သင်ဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေ ဖြစ်မြောက်အောင်မြင်လာဖို့အတွက် စည်းစနစ် ၊ သတ္တိ ၊ မလျှော့တမ်း တင်းထားတဲ့ ဇွဲနဲ့ ပြင်းပြခိုင်မာတဲ့ အမြော်အမြင်တွေ လိုအပ်ပါတယ်။ အောင်မြင်ဖို့ ကြိုးစားနေချိန်မှာလည်း လူ့လောကမှာ အောင်မြင်မှုအလီလီ ရနေခဲ့သူတွေရဲ့ ခံယူချက်နဲ့ အတွေ့အကြုံတွေကို လေ့လာနေရမှာပါ။ အခုအချက်တွေက သင့်ရဲ့ အောင်မြင်မှုခရီးမှာ မှတ်သားလိုက်နာစရာထဲက အချက်တချို့ပဲ ဖြစ်ပါတယ်။

(၁) အိပ်မက်ကြီးကြီး မက်ပါ

Photo: Freepik

အရင်ဆုံး ပြောချင်တဲ့အချက်က မျှော်လင့်ချက် ကြီးကြီးမားမား ထားဖို့ပါပဲ။ မြင့်မြင့်တွေးမှ အမြင့်ရောက်မှာပါ။ နိမ့်နိမ့်တွေးရင် နည်းနည်းပဲ ခရီးရောက်ပြီး သူများတွေ နောက်မှာပဲ သာမန်လူတစ်ယောက်လို နေထိုင်သွားရနိုင်လို့ ဖြစ်ပါတယ်။

(၂) သိချင်စိတ်ထက်သန်နေပါ

Photo: Freepik

စူးစမ်းချင်စိတ်ရှိနေပါလို့ ကမ္ဘာကျော်ရူပဗေဒပညာရှင်ကြီး စတီဖင်ဟော့ပ်ကင်းစ်က ပြောဖူးပါတယ်။ စူးစမ်းချင်စိတ်ဟာ အတတ််ပညာကြီးပွားကြောင်းရဲ့ အခြေခံပါပဲ။ အောင်မြင်ချင်ရင် တခြားသူတွေ ဘယ်ကြောင့် ကျရှုံးသွားသလဲ။ ကိုယ်ဆို ဘယ်လိုအောင်မြင်အောင် လုပ်နိုင်မလဲ စူးစမ်းစိတ်ရှိဖို့ လိုပါတယ်။

(၃) တော်တဲ့ထက်တဲ့သူတွေနဲ့ ပေါင်းသင်းပါ

Photo: Freepik

ကိုယ့်အနားရှိတဲ့သူတွေရဲ့ စရိုက်ဟာ ကိုယ့်ရဲ့ သဘာဝဖြစ်လာတယ်ဆိုတဲ့ စကားရှိပါတယ်။ ကိုယ့်ပေါင်းသင်းတဲ့သူတွေက ကိုယ့်ဘဝနဲ့ Personal Development ပေါ် ကြီးမားတဲ့သက်ရောက်မှု ဖြစ်စေပါတယ်။ မကောင်းမြင်တတ်ပြီး တငြီးငြီးတငြူငြူ လူတွေနဲ့ ပေါင်းရင် ကိုယ်ပါ Negative Person ဖြစ်လာနိုင်ပါတယ်။

(၄) ရှုံးနိမ့်မှုကို အောင်မြင်ရေးအတွက် နှိုးဆော်ချက်အဖြစ် သုံးပါ

Photo: Freepik

“အရှုံးဆိုတာ ကြီးမြတ်ဖို့ တစ်ဆက်တက်ပေးမယ့် နောက်ထပ် ခြေနင်းခုံတစ်ခုပဲ”လို့ အိုဖရာဝင်းဖရေးက ပြောခဲ့ပါတယ်။ အရှုံးရဲ့ ကောင်းကွက်က အောင်မြင်မှုမရနိုင်တဲ့ အကြောင်းတွေကို သိစေတာပဲ ဖြစ်ပါတယ်။ ရှုံးနိမ့်မှုကနေ ကောင်းကောင်း သင်ခန်းစာယူထားရင် အောင်မြင်ဖို့အတွက် ပြင်ဆင်ပြီး ဖြစ်စေပါလိမ့်မယ်။

(၅) မတူကွဲပြားပါစေ

Photo: Freepik

လမ်းရိုးအတိုင်း စဉ်းစားမှုကနေ ခွဲထွက်ဖို့ ကြံဆပါ။ ၁၉၉၇ ကနေ ၂၀၀၂ အထိ Apple သုံးခဲ့တဲ့ Slogan ဟာ “Think Different” ဖြစ်ပါတယ််။ Apple ကို ပြိုင်ဘက်ကုမ္ပဏီတွေထက် အပြတ်သာစေခဲ့တဲ့ အကြောင်းရင်းတစ််ခုက ကွဲပြားစွာ တွေးထားတာကြောင့်ပါပဲ။ ပြိုင်ဘက်ကုမ္ပဏီတွေက ငွေပိုရဖို့ ၊ ကုန်ကျစရိတ််သက်သာဖို့နဲ့ သူတို့ပြိုင်ဘက်တွေရဲ့ ဒီဇိုင်းတွေကို ပုံတူကူးချဖို့ စဉ်းစားနေချိန်မှာ Apple က သူ့ပစ္စည်းတွေကို ဝယ်သူတွေ ရတနာလို တန်ဖိုးထားအောင် မတူတဲ့ဘက်နဲ့ ချဉ်းကပ်ခဲ့ပါတယ်။ အောင်မြင်ချင်ရင် ကိုယ့်အမြင်ကို ချွန်အောင်မွန်အောင် သူများနဲ့ မတူအောင် တင်ဆက်အသုံးချပါလို့ အကြံပေးချင်ပါတယ်။