လူတွေဟာ ရေနဲ့အစားအသောက်မရှိပဲ တစ်ရက်အသက်ရှင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အစာစားခြင်းဟာ နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမယ့် ကမ္ဘာပပေါ်မှာရှိတဲ့ တစ်ချို့တိရစ္ဆာန်တွေကတော့ အစားအသောက်မရှိပဲ လပေါင်းများစွာအသက်ရှင်နေနိူင်ကြတယ်ဆိုတာ သင်တို့ သိပြီးပြီလာ။
မသိသေးဘူးဆိုရင်တော့ ဒီနေ့ kwee page ကပြောပြပေးသွားမှာပါ။
Olms
Source: 10 Most Today
ဒီအသားစားကျောရိုးရှိသတ္တဝါကို အီတလီနိုင်ငံ ဘော်လ်ကန် ဒေသ ရေအောက်မှာ အဓိကတွေ့ရပါတယ်။ ဒီသတ္တဝါတွေဟာ အစာမစားပဲ (၁၀) နှစ်ကျော် အသက်ရှင်နေနိူင်ကြတယ်။ သူတို့တွေဟာ လိုအပ်တဲ့ အဆီဓာတ်နဲ့ glycogen တွေကို အသည်းမှာသိုလှောင်လေ့ရှိကြတယ်။
ကုလားအုတ်
Source: 10 Most Today
ကုလားအုတ် ကျောကုန်းပေါ်က ဘို့တွေဟာ အများထင်ထားသလို ရေတွေကိုသိုလှောင်ထားတာမဟုတ်ပါဘူး။ အဆီတွေကို သိုလှောင်ထားခြင်းဖြစ်ပါတယ်။ ဒီဘို့တွေထဲက အဆီတွေဟာ ကုလားအုတ်တွေကို သဲကန္တာရ ထဲမှာရေမရှိပဲ ရက်ပေါင်း (၄၀) ခန့်အသက်ရှင်နေနိူင်အောင် ကူညီပေးပါတယ်။
ငါမန်း
Source: Live Science
အံ့ဩစရာကောင်းတာက ငါမန်းတွေဟာ အစာမစားပဲ (၈) ပက်ကနေ (၁၀) ပက်အထိ အသက်ရှင်နေနိူင်ကြပါတယ်။ အစာမစားရတဲ့ ကာလတွေမှာ သူတို့ဟာ အမဲလိုက်တာ ပိုမိုပြင်းထန်ကြတယ်။
မြွေ
Source: BBC.com
မြွေတွေရဲ့ ဇီဖြစ်ပျက်မှုဟာ မိုးရာသီ (သို့) ဆောင်းရာသီတွေမှာ (၇၀) ရာခိုင်နှုန်းလျှော့ကျသွားလေ့ရှိကြတယ်။ ဒါကြောင့် သူတို့ဟာ အစာမစားပဲ (၁) နှစ်လောက် အသက်ရှင်နေနိူင်ကြတယ်။
ပင့်ကူ
Source: Australian Museum
ပင့်ကူတွေဟာ အစာရှားပါးတဲ့အချိန်မှာ အစာမရှိပဲ (၃) လကနေ (၄) လအထိ အသက်ရှင်နေနိူင်ကြတယ်။ တစ်ချို့ ပင့်ကူအမျိုးအစားတွေဆိုရင် (၁) နှစ်အထိ နေနိူင်ကြတယ်။
ပင်ဂွင်း
Source: Smulderstextiel.cl
ဆောင်ရာသီရောက်ရင် ပင်ဂွင်းတွေရဲ့ ဇီဖြစ်ပျက်မှုဟာ လျှော့ကျသွားတတ်ကြတယ်။ ဒါက သူတို့ကို အစာမရှိပဲ (၂) လကနေ (၄) လအထိ အသက်ရှင်နေနိူင်အောင် ကူညီပေးပါတယ်။
ဖား
Source: www.govtech.
ဖားတွေဟာ အစာမစားဘဲ (၁၆) လအထိကြာအောင် နေနိူင်ကြတယ်။
မိချောင်း
Source: Live Science
မိချောင်းတွေဟာ အစာမစားပဲ လပေါင်းများစွာအသက်ရှင်နေနိူင်ကြတယ်။ သူတို့အသုံးပြုတဲ့ နည်းလမ်းကတော့ လှုပ်ရှားမူ မရှိပဲ ငြိမ်ငြိမ်လေး နေခြင်းပါပဲ။
Galápagos လိပ်
Source: BBC.com
ဒီလိပ်အမျိုးအစားတွေဟာ အစာနဲ့ရေမရှိပဲ (၂) နှစ်မှ (၃) နှစ်အထိ အသက်ရှင်နိူင်ကြတယ်။
ဝက်ဝံ
Source: Science
ဝက်ဝံတွေဟာ ဆောင်းရာသီတွေမှာ ပိုမိုအိပ်လေ့ရှိကြတယ်။ ဒါက သူတို့ရဲ့ ဇီဖြစ်ပျက်မှုကို လျှော့ကျစေပြီး စွမ်းအင်တွေကို ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် သူတို့ဟာ အစာမစားပဲ ရက်ပေါင်း (၁၀၀) ကျော်အသက်ရှင်နေနိူင်ကြတယ်။