ခရီးသွားလုပ်ငန်းကို လူအများက မီးခိုးမထွက်တဲ့စက်ရုံလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ တစ်ချို့နိုင်ငံတွေဟာ တွင်းထွက်သယံဇာတတွေမရှိတာကြောင့် ခရီးသွားလုပ်ငန်းကို မှီခိုပြီး တိုင်းပြည်အတွက် ဝင်ငွေရှာကြပါတယ်။ ခရီးသွားတွေက ကမ္ဘာ့အနှံ့က မြင်ကွင်းတွေကို ကြည့်ရဖို့အတွက် ခရီးသွားကြတဲ့အခါမှာ ဟိုတယ်တွေတည်းခိုခန်းတွေမှာ တည်းခိုကြရတယ်။ တစ်ချို့တွေကတော့ ဈေးနှုန်းအသင့်အတင့် ရှိတဲ့ဟိုတယ်တွေမှာ တည်းခိုကြပြီး တစ်ချို့တွေကတော့ ကြယ်ငါးပွင့်အဆင့် ရှိတဲ့ဟိုတယ်တွေမှာ တည်းခိုကြတယ်။

ခု kwee page ပြောပြပေးမှာကတော့ ကမ္ဘာလှည့်ခရီးသွားတွေ တကူးတက သွားရောက် တည်းခိုကြရတဲ့ အများနဲ့မတူပဲ တမူထူးခြားစွာတည်ဆောက်ထားတဲ့ ဟိုတယ်တွေအကြောင်းပါ။

Sky Lodge (ပီရူး)

Source: Lonely Planet

ပီရူးနိုင်ငံက Sky Lodge ဟိုတယ်ကို တခြားဟိုတယ်တွေလို တည်ဆောက်ထားခြင်းမျိုးမဟုတ်ဘဲ တောင်စောင်းရဲ့ဘေး ပေ (၅၀၀၀) အမြင့်မှာ ချိတ်ဆွဲထားခြင်းဖြစ်ပါတယ်။ ဒီဟိုတယ်ကို သွားရောက်တည်းခိုဖို့အတွက် အမြင့်မကြောက်ဖို့ လိုအပ်ပါတယ်။ ဟိုတယ်ပေါ် တက်ဖို့အတွက် ကြိုးဆိုင်းနဲ့ အတက်အဆင်းလုပ်လို့ရပါတယ်။ ဝန်ထမ်းတွေကလည်း ဝန်ဆောင်မှူ ကောင်းကောင်းပေးနိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားကြရပါတယ်။

ဒီဟိုတယ်ခန်းကနေ အပြင်ကို ကြည့်ရှုနိုင်ပြီး နံရံတွေ၊ ကြမ်းပင်တွေနဲ့ မျက်နှာကျက်တွေကလည်း ထုတ်ချင်းပေါက် မြင်နေရပြီး မယုံနိုင်စရာကောင်းလောက်တဲ့ မြင်ကွင်းတွေကို ပေးစွမ်းပါတယ်။ စိတ်လှုပ်ရှားစရာတွေကို ကြိုက်နှစ်သက်တဲ့ ခရီးသွားတွေအတွက် ဒီဟိုတယ်က ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေပါတယ်။

The Muraka (မော်ဒိုက် ရေအောက်ဟိုတယ်)

Source: Business Insider

The Muraka (မော်ဒိုက် ရေအောက်ဟိုတယ်) ဟာ ကမ္ဘာ့ပထမဆုံး ဖွင့်လှစ်နိုင်ခဲ့တဲ့ ရေအောက်ဟိုတယ်ဖြစ်ပါတယ်။ အင်ဒီးယမ်း ပင်လယ်မျက်နာပြင်အောက်မှာ (၁၆) ပေအနက်မှာ ဆောက်လုပ်ထားခြင်းဖြစ်ပြီး (၂၄) ဝန်ဆောင်မှုလည်း ပေးထားပါတယ်။ ဒီဟိုတယ်အခန်းတွေမှာ တည်းခိုမယ်ဆိုရင် ဘေးပတ်ပတ်လည်မှာ ကူးခက်သွားလာနေတဲ့ ရေနေသတ္တဝါတွေကို အထင်သားမြင်နိုင်ပါတယ်။ ဒီဟိုတယ်မှာတည်းခိုရင် တညကို ဒေါ်လာ (၅) သောင်းခန့် ပေးချေရမှာပါ။

Sun Cruise Hotel (တောက်ကိုရီးယား)

Source: Cruisemapper

Sun Cruise Hotel ဟိုတယ်ကို တောင်ကိုးရီးယားနိုင်ငံ၊ ဂျန်ဒုံဂျင် က ကမ်းရိုးတန်းချောက်ကမ်းပါးတစ်ခုမှာ တည်ဆောက်ထားပါတယ်။ ဒီဟိုတယ်ရဲ့ထူးခြားချက်ကတော့ ချောက်ကမ်းပါးမှာ တင်နေတဲ့ ဇိမ်ခံသင်္ဘောပုံစံတည်ဆောင်ထားခြင်းဖြစ်ပါတယ်။ ဒီဟိုတယ်ရဲ့ အခန်းတွေကနေပြီးတော့ နေထွက်လာတာကိုကြည့်ရှူခံစားနိုင်ပါတယ်။ အခန်းပေါင်း ၂၁၁ ခန်းရှိပြီး စားသောက်ဆိုင်တွေ၊ ကာလာအိုကေတွေ၊ ရေကူးကန်တွေနဲ့ နိုက်ကလပ်တွေလည်း အကုန်ရှိပါတယ်။

Snow Hotel (Finland)

Source: TripAdvisor

ဖင်လန်နိုင်ငံမှာရှိတဲ့ ဒီဟိုတယ်ကြီးကို  တကယ့်ရေခဲတွေ၊ ဆီးနှင်းတွေနဲ့ ဆောင်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒီဟိုတယ်ကို Game of Throne ပုံစံအတိုင်း ဆောက်ထားပြီး သံပလ္လင်ပုံစံတူရေခဲပန်းပုလက်ရာတွေ၊ နဂါးတွေနဲ့ စီးရီးထဲက နာမည်ကြီးဇာတ်ကောင်တွေကိုလည်း ဆောက်လုပ်ပေးထားပါတယ်။ တကယ်လို့လာရောက်တည်းခိုသူတွေအနေနဲ့ ဒီစီးရီးကို မကြည့်ရသေးဘူးဆိုရင်လည်း ဒီစီးရီး အပိုင်းတွေကိုလည်း ရုံနဲ့ ပြသပေးပါတယ်။

ဘားကိုလည်း ရေခဲနဲ့ပဲ ဆောက်လုပ်ထားပြီးတော့ အရက်ခွက်ကိုလည်း လှလှပပ ရေခဲတွေနဲ့ ထုဆစ်ထားပါတယ်။ ဒီဟိုတယ်ထဲမှာတော့ လုံးဝကို ထူးခြားလှတဲ့ အခန်းကြီး ၃၀ လောက်ရှိပြီး တစ်ခန်းချင်းစီမှာလည်း ကမ္ဘာ့အကောင်းဆုံး ရေခဲပန်းပုဆရာတွေရဲ့လက်ရာတွေနဲ့ ဖန်တီးထားပါတယ်။ ဒီဟိုတယ်မှာတည်းခိုမယ်ဆိုရင်တော့ အအေးဒဏ်ခံနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။