Transfermarkt ဘောလုံးသမားများ၏ ပြောင်းရွှေ့ကြေးများကို တွက်ချက်ဖော်ပြပေးနေတဲ့ ဝက်ဆိုဒ်တခုဖြစ်ပါတယ်။ သူ့ရဲ့ တွက်ချက်မူအရ PSG တိုက်စစ်မှူး ဘာပေးဟာ လက်ရှိကမ္ဘာ့ဘောလုံးဈေးကွက်တွင် တန်ဖိုးအမြင့်ဆုံးကစားသမားဖြစ်နေပြီး နာမည်ကြီးကစားသမားတစ်ဦးဖြစ်သူ စီရော်နယ်ဒိုမှာမူ အဆင့် (၄၀) အတွင်းပင် မဝင်ခဲ့ကြောင်း သိရှိရသည်။ ဒုတိယနေရာမှာတော့ လက်ရှိ မန်စီးတီးတိုက်စစ်မူး စတာလင်က ရပ်တည်နိူင်ခဲ့ပါတယ်။

Source: Get French Football News

လက်ရှိမှာ ကိုရိုနာကပ်ရောဂါဆိုးကြောင့် ကစားသမားအားလုံး၏ ဈေးကွက်တန်ဖိုးများဟာ လျော့ကျနေပြီး သက်ကြီးပိုင်းကစားသမားများ၏ တန်ဖိုးများမှာ ပိုမိုလျော့ ကျလာကြောင့် သိရပါတယ်။

၂၀၁၉ ဒီဇင်ဘာလတုန်းက စီရော်နယ်လ်ဒိုရဲ့ ဈေးကွက်တန်ဖိုးဟာ ယူရို (၇၆.၀၆) သန်းရှိခဲ့ရာမှ ယခု ယူရို (၆၀.၈၅) သန်းသာ တန်ကြေးရှိတော့သဖြင့် ဈေးကွက်တန်ဖိုး (၂၀) ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့တာကြောင်း သိရပါတယ်။

GiveMeSport

မက်စီမှာမူ ထိပ်ဆုံး (၁၀) ဦးစာရင်းတွင် ပါဝင်နေဆဲဖြစ်ပြီး လက်ရှိဈေးကွက်တန်ဖိုး ယူရို (၁၁၂) သန်းဖြင့် အဆင့် (၉) တွင် ရပ်တည်နေပါတယ်။

Source: Metro

ထိပ်ဆုံး(၂၀) ဦးစာရင်းထဲတွင် ပရီးမီးယားလိဂ်မှ (၁၁) ဦးအထိ ပါဝင်နေကြောင်းလည်း သိရပါတယ်။

Transfermarkt ၏ တန်ဖိုးအမြင့်ဆုံးကစားသမား (၂၅) ဦးစာရင်း

  1. Kylian Mbappé – 180,00 mil. €
  2. Raheem Sterling – 128,00 mil. €
  3. Neymar – 128,00 mil. €
  4. Sadio Mané – 120,00 mil. €
  5. Mohamed Salah – 120,00 mil. €
  6. Harry Kane – 120,00 mil. €
  7. Kevin De Bruyne – 120,00 mil. €
  8. Jadon Sancho – 117,00 mil. €
  9. Lionel Messi – 112,00 mil. €
  10. Trent Alexander-Arnold – 99,00 mil. €
  11. Antoine Griezmann – 96,00 mil. €
  12. João Félix – 81,00 mil. €
  13. Kai Havertz – 81,00 mil. €
  14. Bernardo Silva – 80,00 mil. €
  15. N’Golo Kanté – 80,00 mil. €
  16. Leroy Sané – 80,00 mil. €
  17. Virgil van Dijk – 80,00 mil. €
  18. Paul Pogba – 80,00 mil. €
  19. Jan Oblak – 80,00 mil. €
  20. Eden Hazard – 80,00 mil. €
  21. Erling Haaland – 72,00 mil. €
  22. Frenkie de Jong – 72,00 mil. €
  23. Paulo Dybala – 72,00 mil. €
  24. Serge Gnabry – 72,00 mil. €
  25. Saúl Ñíguez – 72,00 mil. €