကျန်းမာရေးအကျိုးကျေးဇူးအပြင် အောင်မြင်ကျော်ကြားမှု၊ ငွေကြေးချမ်းသာကြွယ်ဝမှုတို့ကိုလည်း ရရှိပိုင်ဆိုင်ကြပါတယ်။

သူတို့ရရှိတဲ့ အောင်မြင်မှုအလိုက် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများသည်လည်း မနည်းမနောပါပဲ။

အားကစားနယ်ပယ်ထဲတွင် လက်ရှိအချိန်အထိ အောင်မြင်နေတဲ့ ကမ္ဘာ့အကျော်ကြားဆုံး အားကစားသမားများကို ဖော်ပြပေးလိုက်ရပါတယ်။

Pele

Most Successful People In Sport

Photo Source: Britannica.com

သူကတော့ ဘရာဇီးဘောလုံးကစားသမားဖြစ်ပါတယ်။ ၂၀ ရာစုနှစ်အတွင်း အအောင်မြင်ဆုံးသော ဘောလုံးကစားသမားဖြစ်ပါတယ်။

Usain Bolt

Most Successful People In Sport

Photo Source: CNBC

အအောင်မြင်ဆုံး အိုလံပစ်အပြေသမားတစ်ယောက်ကို ပြောပါဆိုရင် Usain Bolt ကို ပြောရပါလိမ့်မယ်။ သူသည် ၂၀၀၈ တွင် ၁၀၀ မီတာ၊ ၂၀၁၂ တွင် ၂၀၀ မီတာနှင့် ၂၀၁၆ တွင် ၁၀၀ မီတာ စသည့်အပြေးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။

Michael Phelps

Most Successful People In Sport

Photo Source: Wikipedia.org

ကမ္ဘာ့အတော်ဆုံး ရေကူးသမားတစ်ယောက်ဖြစ်ပြီး အိုလံပစ်ရွှေတံဆိပ်ဆု ၁၈ ဆုတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

Lionel Messi

Most Successful People In Sport

Photo Source: Bleacherreport.com

အာဂျင်တီးနား ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး FIFA/ Ballons d’Or ဆုကို လေးကြိမ်တိတိ ဆွတ်ခူးရရှိခဲ့တဲ့ ပထမဦးဆုံးသော ဘောလုံးသမားဖြစ်ပါတယ်။

Michael Jordan

Most Successful People In Sport

Photo Source: Qmecom.com

ကမ္ဘာ့အကျော်ကြားဆုံး ဘတ်စကပ်ဘောကစားသမားကတော့ Michael Jordan ပဲဖြစ်ပါတယ်။

Billie Jean King

Most Successful People In Sport

Photo Source: Self.com

အမေရိကန် တင်းနစ်ကစားသမားတစ်ယောက်ဖြစ်ပြီး အားကစားနယ်ပယ်တွင်သာမက အမျိုးသမီးအားကစားသမားများသည်လည်း တန်းတူအခွင့်အရေးရရှိဖို့ရန်အတွက် ကြိုးစားခဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

Christiano Ronaldo

Most Successful People In Sport

Photo Source: Goal.com

ကမ္ဘာ့ကြေးအမြင့်ဆုံး ဘောလုံးကစားသမားတစ်ယောက်ဖြစ်ပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ ဘောလုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။

Source: Biographyonline.net