သက်တမ်းအရင့်ဆုံး တိုက်ကြီးများဖလား နိုင်ငံအဆင့်ဘောလုံးပွဲစဉ်ထဲမှာ ကိုပါအမေရိကဖလားလည်း ပါရှိပါတယ်။ တောင်အမေရိကနိုင်ငံတွေအကြား နှစ်စဉ်ကျင်းပတဲ့ အမျိုးသားဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကိုပါအမေရိကဖလားကို ကမ္ဘာတလွှားက ဘောလုံးချစ်သူ သန်းပေါင်းများစွာက နှစ်စဉ် စောင့်ကြည့်ကြပါတယ်။ ဇွန်-ဇူလိုင်မှာ လုပ်တဲ့ ကိုပါအမေရိကဖလားရဲ့ လက်ရှိချန်ပီယံက အာဂျင်တီးနားအသင်း ဖြစ်ပါတယ်။ ဘယ်နိုင်ငံအသင်းက ကိုပါအမေရိကဖလားသမိုင်းမှာ အအောင်မြင်ဆုံးလည်း ကြည့်လိုက်ရအောင်ပါ။

(၅) ပီရူး

peru-football-team

Photo: sportsshow

ပီရူးအမျိုးသားအသင်းဟာ ကိုပါအမေရိကဖလားနှစ်ကြိမ် ရခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ပီရူးအသင်းဟာ ဖီဖာကမ္ဘာ့ဖလားကို ခြေစစ်ပွဲသုံးကြိမ်အောင်မြင်ထားတဲ့အသင်းလည်း ဖြစ်ပါတယ်။ ပီရူးကွင်းလယ်လူ တီယိုဖီလို ကူဘီလက်စ်ဆိုရင် IFFHS ရဲ့ အကြီးကျယ်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသလို အကောင်းဆုံးကွင်းလယ်လူအဖြစ်လည်း ရွေးချယ်ခံထားရပါတယ်။ ၂၀၂၁ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ပီရူးဘောလုံးအသင်းဟာ အဆင့် ၂၇ နေရာမှာ ရှိပါတယ်။

(၄) ချီလီ

chile-football-team

Photo: sportsshow

ချီလီဘောလုံးအသင်း La Roja ဟာ ကိုပါအမေရိကသမိုင်းမှာ အအောင်မြင်ဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပြီး သူတို့လည်း ဖလား ၂ ကြိမ်ရခဲ့တာ ဖြစ်ပါတယ်။ နာမည်ကြီး ကစားသမားတွေ ဖြစ်တဲ့ ဂယ်ရီ မော်ဒယ်နဲ့ အန်တူရို ဗီဒယ်တို့ဟာ ချီလီသားတွေ ဖြစ်ပါတယ်။ ကိုပါအမေရိက Centenario တိုက်ကြီးများဖလား ပထမဆုကို ၂၀၁၆ မှာ ရခဲ့ပါတယ်။ ၂၀၁၅ ကိုပါအမေရိကဖလားရပြီးနောက် ၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလားအတွက် ခြေစစ်ပွဲအောင်ခဲ့ပါတယ်။ ကိုပါအမေရိကဖလားမှာ ဒီအသင်းဟာ ပွဲပေါင်း ၁၇၇ ပွဲကစားခဲ့ပြီး ဂိုးပေါင်း ၂၈၁ ဂိုး သွင်းထားပါတယ်။

(၃) ဘရာဇီး

brazil-football-team

Photo: sportsshow

ကမ္ဘာ့အကောင်းဆုံးကစားသမားတွေ ထွက်တဲ့ ဘရာဇီးအသင်းဟာ ကိုပါအမေရိကပြိုင်ပွဲမှာ တတိယအအောင်မြင်ဆုံးအသင်း ဖြစ်ပြီး ဖလား ၉ ကြိမ် ရတဲ့ မှတ်တမ်းရှိပါတယ်။ ဖီဖာကမ္ဘာ့ဖလား ၅ ကြိမ်အထိ ရခဲ့တဲ့ ဘရာဇီးအသင်းဟာ ကိုပါအမေရိကပွဲပေါင်း ၁၇၈ ပွဲမှာ ဂိုးပေါင်း ၄၀၅ ဂိုးအထိ သွင်းခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ပီလီခေတ် ၁၉၅၉ ခုနှတွေမှာ ဘရာဇီးဘောလုံးလောကဟာ ရွှေရောင်လွှမ်းခဲ့တယ်လို့ ဆိုရမှာပါ။

(၂) ဥရုဂွေး

uruguay-football-team

Photo: sportsshow

ကိုပါအမေရိက ၁၅ ကြိမ် ချန်ပီယံဖြစ်ခဲ့တဲ့အသင်းပါ။ ဥရုဂွေးအသင်းဟာ ကိုပါအမေရိကဖလားပွဲစဉ်တွေရဲ့ အကောင်းဆုံး အသင်းအဖြစ်ညွှန်းခံရပါတယ်။ အမေရိကန်ဖလား ၁၄ ကြိမ်လည်း ရထားသလို ၁၉၉၇ မှာ ကွန်ဖက်ဒရေးရှင်းဖလား ၊ ၁၉၆၃ နဲ့ ၁၉၈၃ တွေမှာ နွေရာသီအိုလံပစ်ပွဲတော် ရွှေတံဆိပ်နှစ်ဆု ရခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ ၁၉၃၀ မှာ အာဂျင်တီးနားအသင်းကို အိမ်ကွင်းမှာ ၄-၂ နဲ့ နိုင်ခဲ့ပြီး ပထမဆုံး ကမ္ဘာ့ဖလားကို ရယူသွားခဲ့တာပါ။ ကမ္ဘာ့ဖလားနှစ်ကြိမ် ချန်ပီယံလည်း ဖြစ်ပါတယ်။

(၁) အာဂျင်တီးနား

argentina-football-team

Photo: sportsshow

ကိုပါအမေရိကဖလားသမိုင်းမှာ နံပါတ်တစ် အအောင်မြင်ဆုံးအသင်းက အာဂျင်တီးနားအသင်းဖြစ်ပါတယ်။ ၁၉၉၃ မှာ ဘရာဇီးအသင်းကို ၁-၀ နဲ့ နိုင်ပြီး ပထမဆုံး ကိုပါအမေရိကဖလားကို ယူသွားခဲ့တာပါ။ ၁၉၉၂ နဲ့ ၉၃ မှာ ဖီဖာကွန်ဖက်ဒရေးရှင်းဖလား နဲ့ Artemio Franchi Trophy ဆုတွေ ရခဲ့ပါတယ်။ တောင်အမေရိကချန်ပီယံရှစ်မှာ အာဂျင်တီးနားအသင်းဟာ ဖလား ၁၂ ကြိမ် ရခဲ့ပါတယ်။

ကမ္ဘာ့ဖလားနှစ်ကြိမ်ရခဲ့တဲ့ ဒီအသင်းဟာ ကိုပါအမေရိကအတွက် ကစားခဲ့တဲ့ ပြိုင်ပွဲပေါင်း ၁၂၀ မှာ စုစုပေါင်း ဂိုးအရေအတွက် ၄၅၅ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ အာဂျင်တီးနားဟာ ကမ္ဘာ့ထိပ်တန်း ဘောလုံးအကျော်အမော်တွေ ထွက်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အထင်ရှားဆုံးပုဂ္ဂိုလ်တွေကတော့ လိုင်ယွန်နယ် မက်ဆီနဲ့ ဒီယေဂို မာရာဒိုနာတို့ ဖြစ်ပါတယ်။

Featured Photo: Scroll